ဗလာဒီမာပူတင်၏ပေါင်တစ်ဘီလျံတန်လျှို့ဝှက်နန်းတော်အကြောင်းပြိုင်ဘက်နိုင်ငံရေးသမားကဖွင့်ချ၊ ကပွဲခန်းမ၊ လောင်းကစားရုံနှင့် ပုဂ္ဂလိက ကမ်းခြေကို ဦးတည်ထားသည့် ဥမင်လိုဏ်ခေါင်းတို့ပါဝင်

News

ဗလာဒီမာပူတင်၏ ပေါင် တစ် ဘီလျံတန် လျှို့ဝှက်နန်းတော်အကြောင်း ပြိုင်ဘက် နိုင်ငံရေးသမားက ဖွင့်ချ၊ ကပွဲခန်းမ၊ လောင်းကစားရုံနှင့် ပုဂ္ဂလိက ကမ်းခြေကို ဦးတည်ထားသည့် ဥမင်လိုဏ်ခေါင်းတို့ပါဝင်

ဗလာဒီမာပူတင်သည် သူ့ကိုယ်ပိုင် ပေါင် ၁ ဘီလျံတန်သော နန်းတော်တစ်လုံးကို ကပွဲခန်းမ၊ လောင်းကစားရုံတစ်ခုနှင့် ပုဂ္ဂလိက ကမ်းခြေကို ဦးတည်ထားသည့် ဥမင်လိုဏ်ခေါင်းတို့ကိုပါ ထည့်သွင်း တည်ဆောက်ထားည်ဟု သူ၏နိုင်ငံရေး ပြိုင်ဘက် တစ်ဦးက ဇန်နဝါရလ ၁၈ရက် ညပိုင်းက ဖွင့်ချလိုက်ခဲ့သည်။
Novichok အဆိပ်သင့်မှုမှ အသက်ရှင်လွတ်မြောက်သူ အဲလက်စ် နာဗာလင်းသည် တနင်္ဂနွေနေ့က ရုရှားသို့ပြန်လာစဉ် ဖမ်းဆီးခံရပြီးနောက် သူလက်ထောက်က အမိန့်အတိုင်း ပူတင်၏ ပိုင်ဆိုင်မှုများကို ယခုကဲ့သို့ ဖွင့်ချလိုက်ခြင်း ဖြစ်သည်။

ပေါက်ကြားနေသည့် နန်းတော်၏ ပြောင်မြောက်သော အတွင်းပိုင်း ဓာတ်ပုံများတွင် ကတ္တီပါတိုင် အားကစားသမားခန်းမနှင့် သူ၏ခရိုနီများ အထူးသီးသန့် အသုံးပြုရန်အတွက် ကပွဲခန်းမလည်း ပါဝင်နေသည်။
အတိုက်အခံခေါင်းဆောင် နာဗာလင်းသည် အသက် ၆၈ နှစ်အရွယ် ပူတင်အား တိုက်ခိုက်သော အနေဖြင့် သူ၏ ၀က်ဘ်ဆိုက်တွင် နန်းတော်၏ အသေးစိတ် အချက်အလက် များကို ထုတ်ဝေခဲ့သည်။ ဧရာမနန်းတော်ကို ကမ္ဘာ့ဒုတိယ အသေးဆုံး နိုင်ငံဖြစ်သည့် မိုနာကိုထက် ၃၉ဆပိုကြီးသော ပင်လယ်နက် ကမ်းရိုးတန်းရှိ ဂျယ်လင်ဇစ်အနီးတွင် လျှို့ဝှက်စွာတည်ဆောက်ထားသည်။

နာဗာလင်းက အဖမ်းမခံရမီ မှတ်တမ်းတင်ထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ထွက်လာသော ဗီဒီယိုတွင် ဇိမ်ခံပစ္စည်းကို ဖော်ပြခဲ့သည်။ “ဒါ ဘုရင်တစ်ပါးပဲ။ ဒါက ကျေးလက်အိမ် မဟုတ်၊ အိမ်တစ်အိမ်လည်း မဟုတ်၊ နေအိမ်လည်း မဟုတ်ပါဘူး။ ဒါဟာ မြို့တစ်မြို့ ဒါမှမဟုတ် နိုင်ငံတစ်ခုပါပဲ “ဟု နာဗာလင်း ကဆိုသည်။
“ပြဇာတ်ရုံက နေထွက်ပြီး ငါတို့ (စုံစမ်းသူ) က ဘားပါတဲ့ ဧည့်ခန်းထဲမှာတွေ့တယ်။ ညာဘက်မှာရှိတဲ့ ပူတင်ရဲ့နန်းတော်ထဲမှာ အငြင်းပွားဖွယ် အကောင်းဆုံး အခန်းတစ်ခုဆိုရင် ပြတင်းပေါက် တစ်ခုမှမရှိဘူး။ အဲဒီမှာ စင်မြင့်တစ်ခုရှိတယ်” ဟုလည်း ဆိုသည်။

နာဗာလင်း၏ အဖွဲ့မှ အစီရင်ခံစာတွင် နန်းတော်အကြောင်းကို ဖော်ပြထားပြီး “ ဒါဟာ ရုရှားမှာ အစောင့်အရှောက် အခံရ ဆုံးနေရာ၊ တိုင်းပြည်တစ်ခု အတွင်းက ပြည်နယ် တစ်ခု၊ ဒါက ပူတင်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်တယ်။ ဒီဇိမ်ခံပစ္စည်းတွေကို ဘယ်သူ့ ငွေကြေးနဲ့ ဘယ်လို ထောက်ပံ့ခံခဲ့တယ်ဆိုတာကို ကျွန်ုပ်တို့ရှာဖွေရမယ်ဟု ဆိုသည်
“အခုရော လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သမိုင်းမှာပါ အကြီးမားဆုံးသော လာဘ်ပေး လာဘ်ယူမှုကို ခံယူနေပြီး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနန်းတော်ကို တည်ဆောက်နေပါတယ် “
ပူတင်သည် နန်းတော်ကို ပိုင်ဆိုင်ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍ ကောလဟာလများ ပျံ့နှံ့လျက်ရှိခဲ့သည်။ သို့သော် နာဗာလင်းသည် သမ္မတနှင့် ၎င်း၏ ဆက်နွယ်မှုများကို သက်သေပြခဲ့သည်။ နာဗာလင်းက နန်းတော်ကို ပိုင်ဆိုင်သူသည် “ ပထမနေ့မှ စ၍ ယခုတိုင်အောင် နာမည် ဆိုးဖြင့် ကျော်ကြားသော ဤနေရာ၏ တစ်ဦး ည်းသော စစ်မှန်သည့် မာစတာမှာ ဗလာဒီမာပူတင် ဖြစ်တယ်။ ဒါက သူ့ ချမ်းသာကြွယ်ဝမှု၊ မိုနာကိုနိုင်ငံကို မြင်ယောင် ကြည့်ပါ။ ဒီအိမ်ဟာ မိုနာကိုထက် ၃၉ဆကြီးတဲ့ မြေပေါ်မှာ ရှိတယ်။ ဘယ်သူမှ မြေ၊ ပင်လယ်၊ လေတို့ကနေ ဝင်လို့ မရနိုင်အောင် တည်ဆောက်ထားတယ်။

“ အဲဒီမှာ အလုပ်လုပ်နေကြတဲ့ ထောင်ပေါင်းများစွာသော သူတွေဟာ ကင်မရာ မပြောနဲ့ အရိုးရှင်းဆုံး မိုဘိုင်းဖုန်းတွေ တောင်မှ ယူလာခွင့်မရှိဘူး။ ကားတွေ အားလုံးကို စစ်ဆေးရေး ဂိတ် တော်တော်များများမှာ သေသေချာချာ ရှာဖွေမှုတွေ လုပ်တယ်။ “ လူတိုင်းက နန်းတော်ကို ရိုက်ကူးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်” ဟုလည်း ဆိုသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ပူတင်တွင် နန်းတော်များမရှိကြောင်း ရှင်းပြထား ခဲ့သော်လည်း ယခုအခါ နိုင်ငံရေး ပြိုင်ဘက် အဲလက်ဇ် နာဗာလင်း က လျှို့ဝှက် နန်းတော်အကြောင်းကို အသေးစိတ် ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

မင်းသုတဟန်
Ref; The Sun
ChannelKeyMyanmar မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
ဗလာဒီမာပူတင်၏ ပေါင် တစ် ဘီလျံတန် လျှို့ဝှက်နန်းတော်အကြောင်း ပြိုင်ဘက် နိုင်ငံရေးသမားက ဖွင့်ချ၊ ကပွဲခန်းမ၊ လောင်းကစားရုံနှင့် ပုဂ္ဂလိက ကမ်းခြေကို ဦးတည်ထားသည့် ဥမင်လိုဏ်ခေါင်းတို့ပါဝင်

ဗလာဒီမာပူတင်သည် သူ့ကိုယ်ပိုင် ပေါင် ၁ ဘီလျံတန်သော နန်းတော်တစ်လုံးကို ကပွဲခန်းမ၊ လောင်းကစားရုံတစ်ခုနှင့် ပုဂ္ဂလိက ကမ်းခြေကို ဦးတည်ထားသည့် ဥမင်လိုဏ်ခေါင်းတို့ကိုပါ ထည့်သွင်း တည်ဆောက်ထားည်ဟု သူ၏နိုင်ငံရေး ပြိုင်ဘက် တစ်ဦးက ဇန်နဝါရလ ၁၈ရက် ညပိုင်းက ဖွင့်ချလိုက်ခဲ့သည်။
Novichok အဆိပ်သင့်မှုမှ အသက်ရှင်လွတ်မြောက်သူ အဲလက်စ် နာဗာလင်းသည် တနင်္ဂနွေနေ့က ရုရှားသို့ပြန်လာစဉ် ဖမ်းဆီးခံရပြီးနောက် သူလက်ထောက်က အမိန့်အတိုင်း ပူတင်၏ ပိုင်ဆိုင်မှုများကို ယခုကဲ့သို့ ဖွင့်ချလိုက်ခြင်း ဖြစ်သည်။

ပေါက်ကြားနေသည့် နန်းတော်၏ ပြောင်မြောက်သော အတွင်းပိုင်း ဓာတ်ပုံများတွင် ကတ္တီပါတိုင် အားကစားသမားခန်းမနှင့် သူ၏ခရိုနီများ အထူးသီးသန့် အသုံးပြုရန်အတွက် ကပွဲခန်းမလည်း ပါဝင်နေသည်။
အတိုက်အခံခေါင်းဆောင် နာဗာလင်းသည် အသက် ၆၈ နှစ်အရွယ် ပူတင်အား တိုက်ခိုက်သော အနေဖြင့် သူ၏ ဝက်ဘ်ဆိုက်တွင် နန်းတော်၏ အသေးစိတ် အချက်အလက် များကို ထုတ်ဝေခဲ့သည်။ ဧရာမနန်းတော်ကို ကမ္ဘာ့ဒုတိယ အသေးဆုံး နိုင်ငံဖြစ်သည့် မိုနာကိုထက် ၃၉ဆပိုကြီးသော ပင်လယ်နက် ကမ်းရိုးတန်းရှိ ဂျယ်လင်ဇစ်အနီးတွင် လျှို့ဝှက်စွာတည်ဆောက်ထားသည်။

Leave a Reply