AirbusဟာBoeingကိုကျော်ပြီးကမ္ဘာ့အကြီးဆုံးလေယာဉ်ထုတ်ကုမ္ပဏီအဖြစ်2နှစ်ဆက်တိုက်ရပ်တည်

News

Airbus ဟာ Boeing ကိုကျော်ပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ်ထုတ်ကုမ္ပဏီအဖြစ် 2နှစ်ဆက်တိုက် ရပ်တည်လိုက်ပါပြီ။ ကမ္ဘာ့ကပ်ရောဂါကြောင့် 2019 ခုနှစ်ကထက် လေယာဉ်ထုတ်လုပ်မှုနှုန်း 35% ကျဆင်းသွားသော်လည်းပဲ Airbus ဟာ Emirates မှမှာယူထားတဲ့ A380 Superjumbo ပို့ဆောင်ပေးပြီး 2020 ခုနှစ်မှာလည်း 2 နှစ်ဆက်တိုက် Boeing ကိုလေယာဉ်ထုတ်လုပ်မှုနှုန်းမှာ အနိုင်ယူခဲ့ပါတယ်။

Airbus ဟာ 2020 ခုနှစ်မှာ လေယာဉ်ပေါင်း 550-560 စီး ထုတ်လုပ်ပေးဖို့ရည်ရွယ်ထားပါတယ်။ 2020 ကုန်ရန် 9 ရက်အလိုမှာတော့ Airbus ဟာ လေယာဉ်ပေါင်း 520 ကို သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ ပို့ဆောင်ပြီးပါပြီ။ Airbus အခြေစိုက်ရာ ဗြိတိန်မှာတော့ ဗီဇပြောင်းကိုဗစ်ပိုးပျံ့နှံ့နေမှုကြောင့် ခရီးသွားပိတ်ပင်မှုတွေ၊ lovkdown measure တွေရှိနေပေမယ့်လည်း Airbus ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ နှစ်သစ်ပိတ်ရက်များမှာလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ Uganda Airlines အတွက် A330neo ပို့ဆောင်ပေးခဲ့ပါတယ်။ A380 ပို့ဆောင်ပေးမှု 1 နှစ်ရပ်နားပြီးတော့နောက် October လမှာ ANA အတွက် 1 စီး၊ December လထဲမှာ Emirates အတွက် 2 စီး ပို့ဆောင်ပေးခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာ A380 နောက် 3 စီး ပို့ဆောင်ပေးသွားဖို့ရှိပါသေးတယ်။

ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Boeing ကတော့ Boeing 737 Max ပိတ်ပင်ခံထားရကာ ပြန်လည်ပြုပြင်နေရမှုနဲ့အတူ November လကုန်အထိ 118 စီးသာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ Airbus ကတော့ January-November အတွင်း 477 jets ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ Airbus Hamburg Finkenwerder tracking website အရ Airbus ဟာ December လထဲမှာ 46 စီး ပို့ဆောင်ပေးသွားခဲ့ပြီး နှစ်ကုန်တွင် စုစုပေါင်း 520 စီး ပို့ဆောင်ပေးသွားမှာပါ။ ပညာရှင်များကတော့ 550 စီးအထိ ပို့ဆောင်ပေးသွားနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။

Credit – reuters. com

Credit – လေယာဉ်ပျံ

Leave a Reply