U.Kကမျိုးဗီဇပြောင်းလဲလာသောCorona Virusအကြောင်း

News

အင်္ဂလန်နိုင်ငံမှာ မျိုးဗီဇပြောင်းလဲနေတဲ့ Corona virus တွေ့ရှိခဲ့ရပါတယ်။ ဒီပိုးအကြောင်းကို မြန်မာနိုင်ငံ ကျန်းမာရေး၀န်ကြီးဌာနကလဲ ညနေက ပြည်သူကို သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူတွေ သိသင့်တဲ့အချက်အလက်လေးတွေကို တင်ပြပေးပါမယ်။ဒီပိုးဟာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ မြို့တော်လန်ဒန်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ဒုတိယအပတ်မှာ တွေ့ရှိရတဲ့ ပိုးတွေ့လူနာတွေရဲ့ ၆၂ % ဟာ ဒီဗီဇပြောင်းပိုးကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြောဖို့စောသေးပေမယ့် ဒီပိုးဟာ အရင်ပိုးထက် အဆ ၇၀ ပိုမို ကူးစက်နိုင်တယ်လို့ ဗြိတိန်ကျန်းမာရေး၀န်ကြီးက ပြောပါတယ်။ ဒါပေမယ့် ရောဂါကို ပိုမိုဆိုးရွားစွာ ခံစားရတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့် အင်္ဂလန်မှာ ၀န်ကြီးချုပ်က အရေးပေါ်အစည်းအဝေးခေါ်ဆိုပီး လန်ဒန်မြို့ကို Tier 4 အဆင့် အမြင့်ဆုံးသတ်မှတ်လိုက်ပီး တင်းကြပ်စွာ ပိတ်ဆို့လိုက်ပါတယ်။

ခရစ်စမတ်ပွဲတော်လဲ ဒီနှစ်မှာ လုပ်ဖို့ မသေချာမရေရာတဲ့အနေအထားပါပဲ။ ဒီလိုမျိုးကွဲပိုးကို တောင်အာဖရိကမှာလဲ တွေ့ရှိရပါသေးတယ်။ဒီလို မျိုးကွဲပိုးတခုကို အင်္ဂလန်အရှေ့တောင်ပိုင်းမှာ စက်တင်ဘာလထဲက စတင်တွေ့ရှိခဲ့ရပါတယ်။ အဲဒီပိုးကို ဒိန်းမတ်၊ နယ်သာလန်နဲ့ ဘယ်ဂျီယံတို့မှာလဲ တွေ့ရပါတယ်။ အခုနောက်ဆုံး Strain ဟာ ဒုတိယလှိုင်းကို ဖြစ်ပွားစေခဲ့တဲ့ D614G ကနေ ဆင့်ပွားပြောင်းလဲလာတဲ့ မျိုးဗီဇပြောင်းလဲတဲ့ပိုးဖြစ်ပါတယ်။

အခု အသစ်တွေ့ရှိရတဲ့ ပိုးမှာ မျိုးဗီဇပြောင်းလဲမှု ၃၂ ခုကို တွေ့ရှိရပါတယ်။ ဒီပိုးကိုတော့ ဒိန်းမတ်နဲ့ သြစတေးလျမှာလဲ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးတွေဟာ ဒီမျိုးဗီဇပြောင်းလဲနေတဲ့ပိုးကိုကော ကာကွယ်နိုင်ပါ့မလားဆိုတာ စမ်းသပ်နေဆဲပါပဲ။ ဖြစ်နိုင်ချေက ပြောဖို့စောနေပါသေးတယ်။ ထပ်ဆင့်ထပ်ဆင့် ပြောင်းလဲသွားရင်တော့ ကာကွယ်ဆေးတွေလက်က လွတ်သွားနိုင်ချေလဲ ရှိနေပါသေးတယ်။လက်ရှိမှာတော့ အင်္ဂလန်က ခရီးသွားတွေကို နိုင်ငံအချို့က စတင်ပီး ပြည်၀င်ခွင့်ပိတ်နေပီဖြစ်ပါတယ်။

အိုင်ယာလန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊ ဘယ်ဂျီယံ၊ တူရကီနဲ့ ဆွစ်ဇာလန်တို့ကတော့ အင်္ဂလန်က လာတဲ့ခရီးသည်တွေကို ယာယီပြည်၀င်ခွင့် ပိတ်ထားလိုက်ပီဖြစ်ပါတယ်။ WHO က အင်္ဂလန်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေသလို မြန်မာနိုင်ငံကလဲ အခြေအနေကို စောင့်ကြည့်ပီး လိုအပ်တာတွေကို လုပ်ဆောင်မှာဖြစ်လို့ ပြည်သူတရပ်လုံး အထူးသတိရှိရှိ နေထိုင်ကြပါလို့ အသိပေးချင်ပါတယ်။

Credit- Dr. Nay Thway

Leave a Reply