
Militarily News World

စစ်ပွဲ စတင်ခြင်း မစတင်ခြင်းရဲ့အဖြေ သိပ်မကြာခင် သိရတော့မည်..

Nancy Pelosi ဟာ ထိုင်ဝမ်မြို့တော် တိုင်ပေသို့ မနက်ဖြန်ညတွင် ရောက်ရှိမည်ဖြစ်ကြောင်း ထိုင်ဝမ်ရုပ်သံ TVBS သတင်းရင်းမြစ်ကို ကိုးကားပြီး Nikkei Asia က ဖော်ပြထားပါတယ်။ အောက်လွှတ်တော် ဥက္ကဌ

Nancy Pelosi ရဲ့ မျှော်မှန်းထားတဲ့ ထိုင်ဝမ်ခရီးစဉ်ကို လာရောက်ခြင်းမပြုမီအတွင်း (US-INDOPACOM) အင်ဒို-ပစိဖိတ် ဗဟိုကွပ်မှုကဲအောက်က အမေရိကန်ရေတပ်ရဲ့ စစ်ဘက်ပိုင်ဆိုင်မှုတွေကို ထိုင်ဝမ်းနဲ့ ပိုမိုနီးကပ်အောင် ရွှေ့​ပြောင်းနေပါတယ်။

လက်တလော ဂျပန်-အိုကီနာဝါနဲ့ အနီးဆုံးမှာရှိနေတဲ့ ကုန်ရေနှစ်သွယ် ချေမှုန်းရေးစစ်သင်္ဘော USS Tripoli (LHA-7) နဲ့ USS America (LHA-6)တို့ဟာ လေယာဉ်တင်သင်္ဘောကြီး USS Ronald Reagan (CVN-76) အနီးကို ဖြန့်ကျက်လာပါတယ်။ – အဆိုပါ Aircraft Carrier ကြီး တစ်စင်းနှင့်အတူ

LHD နှစ်စင်းအပြင် အစောင့်လိုက် ဖျက်သင်္ဘောနဲ့ ခရူဇာတွေပါ၀င်တဲ့ US Carrier Battle Group ဟာ ယခု ထိုင်ဝမ် အရှေ့ဘက်ကို ဦးတည်နေပါတယ်။ America (LHA-6) နဲ့ Tripoli (LHA-7) နှစ်စင်းလုံးမှာ ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်တဲ့ F-35B တိုက်လေဟာဉ်တွေ တင်ဆောင်ထားပါတယ်။

Crd..AdmHWO
photoscredit ..MR

Unicode





Crd..AdmHWO

Crd