အောက်ဆီဂျင်ဘယ်တော့စရှူရမလဲ?

News

♦️

အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?

♦️ Oxygen Cylinder vs Oxygen Concentrator

Please read!!

=============================

♦️

အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ? လူနာအား Oximeter နဲ့ တိုင်းကြည့်ပါ။ SpO2အဖြေက 95% အထက်မှာ ရှိသင့်ပါတယ်။ Oxygen saturation ဟာ 93% to 92% အောက်ရောက်သွားရင် Oxygen ရှူဖို့ လိုအပ်ပါပြီ။ ——————-

????

အထူးသတိပြုရန်

Oxygen များများ ရှူလို့မရတဲ့ လူနာ ဆေးလိပ်စွဲသောက်တဲ့သူတွေမှာ COPD လို့ခေါ်တဲ့ နာတာရှည် အဆုတ်လမ်းကြောင်း ပိတ်ဆို့မှုရောဂါရှိတတ်ပါတယ်။ အဲလိုလူတွေမှာ လိုအပ်တဲ့ Oxygen target က 88%-92 % ပါ ။ အဲထက် ပိုပေးမိ ရင် သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုင် ပမာဏက တက်လာပြီး လူနာအန္တရာယ်ရှိပါတယ်။ ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်တတ်ပါတယ် ။ ဘယ်သူ့မှာ COPD ရောဂါအခံရှိနေမှန်းကို သာမန်အားဖြင့် မသိရှိနိုင်တာကြောင့် Oxygen ပေးရမယ့်အခြေအနေရှိနေပါက ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။

—————–

???? အောက်ဆီဂျင် လိုအပ်ချက်က 3-4 L per min လောက် အထိပဲဆိုရင် Nasal cannula (နှာခေါင်းပိုက်) နဲ့ စပေးပါ။

♦️

Nasal Oxygen Cannula Nasal Cannula က Oxygen flow rate ကို 3-4 L per min လောက်အထိပဲ ပေးလို့ရပါတယ်။ ဒီထက်များတဲ့ rate ဆိုရင် အချိန်ကြာလာတာနဲ့အမျှ နှာခေါင်းအတွင်းပိုင်းအသား mucosa ကို ထိခိုက်စေတတ်ပါတယ် ။ Nasal Cannula ကို လူနာနှာခေါင်းမှာ မတပ်ခင် Oxygen flow ကို စိတ်ကြိုက်ချိန်ပြီး လိုတာရပြီဆိုမှ တပ်ပါ။ ဘာလို့လဲဆိုတော့ နှာခေါင်းမှာ တပ်ပြီးမှဆိုရင် flow ချိန်တဲ့ tuning ball လေးကို လှည့်တဲ့အခါ လက်က အတိုးအလျှော့ အရှိန်လွန်သွားရင် ရုတ်တရက် Oxygen ပြင်းအားများများနဲ့ ဆောင့်ထွက်လာတတ်လို့ နှာခေါင်းအတွင်းပိုင်းသားကို မထိခိုက်ရအောင်ပါ။ Nasal cannula ပိုက်ဝယ်တဲ့အခါ ကလေးနဲ့လူကြီး ဆိုပြီး ၂ မျိုး လာပါတယ်။

———————-

Flow rate 3-4 L per min လောက် အထိက Nasal prongs/nasal cannula နဲ့ စပေးပါ။ မိနစ် ၃၀ လောက် စောင့်ကြည့်နေပါ။ ကိုယ်ဘယ်လောက်ပေးရင် ဘယ်လောက်တက်လာလဲဆိုတာ oximeter နဲ့ ပြန်တိုင်းပါ။ လူနာကို တတ်နိုင်သလောက် မှောက်လျှက် နေခိုင်းပါ။ ရှူရင်း သွေးတွင်း oxygen ပမာဏ 92% ကျော်လာရင် အဲဒီအတိုင်း ဆက်ထားလို့ ရပါတယ်။

???? Spo2 မတက်လာရင် / တက်လာပေမယ့် 92% အထက် မရောက်လာရင် nasal prong ကနေ Face mask နဲ့ပြောင်းပေးဖို့ လိုပါတယ်။ 5-10 L/min အထိ လိုအပ်သလို flow တင်ပါ။

????

ဒါနဲ့တောင် 92% မကျော်လာဘူးဆိုရင် Face mask ကို reservoir bag ပါတပ်ပြီး ပေးရပါမယ်။ နီးစပ်ရာ covid center သွားနိုင်ရင် ကောင်းပါမယ်။ ————————-

♦️Water Level

Oxygen အိုး Flow meter က water level ကိုရေအမြဲဖြည့်ပါ။ ရေသန့် နဲ့ဖြည့်ပါ။ ရေကဘာကြောင့်ထည့်ရတာလဲဆိုရင် စိုထိုင်းဆ moisture ရချင်လို့ပါ။ Moisture မရှိရင် Oxygen ကြောင့် နာရီကြာလာရင် နှုတ်ခမ်း ၊ နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ကွဲအက်မှာစိုးလို့ စိုထိုင်းဆရအောင် ရေကိုထည့်ထားခြင်းဖြစ်ပါတယ်။ ရေရှိမှ အောက်ဆီဂျင် ရတာမဟုတ်သလို oxygen ထွက်ဖို့ မရှိမဖြစ် လိုအပ်နေခြင်းလဲ မဟုတ်ပါဘူး။ အောက်ဆီဂျင် ရှူနေရတဲ့လူနာက အောက်ဆီဂျင်အရေးပေါ် လိုအပ်နေရင် ရေဖြည့်တာကို အချိန်လုပြီး လုပ်စရာမလိုပါဘူး။ ရေဖြည့်ဖို့အတွက် oxygen အပြတ်မခံသင့်ပါ။ ဘေးမှာ အောက်ဆီဂျင်အိုးအပိုနဲ့ Oxygen ပိုက်အပိုကို ဆောင်ထားသင့်ပါတယ်။ ရေဖြည့်နေစဉ် အရန်တစ်အိုးနဲ့ ပေးထားရင် ပိုကောင်းပါသည်။

???? သတိပြုဖို့က ရေဖြည့်ရင် water Level ရဲ့ သတ်မှတ်ထားတဲ့ Scale ကို ကျော်လွန်ပြီး မထည့်ပါနဲ့။ Level ကျော်သွားရင် ရေက oxygen ဖြတ်လို့ ပွက်လာတဲ့အခါ ပိုက်ထဲသို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါတယ်။ Nasal Cannula နဲ့ဆိုရင် နှာခေါင်းထဲတိုက်ရိုက်ရောက်သွားပြီး အသက်ရှူခြင်းကို ဒုက္ခပေးနိုင်သလို Oxygen Mask သုံးနေသူဆိုလည်း မျက်နှာကို ရေများ ရွှဲစိုသွားနိုင်ပါတယ်။ ထိုကြောင့် ရေကို water Level scale ကို မကျော်လွန်ပဲ ထည့်ရန် လိုပါတယ်။

???? ရေဖြည့်ပြီးရင် ခွက်ကိုလုံအောင် လှည့်ပိတ်ပေးဖို့ သတိပြုရမှာပါ။ ခွက်ကိုလှည့်ပိတ်တဲ့အခါလည်း တစောင်းအနေထား ဖြစ်နေရင် အရစ်ပြည့်ပြီးပြီလို့ မှားပြီး ထင်တတ်လို့ သတိထားပါ။ flow level အမြင့်ဆုံးပေးထားရင် မလုံတဲ့နေရာက တရှူးရှူး အသံမြည်လို့ သိရှိနိုင်ပေမယ့် flow level နည်းရင် လက်နဲ့ စမ်းကြည့်ပြီး လက်ကိုလေလာတိုးမှ သိပါတယ်။ လုံအောင်မပိတ်မိရင် Oxygen တွေက အဲဒီမလုံတဲ့အပေါက်ကနေ စိမ့်ထွက်သွားပြီး လူနာက ပေးသလောက် Oxygen ကို အပြည့်မရတော့ပါဘူး။ SpO2 တွေပါ ကျလာတတ်ပါတယ်။

————————-

♦️ပိုက်သန့်ရှင်းရေး ရေရှည် အောက်ဆီဂျင်ရှူနေမည့်သူများသည် ပိုက်များကို သန်ရှင်းအောင်ထားဖို့၊ လဲလှယ်ဖို့ လိုပါတယ်။ အောက်ဆီဂျင်ပိုက်များမှ တဆင့် အခြား Virus များ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။

==========================

♦️Oxygen Concentrator အားသာချက်က မီးရှိရင် ပလပ်ထိုးပြီး သုံးရုံပါပဲ။ပြန်ဖြည့်ဖို့ မလိုပါဘူး။ သူက လေထုထဲကလေကို ယူပြီး အောက်ဆီဂျင်များများပါတဲ့ လေဖြစ်အောင် ပြန်စုပေးတဲ့စက်ပါ။ ဆက်တိုက်သုံးရင်စက်ပူပါတယ်။ တခါတလေ သိပ်ပူရင် စက်ကြောင်တတ်ပါတယ်။ 6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့ ခဏ နားသင့်ပါတယ်။

#credit

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply