စစ်ရေးလှုပ်ရှားမှုများ ဇန်နဝါရီ ၃၁ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ

Local Militarily News

စစ်ရေးလှုပ်ရှားမှုများ ဇန်နဝါရီ ၃၁ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေကလွဲလို့ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၃၁ ရက် ဒီနေ့ည ထုတ်ပြန် ကြေညာပါတယ်။

ထာဝရငြိမ်းချမ်းရေးရရှိစေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနဲ့ ကမ္ဘာတဝန်းရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကိုလွယ်ကူစွာဆောင်ရွက်နိုင်ဖို့အတွက် အခု နောက်ထပ် တစ်လ ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ ရှိလာပါက ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

AA ၊ TNLA နဲ့ MNDAA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တဖက်သတ်အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေသလို ခုရက်ပိုင်း ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံ ရွာသားတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရပါတယ်။

DVB

Leave a Reply