John Mayer ဆီကနေ အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ ဂစ်တာလေးလက်ဆောင်ရရှိခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Rosé

News

John Mayer ဆီကနေ အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ ဂစ်တာလေးလက်ဆောင်ရရှိခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Rosé

BLACKPINK ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Rosé ဟာဆိုရင် သူမအတွက် အမေရိကန်လူမျိုးအဆိုတော် John Mayer ပေးပို့လိုက်တဲ့ အထူးလက်ဆောင်လေးတစ်ခုကို ဇူလိုင်လ ၁၆ ရက်နေ့ ဒီနေ့မနက်မှာ သူမရဲ့အင်စတာဂရမ်စတိုရီကနေဆင့် အသိပေးဖော်ပြခဲ့ပါတယ်။ အဲဒီလက်ဆောင်ကတော့ တခြားမဟုတ်ပဲ John Mayer ကိုယ်တိုင် အမှတ်တရလက်မှတ်ရေးထိုးပေးထားတဲ့ ဂစ်တာပန်းရောင်လေးပဲဖြစ်ပါတယ်။

ဒီလိုမျိုးလက်ဆောင်ကို လက်ခံရရှိတဲ့အတွက် သူမဘ၀ဟာ ပြီးပြည့်စုံသွားပြီဖြစ်ကြောင်းကိုလည်း Rosé ကို‌ John Mayer ရဲ့အကောင့်ကို Tag တွဲပြီးဖော်ပြခဲ့တာကို တွေ့ရပါတယ်။ Rosé လက်ဆောင်ရရှိခဲ့တဲ့ အဆိုပါဂစ်တာလေးဟာဆိုရင် John Mayer နဲ့ Silver Sky ဆိုတဲ့ PRS Guitars တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ မော်ဒယ်လ်အမျိုးအစားဖြစ်ပြီး တန်ဖိုးအားဖြင့်ကတော့ $2,500 USD ရှိကာ မြန်မာငွေတန်ဖိုးနဲ့ဆိုရင်‌တော့ သိန်း ၄၀ ပတ်ဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။

Sea of Hope အစီအစဉ်မှာ Rosé တစ်ယောက်ပါဝင်တင်ဆက်စဉ်အချိန်တုန်းက John Mayer ရဲ့ ‘Slow Dancing in a Burning Room’ ကို Cover အဖြစ်သီဆိုပြီးနောက်မှာတော့ John Mayer ဟာ Rosé ရဲ့ သီဆိုမှုစွမ်းရည်ကိုသဘောကျနှစ်ခြိုက်ခဲ့ရာကနေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။

credit

Leave a Reply