တောင်ကိုရီးယားLG Electronicကုမ္ပဏီကစမတ်ဖုန်းလုပ်ငန်းကိုပိတ်ပင်မည်ဟုကြေညာ

News

တောင်ကိုရီးယားနိုင်ငံတွင် Samsung ကုမ္ပဏီပြီးလျှင် ဒုတိယအကြီးမားဆုံး အသုံးအဆောင်ကုမ္ပဏီ ဖြစ်သည့် LG Electronic ကုမ္ပဏီက ၎င်း၏ မိုဘိုင်းဖုန်းလုပ်ငန်းသည် မကြာသေးမီ နှစ်များအတွင်း ဒေါ်လာ ဘီလျံနှင့်ချီ ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ပြီးနောက် ယင်းလုပ်ငန်းကို ပိတ်ပင်သွားမည်ဟု ဧပြီ ၅ ရက်က ကြေညာခဲ့သည်။LG သည် ၂၀၁၀ ပြည့်နှစ် အစောပိုင်းကာလများအတွင်း Google နှင့်ပူးပေါင်းကာ Nexus စီးရီးများ ထုတ်လုပ်ခဲ့ပြီး တစ်ချိန်က Android လောကတွင် ရှေ့ဆောင်နိုင်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း အရောင်းမြှင့်တင်ရန် ကာလကြာရှည် ရုန်းကန်ခဲ့ရပြီး စျေးကွက်အတွင်း ဝင်ရောက်မှုမှာလည်း နောက်ကျခဲ့မှုနှင့်အတူ Huawei ကဲ့သို့ တန်ဖိုးနည်း တရုတ်ဖုန်းများ၏ စျေးကွက်ယှဉ်ပြိုင်မှုကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရသည်။LG သည် စမတ်ဖုန်း ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်သီးကုမ္ပဏီ ၁၀ ခု စာရင်းတွင် ပုံမှန်ပါဝင်ခဲ့သော်လည်း စမတ်ဖုန်းစျေးကွက်ကို လေ့လာသည့် Counterpoint ၏ နောက်ဆုံး ကောက်ယူသည့် စစ်တမ်းတွင် LG သည် ၂၀၁၈ ခုနှစ် ဒုတိယ သုံးလပတ်ကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းစျေးကွက်တွင် သုံးရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

LG ၏ စမတ်ဖုန်းလုပ်ငန်းသည် ၂၀၁၅ ခုနှစ်ကတည်းက နှစ်တစ်နှစ်၏ သုံးလပတ် ကာလများနှင့် တွက်ကြည့်လျှင် ၂၃ ပတ်ဆက်တိုက် အရှုံးပေါ်ခဲ့ပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် လိုငွေပြမှုသည် ဒေါ်လာ ၄.၄ ဘီလျံအထိ မြင့်တက်ခဲ့သည်။

Ref: AFP

news-eleven

Leave a Reply