
News World

အမေရိကန်လေတပ်က နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ် ဒုံးကျည် စမ်းသပ်

23-August-2022
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားနေပြီး တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုများနှင့် အခြားကမ္ဘာ့ ပြဿနာများ မြင့်တက်လာနေချိန်တွင် အမေရိကန်လေတပ်က နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်ခဲ့ကြောင်း လေတပ်၏ ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေးဌာနချုပ်က ဆိုသည်။

နျူကလီးယားထိပ်ဖူး မပါဝင်သည့် Minuteman III တိုက်ချင်းပစ်ဒုံးကျည်အား ကမ္ဘာ့လေထုသို့ ပြန်လည်ဝင်ရောက်နိုင်သည့် စမ်းသပ်ယာဉ်တွင် တပ်ဆင်ထားပြီး အဆိုပါ ဒုံးကျည်သည် ကယ်လီဖိုးနီးယားရှိ ဗန်ဒါဘတ်လေတပ် အခြေစိုက်စခန်းမှ လွှတ်တင်ခဲ့ပြီး မာရှယ်ကျွန်းများအနီးရှိ စမ်းသပ်ပစ်လွှတ်သည့် အကွာအဝေးဖြစ်သည့် မိုင်ပေါင်း ၄၂၀ဝ ထိရောက်ရှိခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ပစိဖိတ်အချိန်(PT )နံနက် ၁၂ နာရီ ၄၉ မိနစ်တွင် ပစ်လွှတ်ခဲ့သည့် အဆိုပါ ဒုံးကျည်သည် အမေရိကန်နျူကလီး ယား တပ်ဖွဲ့များ ၏ အဆင်သင့်ဖြစ်မှုကို သက်သေပြပြီး နျူကလီးယားဟန့်တာရေးအစီအစဉ်၏ ထိခိုက်မှုကြီးမားများမှုနှင့် ထိရောက်မှုကြီးမားမှုကို ဖော်ပြခဲ့ကြောင်းလေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” ယခုစမ်းသပ်မှုသည် ၂၁ရာစု ခြိမ်းခြောက်မှုများနှင့် မဟာမိတ်များ စိတ်ချရစေရန် အမေရိကန်နျူကလီးယား ဟန့်တာရေးအစီအစဉ်၏ လုံခြုံမှု၊ စိတ်ချသေချာမှု၊ ထိရောက်မှု ရှိကြောင်းကို ပြသသည့် ပုံမှန်လှုပ်ရှားမှုများ၏
တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ယင်းကဲ့သို့ စမ်းသပ်မှု အကြိမ်ပေါင်း ၃၀ဝ ကျော်က ယခင်က ပြုလုပ်ခဲ့ပြီး ယခုစမ်းသပ်မှုသည် လက်ရှိကမ္ဘာ့ဖြစ်ရပ်များနှင့် မသက်ဆိုင်ကြောင်း” အမေရိကန်လေတပ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

လေတပ်ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေးဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဝီလဆင်က ယခုပစ်ခတ်မှုကို မူလက သြဂုတ် ၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ထိုင်ဝမ်သို့ အလည်အပတ် ရောက်ရှိနေသော အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီအား တရုတ်၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေ၍ နှောင့်နှေးခဲ့ရကြောင်း CNN မှ အတည်ပြု ပြောကြားခဲ့သည်။

ထိုအချိန်က အမေရိကန် အရာရှိတစ်ဦးက “သတိထားရမည့် အဆင့်” ဖြစ်ကြောင်း CNN သို့ ပြောကြားခဲ့ သည်။
အမေရိကန်သည် လက်နက်၏ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုကို စစ်ဆေးရန် တိုက်ချင်းပစ်လက်နက်စနစ်အား ပုံမှန်စမ်းသပ်နေသည်။

“အမှားမရှိပါဘူး။ ကျွန်တော်တို့၏ နျူကလီးယားသုံးစမ်းသပ်မှုက အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ မဟာမိတ် များ၏ အမျိုးသားလုံခြုံရေး၏ အုတ်မြစ်ဖြစ်သည်” ဟု အမှတ် ၅၇၆ စမ်းသပ်ရေးလေတပ်ဖွဲ့တပ်မှူး ဗိုလ်မှူးကြီး ခရစ်ခရုက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

crd
By ANI 23 August 2022
#အမေရိကန်လေတပ်ကနျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့်တာဝေးပစ်ဒုံးကျည်စမ်းသပ်
#UsNuclerPower #MinutemanIII

Unicode

23-August-2022







crd
By ANI 23 August 2022
#UsNuclerPower #MinutemanIII

Crd