ကာရာအိုကေခန်းမှာသူငယ်ချင်းများနဲ့ အကဲလွန်သွားသဖြင့် သေဆုံးသွားရတဲ့အမျိုးသမီးအဖြစ်

News

အာရှနိုင်ငံတော်တော်များများမှာတော့၊လူအများစိတ်အပန်းဖြေစေတဲ့၊ကာရာအိုကေခန်းလေးတွေဟာအလွန်ကိုပဲခေတ်စားနေပါတယ်။သူငယ်ချင်းအပေါင်းအသင်းတွေနဲ့၊လွတ်လွတ်လပ်လပ်အော်ဟစ်ပျော်ပါးတဲ့နေရာတခုဖြစ်တဲ့အတွက်ကြောင့်၊လူငယ်တွေကြားမှာပိုရေပန်းစားပါတယ်။ယခုတစ်ခေါက်မှာတော့၊ခရစ္စမတ်ပါတီကျင်းပဖို့ဆိုပီး၊လူငယ်သူငယ်ချင်းတစ်သိုက်ကကာရာအိုကေခန်းကိုငှားပီး၊သီချင်းဆိုပျော်ပါးခဲ့ကြပါတယ်။

ထိုလူငယ်တစ်သိုက်ထဲက၊အသက်(28)နှစ်အရွယ်ကားမော်ဒယ်တစ်ဦးဖြစ်တဲ့ကောင်မလေးဟာ၊ပါတီမှာသူငယ်ချင်းတွေနဲ့အတူပျော်ပါးရင်းသီချင်းဆိုခဲ့ကြရာ၊အသံအမြင့်ကြီးနဲ့အော်ဆိုခဲ့ပီးနောက်မှာတော့၊ကြမ်းပြင်ပေါ်ကိုဘုန်းကနဲလှဲကျသွားခဲ့ပါတယ်။ထို့နောက်သူမရဲ့သူငယ်ချင်းများကသူမကိုနီးစပ်ရာဆေးခန်းကိုခေါ်သွားခဲ့ပီး၊နောက်မှာတော့ကောင်မလေးခမျာကိုမာရောဂါဝင်ပီး၊သုံးရက်မြောက်နေ့မှာသေဆုံးသွားခဲ့ပါတယ်။

ဆရာဝန်ကတော့သူမရဲ့ဦးနှောက်ထဲကိုသွေးယိုစီးမှုဖြစ်ပွါးပီး၊သွေးကြောပေါက်သွားခဲ့တာလို့ဆိုပါတယ်။သူမရဲ့ရုတ်တရက်သေဆုံးမှုကြောင့်၊သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေကဘယ်လိုမှမယုံကြည်နိုင်ခဲ့ကြပါဘူး။သူမဟာကျန်းမာရေးကောင်းသူတစ်ယောက်ဖြစ်ပီး၊သာမာန်ဖျားဖူးတာတောင်မရှိလို့ပိုမယုံကြည်ခဲ့ဘူးလို့ဖခင်ဖြစ်သူကဆိုပါတယ်။သူမရဲ့မိခင်ကတော့၊သူမသာအဲ့ဒီနေ့မှာပါတီပွဲမသွားခဲ့ရင်သေမှာမဟုတ်ဘူးဆိုပီးယူကြုံးမရဖြစ်နေခဲ့ရှာပါတယ်။

Bam Bam (Gabar News)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

Leave a Reply