တရုတ်က ပေးပို့မယ့် ကာကွယ်ဆေး ၃ သန်းကို မြောက်ကိုရီးယားငြင်းဆန်

News

တရုတ်က ပေးပို့မယ့် ကာကွယ်ဆေး ၃ သန်းကို မြောက်ကိုရီးယားငြင်းဆန်

တရုတ်နိုင်ငံက ပေးပို့မယ့် Sinovac ကာကွယ်ဆေး ၃သန်းနီးပါးကို မြောက်ကိုရီးယားဘက်က ငြင်းဆန်လိုက်ပါတယ်။ တရုတ်ဘက်က ပေးမယ့် ကာကွယ်ဆေးတွေကို ကာကွယ်ဆေးမရနိုင်တဲ့ အခြားသောတိုင်းပြည်တွေကိုသာ လှူဒါန်းဖို့အတွက်လည်း ပြောဆိုခဲ့တယ်လို့ Unicef ပြောဆိုခွင့်ရသူတစ်ဦးက ပြောကြားခဲ့ကြောင်း Asian News က ဆိုပါတယ်။

Covax အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဆင်းရဲ နွမ်းပါးတဲ့တိုင်းပြည်တွေကို ကာကွယ်ဆေးမျှဝေပေးဖို့အတွက် ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ပြုံယမ်းအနေနဲ့ ဇူလိုင်လအတွင်းကလည်း AstraZenca ကာကွယ်ဆေးပေါင်း ၂ သန်းနီးပါးကိုလည်း ငြင်းဆန်ခဲ့ဖူးပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ Sputnik ကာကွ ယ်ဆေးကူညီဖို့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါသေးတယ်။

WHO ရဲ့ အစီရင်ခံစာအရ သြဂုတ်လ ၁၉ ရက်နေ့အထိ မြောက်ကိုရီးယားဟာ ကိုဗစ်ကူးစက်သူရှိကြောင်း ကြေ ညာမှုလုံးမရှိသေးတာဖြစ်ပါတယ်။ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး မြောက်ကိုရီးယားဟာ နယ် စပ်တွေကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ခဲ့ပြီး သွား လာမှုတွေကိုလည်း ကန့်သတ်ပြီး ထိန်းချုပ်ခဲ့ပါတယ်။

လေ့လာသူတွေကတော့ ပြုံယမ်းဟာ ကြိုတင်ပြင်ဆင်မှုတွေမရှိတာကြောင့် ကာကွယ်ဆေးတွေကို လက်ခံခြင်းမပြုတာလို့ သုံးသပ်ခဲ့ပါတယ်။ ကပ်ရောဂါကို ပူးပေါင်းတုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားဘက်က အဆိုပြုချက်တွေကိုလည်း ပြုံယမ်းက ပယ်ချခဲ့ကာ နိုင်ငံတွင်းမှာ ကိုဗစ်ကပ်ရောဂါလုံးမဖြစ်ပွားမရှိဘူးလို့ တွင်တွင်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကတော့ မြောက်ကိုရီးယားဟာ ကိုဗစ်စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ကိုယ်ပိုင်တီထွင်မှုတွေကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လူအစုလိုက်အပြုံလိုက်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လို့ ယုံကြည်ရပြီး ကိုယ်ပိုင်နည်းပညာကို အသုံးပြုကာ ထုတ်လုပ်နိုင်ဖို့အထိ အားထုတ်နေတာလည်းဖြစ်ပါတယ်။
TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
တ႐ုတ္က ေပးပို႔မယ့္ ကာကြယ္ေဆး ၃ သန္းကို ေျမာက္ကိုရီးယားျငင္းဆန္

တ႐ုတ္နိုင္ငံက ေပးပို႔မယ့္ Sinovac ကာကြယ္ေဆး ၃သန္းနီးပါးကို ေျမာက္ကိုရီးယားဘက္က ျငင္းဆန္လိုက္ပါတယ္။ တ႐ုတ္ဘက္က ေပးမယ့္ ကာကြယ္ေဆးေတြကို ကာကြယ္ေဆးမရနိုင္တဲ့ အျခားေသာတိုင္းျပည္ေတြကိုသာ လႉဒါန္းဖို႔အတြက္လည္း ေျပာဆိုခဲ့တယ္လို႔ Unicef ေျပာဆိုခြင့္ရသူတစ္ဦးက ေျပာၾကားခဲ့ေၾကာင္း Asian News က ဆိုပါတယ္။

Covax အစီအစဥ္ရဲ့ တစိတ္တပိုင္းအေနနဲ႔ ဆင္းရဲ ႏြမ္းပါးတဲ့တိုင္းျပည္ေတြကို ကာကြယ္ေဆးမၽွေဝေပးဖို႔အတြက္ ကူညီေပးခဲ့တာလည္းျဖစ္ပါတယ္။ ျပဳံယမ္းအေနနဲ႔ ဇူလိုင္လအတြင္းကလည္း AstraZenca ကာကြယ္ေဆးေပါင္း ၂ သန္းနီးပါးကိုလည္း ျငင္းဆန္ခဲ့ဖူးၿပီး ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးရဲ့ Sputnik ကာကြ ယ္ေဆးကူညီဖို႔ ကမ္းလွမ္းမႈကိုလည္း ပယ္ခ်ခဲ့ပါေသးတယ္။

WHO ရဲ့ အစီရင္ခံစာအရ ၾသဂုတ္လ ၁၉ ရက္ေန႔အထိ ေျမာက္ကိုရီးယားဟာ ကိုဗစ္ကူးစက္သူရွိေၾကာင္း ေၾက ညာမႈလုံးမရွိေသးတာျဖစ္ပါတယ္။ကိုဗစ္ကပ္ေရာဂါစတင္ျဖစ္ပြားခ်ိန္ကစၿပီး ေျမာက္ကိုရီးယားဟာ နယ္ စပ္ေတြကို တင္းတင္းက်ပ္က်ပ္ပိတ္ဆို႔ခဲ့ၿပီး သြား လာမႈေတြကိုလည္း ကန႔္သတ္ၿပီး ထိန္းခ်ဳပ္ခဲ့ပါတယ္။

ေလ့လာသူေတြကေတာ့ ျပဳံယမ္းဟာ ႀကိဳတင္ျပင္ဆင္မႈေတြမရွိတာေၾကာင့္ ကာကြယ္ေဆးေတြကို လက္ခံျခင္းမျပဳတာလို႔ သုံးသပ္ခဲ့ပါတယ္။ ကပ္ေရာဂါကို ပူးေပါင္းတုံ႔ျပန္ဖို႔အတြက္ ေတာင္ကိုရီးယားဘက္က အဆိုျပဳခ်က္ေတြကိုလည္း ျပဳံယမ္းက ပယ္ခ်ခဲ့ကာ နိုင္ငံတြင္းမွာ ကိုဗစ္ကပ္ေရာဂါလုံးမျဖစ္ပြားမရွိဘူးလို႔ တြင္တြင္ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့လအတြင္းကေတာ့ ေျမာက္ကိုရီးယားဟာ ကိုဗစ္စစ္ေဆးမႈေတြျပဳလုပ္ဖို႔အတြက္ ကိုယ္ပိုင္တီထြင္မႈေတြကို ဖန္တီးေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ လူအစုလိုက္အျပဳံလိုက္စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔အတြက္လို႔ ယုံၾကည္ရၿပီး ကိုယ္ပိုင္နည္းပညာကို အသုံးျပဳကာ ထုတ္လုပ္နိုင္ဖို႔အထိ အားထုတ္ေနတာလည္းျဖစ္ပါတယ္။
TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။