Momoland အဖွဲ့ဝင်ဟောင်းဖြစ်သူ မင်းသမီး Yeonwoo ဘက်ကလဲ လီမင်ဟိုနဲ့ dating သတင်းကိုပြန်ငြင်း

Celebrity Kpop News

Momoland အဖွဲ့ဝင်ဟောင်းဖြစ်သူ မင်းသမီး Yeonwoo ဘက်ကလဲ လီမင်ဟိုနဲ့ dating သတင်းကိုပြန်ငြင်း

Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

Momoland အဖွဲ့ဝင်ဟောင်းဖြစ်သူ မင်းသမီး Yeonwoo ရဲ့ MLD Entertainment သည် မင်းသမီးဟာ Lee Min Ho နှင့်လတ်တလော ချိန်းတွေ့နေတယ် လို့ အခိုင်အမာ‌ ပြောဆိုသောအစောပိုင်းကောလာဟလများကိုတုံ့ပြန်သည့်အနေနှင့်တရားဝင်ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်၊

သြဂုတ်လ ၃၁ ရက်နေ့တွင် MLD Entertainment ရဲ့ အဆိုအရ “Yeonwoo သည်သူမရဲ့ ရိုက်ကွင်းအချိန်ဇယားများကိုတက်ရောက်ရန် အလုပ်များနေသောကြောင့်ကြေငြာချက်ထုတ်ပြန်ရန်နှောင့်နှေးခဲ့ရပါတယ်၊Yeonwoo နှင့်အတည်ပြုပြီးနောက်ချိန်းတွေ့မှုကောလာဟလသည်မမှန်မဟုတ်ပါ၊ သူတို့သည် စီနီယာ ဂျူနီယာ ဆက်ဆံရေးအနေနဲ့သာ ရင်းနှီးကြပါတယ်” လို့ သိရပါတယ်၊

Lee Min Ho ရဲ့အေဂျင်စီ MYM Entertainment ကလည်း သူနဲ့ Yeonwoo တို့ကြားချိန်းတွေ့တဲ့ကောလာဟလတွေကိုအခိုင်အမာငြင်းဆိုခဲ့ပြီး မကြာခင်မှာပဲ Dispatch ထုတ်ဖော်ခဲ့တဲ့ “ရုပ်ရှင်ရုံမှာချိန်းတွေ့ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ကြယ်ပွင့်နှစ် ဦး ရဲ့ ဓာတ်ပုံတွေကို ပြန်လည်ရှင်းပြခဲ့ပါတယ်။ MYM Entertainment ရဲ့ အဆိုအရ Dispatch မှ ဖော်ထုတ်ခဲ့သောဓာတ်ပုံများထဲတွင် Lee Min Ho နှင့် Yeonwoo တို့သည် အခြားသူငယ်ချင်းများနဲ့ အတူ ဆုံရန် အပြင်ထွက်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်၊

တစ်ချိန်တည်းမှာပင် Yeonwoo ရဲ့ KBS2 ဒရမ်မာဇာတ်လမ်းတွဲ ‘ Dali and Cocky Prince ‘ ဟာ ကြည့်ရှုသူဦးရေနှုန်း မြင့်တတ်ခဲ့ပါတယ်၊

Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။

zawgyi





