Pantsir-S1လေကြောင်းရန်ကာကွယ်ရေးစနစ်

Militarily

Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်သည်ရုရှားမှထုတ်လုပ်ကာ ကမ္ဘာ့အကျော်ကြားဆုံး၊ လူသိများသော တာတိုလေကြောင်းရန်ကာကွယ်ရေးစနစ်(short-range air defense system)ဖြစ်သည်။ ဒုံးနှင့်စက်အမြောက် ဒွန်တွဲယာဥ်တင်စနစ်(self-propelled cannon/missile system)လည်းဖြစ်သည်။ Pantsir-S1 မှာ ၈ ဘီးယက်စစ် သုံးယာဥ်ကြီး(8×8 Ural military truck)၏ chassis လည်း ဖြစ်သည်။

Pantsir-S1 တွင် 57E6 မြေပြင်မှ ဝေဟင်ပစ်ဒုံးများကို တစ်ဖက်တွင် ၆ လုံးစီဖြင့် ဒုံး ၁၂ လုံးအား တပိဆင်ထားရှိ သည်။ အဆိုပါ ဒုံးများမှာ အဆင့် ၂ ဆင့်(two-stage)နှင့် အခဲလောင်စာသုံး(solid-fuel)ဖြစ်သည်။ အကွာအဝေး၁. ၂ ကီလိုမိတာ မှ ၂၀ ကီလိုမီတာ၊ အမြင့် ၅ မီတာ မှ ၁၀၀၀၀ မီတာ အတွင်းရှိ ဝေဟင်ပစ်မှတ်များကို ချေမှုန်းနိုင် စွမ်းရှိသည်။ဒုံးများအပြင် အလိုအလျောက်ပစ် ၃၀ မမ လေယာဥ်ပစ် စက်အမြောက်ကြီး(2A38M 30 mm automatic cannon) ၂ လက် အထိတပ်ဆင်ထားရှိသည်။ အဆိုပါ စက် အမြောက်ကြီးများတွင် ၃၀ မမ ကျည် ၇၀၀ တောင့်အား ပစ် ခတ်ရန်အနေထားအသင့်(ready to fires)ဖြစ်သည်။

၃၀ မမ ကျည်များအနေဖြင့် ပေါက်ကွဲအားပြင်းကျည်များဖြစ် သော HE(High Explosive, fragmentation)ဖြစ်သော ကြောင့် ပစ်မှတ်ကိုတိုက်ရိုက်ထိမှန်စရာမလိုဘဲ အနီးတွင် ပေါက်ကွဲခြင်းဖြင့် ပစ်မှတ်အား ဖျက်ဆီးနိုင်သည်။ စက် အမြောက်ကြီး ၁ လက်၏ ပစ်ခတ်မှုနှုန်းထားမှာ တစ်မိနစ် လျှင် ကျည် ၂၅၀၀ တောင့်နှုန်းဖြစ်ကာ အကွာအဝေး ၄ ကီလိုမီတာ ရှိဝေဟင်ပစ်မှတ်များ(aerial targets)ကို ချေ မှုန်းနိုင်စွမ်းရှိသည့်အပြင် ဝေဟင်ပစ်မှတ်များသာမက မြေပြင်ပစ်မှတ်များကိုလည်း ပစ်ခတ်နိုင်သည်။ အဆိုပါ ကျည်များမှာ သံချပ်ကာဖောက်ကျည်များလည်း ဖြစ်သည်။

Pantsir-S1 တွင် ရေဒါ ၂ ခု တပ်ဆင်ထားကာ target acquisition radar နှင့် tracking radar တို့ဖြစ်သည်။ အဆိုပါရေဒါများမှ UHF and EHF waveband ကိုအသုံး ပြုထားသည်။ target acquisition radar မှ ၃၂ ကီလို မီတာ မှ ၃၆ ကီလိုမီတာ အထိ ဝေဟင်ပစ်မှတ်များကို detect လုပ်၍ tracking radar မှ ၂၄ ကီလိုမီတာ မှ ၂၈ ကီလိုမီတာ ရှိ ဝေဟင်ပစ်မှတ်များကို track လုပ်နိုင်စွမ်းရှိ သည်။Pantsir-S1 တွင်အသုံးပြုသော 57E6 57E6-E ဒုံးများကို ချည်သားဖြင့်ပြုလုပ်ထားသောကြောင့် တန်ဖိုးနည်းသဖြင့် မောင်းသူမဲ့ကဲ့သို့ တန်ဖိုးနည်းပစ်မှတ်များကို တိုက်ခိုက်ရာ တွင် အလွန်အသုံးဝင်သည်ဟုဆိုသည်။

credit – KokolinOo

Leave a Reply