၉/၁၁ ဖြစ်ရပ် နှစ် ၂၀ ပြည့်တဲ့နေ့မှာ အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ဖို့ စီစဉ်ထားတဲ့ တာလီဘန်

News

၉/၁၁ ဖြစ်ရပ် နှစ် ၂၀ ပြည့်တဲ့နေ့မှာ အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ဖို့ စီစဉ်ထားတဲ့ တာလီဘန်

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ World Trade Center တိုက်ခိုက်မှုဟာ သန်ဘက်ခါဆိုရင် နှစ်ပေါင်း ၂၀ ပြည့်တော့မှာဖြစ်ပါတယ်။အိုစမာဘင်လာဒင်ရဲ့ အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမား ၁၉ ဦးဟာ အဲဒီနေ့မနက်ပိုင်းမှာ အမေရိကန်အရှေ့မြောက်ပိုင်းကနေ ကယ်လီဖိုးနီးယားကို ပျံသန်းခဲ့တဲ့ လေယာဉ်လေးစီးကို ပြန်ပေးဆွဲခဲ့ပြီး ကုန်သွယ်ရေးစင်တာအဆောက် အဦကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ၆ ထောင်ခန့်အထိ ရှိခဲ့တယ်လို့ ခန့်မှန်းခဲ့ရပါတယ်။အခုအခါမှာတော့ နှစ်ပေါင်း ၂၀ ပြည့်မြောက်တော့မှာဖြစ်ပြီး အမေရိကန်သမိုင်းမှာ မေ့ပျောက်လို့မရတဲ့ အဆိုးရွားဆုံးတိုက်ခိုက်ခံရမှုလည်း ဖြစ်ပါတယ်။ ဒီအချိန်အခါနဲ့အတူပဲ အာဖဂန်ကိုထိန်းချုပ်လိုက်ပြီဖြစ်တဲ့ တာလီဘန်တို့ဟာ သူတို့ရဲ့အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ တာလီဘန်တွေဟာ ကက်ဘိနက်အဖွဲ့ကို ကြေညာခဲ့တာဖြစ်ပြီး ၁၁ ရက်နေ့ကို ကျမ်း သစ္စာကျိန်ဆိုမှုပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဆို ပါနေ့ရက်ကို ရွေးချယ်မှုဟာ ၉/၁၁ နေ့ရက်နဲ့ တိုက်ဆိုင်တာလား၊ ရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့တာလားဆိုတာကို ရှင်းရှင်းလင်းလင်းမသိရပေမယ့် အာဖဂန်မြေကနေ အမေရိကန်တပ်တွေထွက်ခွာခဲ့ရသလို နာကြည်းစရာတိုက်ခိုက်ခံရမှုနှစ်ပတ်လည်နေ့မှာ တာလီဘန်တွေက အခမ်းအနားပြုလုပ်မယ်ဆိုတာက အမေရိကန်အတွက်တော့ နာကျင်စရာပဲဖြစ်ပါတယ်။

ကဘူးလ်မှာပဲပြုလုပ်မယ့် အခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံပေါင်း ၆ နိုင်ငံကို ဖိတ်ကြားထားကြောင်း သိရပြီး တရုတ်နဲ့ ရုရှား၊ တူရကီ၊ အီရန်၊ ပါကစ္စတန်၊ ကာတာတို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ နိုင်ငံသစ်အတွက် နိုင်ငံခြားရေးမူဝါဒရေးဆွဲရေးအတွက် ပထမဆုံးခြေလှမ်းကို စတင်ခဲ့တာလည်းဖြစ်ပါတယ်။ တာလီဘန်အတွက် ပါကစ္စတန်နဲ့ တရုတ်တို့က မဟာမိတ်နိုင်ငံတွေအဖြစ်ရှိနေတယ်လို့လည်း သိရပါတယ်။

တဖက်မှာတော့ တာလီဘန်အစိုးရကို မြန်မြန်ဆန်ဆန်အသိအမှတ်ပြုဖို့ လုပ်ဆောင်ထားခြင်းမရှိဘူးလို့ အမေရိကန်က ပြောဆိုထားပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

၉/၁၁ ျဖစ္ရပ္ ႏွစ္ ၂၀ ျပည့္တဲ့ေန႔မွာ အစိုးရအဖြဲ႕က်မ္းသစၥာက်ိန္ဆိုပြဲျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ တာလီဘန္

၂၀၀၁ ခုႏွစ္၊ စက္တင္ဘာ ၁၁ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ World Trade Center တိုက္ခိုက္မႈဟာ သန္ဘက္ခါဆိုရင္ ႏွစ္ေပါင္း ၂၀ ျပည့္ေတာ့မွာျဖစ္ပါတယ္။အိုစမာဘင္လာဒင္ရဲ့ အယ္လ္ေကးဒါးအၾကမ္းဖက္အဖြဲ႕က တိုက္ခိုက္ခဲ့တာျဖစ္ၿပီး အၾကမ္းဖက္သမား ၁၉ ဦးဟာ အဲဒီေန႔မနက္ပိုင္းမွာ အေမရိကန္အေရွ႕ေျမာက္ပိုင္းကေန ကယ္လီဖိုးနီးယားကို ပ်ံသန္းခဲ့တဲ့ ေလယာဥ္ေလးစီးကို ျပန္ေပးဆြဲခဲ့ၿပီး ကုန္သြယ္ေရးစင္တာအေဆာက္ အဦကို ဝင္တိုက္ခဲ့တာျဖစ္ပါတယ္။

ဒီတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူဦးေရဟာ ၆ ေထာင္ခန႔္အထိ ရွိခဲ့တယ္လို႔ ခန႔္မွန္းခဲ့ရပါတယ္။အခုအခါမွာေတာ့ ႏွစ္ေပါင္း ၂၀ ျပည့္ေျမာက္ေတာ့မွာျဖစ္ၿပီး အေမရိကန္သမိုင္းမွာ ေမ့ေပ်ာက္လို႔မရတဲ့ အဆိုးရြားဆုံးတိုက္ခိုက္ခံရမႈလည္း ျဖစ္ပါတယ္။ ဒီအခ်ိန္အခါနဲ႔အတူပဲ အာဖဂန္ကိုထိန္းခ်ဳပ္လိုက္ၿပီျဖစ္တဲ့ တာလီဘန္တို႔ဟာ သူတို႔ရဲ့အစိုးရသစ္က်မ္းသစၥာက်ိန္ဆိုပြဲကို လာမယ့္ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ ျပဳလုပ္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကမွ တာလီဘန္ေတြဟာ ကက္ဘိနက္အဖြဲ႕ကို ေၾကညာခဲ့တာျဖစ္ၿပီး ၁၁ ရက္ေန႔ကို က်မ္း သစၥာက်ိန္ဆိုမႈျပဳလုပ္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။ အဆို ပါေန႔ရက္ကို ေရြးခ်ယ္မႈဟာ ၉/၁၁ ေန႔ရက္နဲ႔ တိုက္ဆိုင္တာလား၊ ရည္ရြယ္ခ်က္ရွိရွိေရြးခ်ယ္ခဲ့တာလားဆိုတာကို ရွင္းရွင္းလင္းလင္းမသိရေပမယ့္ အာဖဂန္ေျမကေန အေမရိကန္တပ္ေတြထြက္ခြာခဲ့ရသလို နာၾကည္းစရာတိုက္ခိုက္ခံရမႈႏွစ္ပတ္လည္ေန႔မွာ တာလီဘန္ေတြက အခမ္းအနားျပဳလုပ္မယ္ဆိုတာက အေမရိကန္အတြက္ေတာ့ နာက်င္စရာပဲျဖစ္ပါတယ္။

ကဘူးလ္မွာပဲျပဳလုပ္မယ့္ အခမ္းအနားကို တက္ေရာက္ဖို႔ နိုင္ငံေပါင္း ၆ နိုင္ငံကို ဖိတ္ၾကားထားေၾကာင္း သိရၿပီး တ႐ုတ္နဲ႔ ႐ုရွား၊ တူရကီ၊ အီရန္၊ ပါကစၥတန္၊ ကာတာတို႔ျဖစ္တယ္လို႔ သိရပါတယ္။ ဒါဟာ နိုင္ငံသစ္အတြက္ နိုင္ငံျခားေရးမူဝါဒေရးဆြဲေရးအတြက္ ပထမဆုံးေျခလွမ္းကို စတင္ခဲ့တာလည္းျဖစ္ပါတယ္။ တာလီဘန္အတြက္ ပါကစၥတန္နဲ႔ တ႐ုတ္တို႔က မဟာမိတ္နိုင္ငံေတြအျဖစ္ရွိေနတယ္လို႔လည္း သိရပါတယ္။

တဖက္မွာေတာ့ တာလီဘန္အစိုးရကို ျမန္ျမန္ဆန္ဆန္အသိအမွတ္ျပဳဖို႔ လုပ္ေဆာင္ထားျခင္းမရွိဘူးလို႔ အေမရိကန္က ေျပာဆိုထားပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။