ဗြိတိန်က ကူးစက်မြန်အမျိုးအစားနဲ့မတူတဲ့ ဗီဇပြောင်းကိုဗစ်ပိုးကို မြန်မာနိုင်ငံမှာတွေ့

Local News

ဗြိတိန်က ကူးစက်မြန်အမျိုးအစားနဲ့မတူတဲ့ ဗီဇပြောင်းကိုဗစ်ပိုးကို မြန်မာနိုင်ငံမှာတွေ့

ဗြိတိန်က ကူးစက်မြန်အမျိုးအစားနဲ့မတူတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
အဲဒီပိုးမှာ ရခိုင်ပြည်နယ် စစ်တွေမှာတွေ့ခဲ့တဲ့ ကူးစက်မြန်အမျိုးစားနဲ့ (D614G) နဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေတူညီပြီး တခြားမျိုးဗီဇပြောင်းလဲမှုတချို့ကိုပါ ယှဉ်တွဲတွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီပိုးကို ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းက ကိုဗစ်အတည်ပြုလူနာ (၂၂) ယောက်ရဲ့ ဓါတ်ခွဲနမူနာတွေကနေ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခုတွေ့တဲ့ ပိုးကတော့ ပိုးဗီဇအမျိုးအစား GH strain (D614G + Q57H ဗီဇပြောင်း)၊ မျိုးဗီဇနွယ် (Lineage: B.1.36) ဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံတချို့မှာတွေ့တဲ့ ကူးစက်မြန်ဗီဇပြောင်းပိုးကတော့ ( Lineage: B.1.1.7 ) ဖြစ်ပါတယ်။

အခုတွေ့ရှိမှုရလဒ်ကိုတော့ နိုင်ငံတကာအသိမှတ်ပြု (US NCBI/ NIH) database မှာတင်သွင်းထားပြီး အတည်ပြုစိစစ်မှုခံယူခဲ့ပြီးပြီလို့ သိရပါတယ်။
ဒါကြောင့် အခုအသစ်တွေ့တဲ့ ပိုးဗီဇအမျိုးစားကိုတော့ ဆေးသုတေသနဦးစီးဌာနက အသေးစိတ် ဆက်လေ့လာနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – အမေရိကန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကိုဗစ်ပိုးပုံစံ

Credit – Omedia

Leave a Reply