၂၀၁၈ေနာက္ပိုင္း အႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈေတြ စတင္ျပဳလုပ္ေနျပီျဖစ္တဲ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယား စစ္တပ္…

Militarily News World

န်ဴကလီးယား လက္နက္ေတြနဲ႔ တိုက္ခိုက္မယ္လို႔ ၿခိမ္းေျခာက္ေနတဲ့ ေျမာက္ကိုရီးယားကို ေဒါသထြက္ေစမယ့္ လုပ္ရပ္အျဖစ္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ၂၀၁၈ေနာက္ပိုင္း အႀကီးမားဆုံး ပူးတြဲ စစ္ေရးေလ့က်င့္မႈေတြ စတင္ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။

ဝါရွင္တန္ဟာ ဆိုးလ္ရဲ႕ အဓိက လုံၿခဳံေရး မဟာမိတ္ျဖစ္ၿပီး ေတာင္ကိုရီးယားမွာ တပ္ဖြဲ႕ဝင္ ၂၈၅၀၀ ေလာက္ခ်ထားပါတယ္။ အဲ့ဒီႏွစ္ႏိုင္ငံက ကာကြယ္ေရးအတြက္လို႔ ေျပာတဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္လာတာ ၾကာၿပီျဖစ္ၿပီး ေျမာက္ကိုရီးယားက ဒီလို စစ္ေရးေလ့က်င့္တာေတြဟာ မိမိတို႔ကို က်ဴးေက်ာ္တိုက္ခိုက္ေရး ဇာတ္တိုက္ေလ့က်င့္မႈျဖစ္တယ္လို႔ ရႈျမင္ေလ့ရွိပါတယ္။

ၿပဳံးယမ္းနဲ႔ သံတမန္ေရး ညႇိႏႈိင္းမႈ အဆင္မေျပတာ၊ ကိုဗစ္-၁၉ေရာဂါ ပ်ံ႕ႏွံ႔တာတို႔ေၾကာင့္ ေနာက္ဆုတ္ထားခဲ့တဲ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယားရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြနဲ႔ အတူ အႀကီးမားဆုံး ေလ့က်င့္မႈေတြ စတင္ေနၿပီျဖစ္ပါတယ္။

ေမလက စတင္တာဝန္ယူတဲ့ ေတာင္ကိုရီးယားသမၼတ ေယာင္ဆြတ္ယိုက စစ္ေရးေလ့က်င့္မႈေတြ ပုံမွန္ ျပန္လည္ျပဳလုပ္သြားမယ္လို႔ ေျပာၾကားခဲ့ၿပီးေနာက္ အခု စစ္ေရးေလ့က်င့္မႈေတြ ထြက္ေပၚလာတာျဖစ္ၿပီး စက္တင္ဘာလ ၁ ရက္အထိ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔က ေလ့က်င့္မႈေတြ အတြက္ ႀကိဳတင္ေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေနခ်ိန္မွာ ေျမာက္ကိုရီးယားက ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ဒုံးက်ည္ႏွစ္စင္း ပစ္လႊတ္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ အခုႏွစ္အတြင္း ဒုံးက်ည္ စမ္းသပ္မႈေတြကို မႀကဳံစဖူးႏႈန္းမ်ိဳးနဲ႔ ျပဳလုပ္ခဲ့ၿပီး သတၱမ အႀကိမ္ေျမာက္ န်ဴကလီးယား စမ္းသပ္မႈ ျပဳလုပ္ဖို႔ စီစဥ္ေနတယ္လို႔ ေတာင္ကိုရီးယား အရာရွိေတြက ေျပာၾကားပါတယ္။

ေျမာက္ကိုရီးယား အေနနဲ႔ န်ဴကလီးယားလက္နက္ ျဖဳတ္သိမ္းေရး စတင္ေဆာင္႐ြက္မယ္ဆိုရင္ စီးပြားေရး အကူအညီေပးမယ္လို႔ ေတာင္ကိုရီးယားသမၼတက ကမ္းလွမ္းခဲ့ေပမယ့္ သူ႔ကို ပါးစပ္ပိတ္ထားဖို႔ ေျမာက္ကိုရီးယားက ေျပာၾကားခဲ့ပါတယ္။
Crd..MyanmaPlatform

Unicode

၂၀၁၈နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်…

နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားကို ဒေါသထွက်စေမယ့် လုပ်ရပ်အဖြစ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၂၀၁၈နောက်ပိုင်း အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဝါရှင်တန်ဟာ ဆိုးလ်ရဲ့ အဓိက လုံခြုံရေး မဟာမိတ်ဖြစ်ပြီး တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈၅၀၀ လောက်ချထားပါတယ်။ အဲ့ဒီနှစ်နိုင်ငံက ကာကွယ်ရေးအတွက်လို့ ပြောတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာတာ ကြာပြီဖြစ်ပြီး မြောက်ကိုရီးယားက ဒီလို စစ်ရေးလေ့ကျင့်တာတွေဟာ မိမိတို့ကို ကျူးကျော်တိုက်ခိုက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဖြစ်တယ်လို့ ရှုမြင်လေ့ရှိပါတယ်။

ပြုံးယမ်းနဲ့ သံတမန်ရေး ညှိနှိုင်းမှု အဆင်မပြေတာ၊ ကိုဗစ်-၁၉ရောဂါ ပျံ့နှံ့တာတို့ကြောင့် နောက်ဆုတ်ထားခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ အတူ အကြီးမားဆုံး လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ပါတယ်။

မေလက စတင်တာဝန်ယူတဲ့ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုက စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန် ပြန်လည်ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပြီးနောက် အခု စစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က လေ့ကျင့်မှုတွေ အတွက် ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေချိန်မှာ မြောက်ကိုရီးယားက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း ဒုံးကျည် စမ်းသပ်မှုတွေကို မကြုံစဖူးနှုန်းမျိုးနဲ့ ပြုလုပ်ခဲ့ပြီး သတ္တမ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောကြားပါတယ်။

မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး စတင်ဆောင်ရွက်မယ်ဆိုရင် စီးပွားရေး အကူအညီပေးမယ်လို့ တောင်ကိုရီးယားသမ္မတက ကမ်းလှမ်းခဲ့ပေမယ့် သူ့ကို ပါးစပ်ပိတ်ထားဖို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။
Crd..MyanmaPlatform

Crd