အဲဗာတန်ရဲ့ ကွင်းသစ် စီမံကိန်းကြောင့် ကမ္ဘာအမွေအနှစ် စာရင်းကနေ ပယ်ဖျက်ခံရတဲ့ လီဗာပူး

News

လီဗာပူးဟာ မြို့တော်ရဲ့ ကမ်းရိုးတန်းဘက်တွေမှာ အဲဗာတန်းအသင်း ကွင်းသစ် စီမံကိန်းအပါအဝင် တိုးတက်မှုတွေကို ချဲ့ထွင်းလုပ်ဆောင်လာခြင်းကြောင့် UNESCO အသိအမှတ်ပြု ကမ္ဘာအမွေအနှစ် စာရင်းကနေ ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

UNESCO ရဲ့ ကမ္ဘာအမွေအနှစ်ဆိုင်ရာ သတ်မှတ်ရွေးချယ်ရေး ကော်မတီ အဖွဲ့သားတွေရဲ့ မဲပေးမှုအရ အခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့် UNESCO ရဲ့ တရားဝင် အသိအမှတ်ပြုမှု စတင်ပြီးနောက်မှာ ကမ္ဘာအမွေအနှစ် စာရင်းကနေ ပယ်ဖျက်ခံရတဲ့ တတိယမြောက် နေရာဖြစ်လာခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ အိန္ဒိယမှ တာ့ချ်-မဟာ၊ တရုတ်မှ မဟာတံတိုင်းတို့နဲ့အတူ လီဗာပူးကလည်း ကမ္ဘာအမွေအနှစ်စာရင်းထဲ ပါဝင်လာခဲ့တယ်။ ဒါပေမယ့်လို့ ၂၀၁၂ ခုနှစ်မှာပဲ လီဗာပူးကမ်းရိုးတန်းကို တိုးတက်ပြင်ဆင်မှုတွေကြောင့် အန္တရာယ်ရှိတဲ့ ကမ္ဘာအမွေအနှစ်တစ်ခုအဖြစ် စတင် စောင့်ကြည့်ခံခဲ့ရပါတယ်။

၁၈ ရာစုနဲ့ ၁၉ ရာစုတွေမှာ ကမ္ဘာကုန်သွယ်ရေးရဲ့ အချက်အခြာစင်တာဖြစ်ခဲ့တဲ့ လီဗာပူးစင်တာနဲ့ ကုန်းတွင်းပိုင်းဒေသတွေဟာ ဒီဘက်နှစ်တွေမှာ ခေတ်သစ် နည်းပညာတွေ၊ သယ်ယူပို့ဆောင်ရေးတွေနဲ့ ဆိပ်ကမ်း စီမံခန့်ခွဲမှုတွေ စတင်လာခဲ့တယ်လို့ UNESCO ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တယ်။ ဒါကြောင့်ပဲ ကမ္ဘာအမွေအနှစ် စာရင်းက ပယ်ဖျက်ဖို့ ဖြစ်လာခဲ့တယ်လို့ ၎င်းတို့က ဆိုပါတယ်။

လီဗာပူးမြို့ရဲ့ အကြီးမားဆုံးသော အပြောင်းအလဲကတော့ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် အဲဗာတန်အသင်းရဲ့ ကွင်းသစ်စီမံကိန်းကို မြို့ရဲ့ ကမ်းရိုးတန်းနားမှာ ဆောက်လုပ်ဖို့ ခွင့်ပြုခဲ့ခြင်းဖြစ်တယ်။ မြို့ကောင်စီကတော့ ဒေသခံတွေအတွက် ဆောက်လုပ်ရေးပိုင်း အပါအဝင် အလုပ်အကိုင် ၁၅၀၀၀ စီစဉ်ပေးနိုင်ပြီး မြို့တော်ရဲ့ စီပွားရေးကို ပေါင် ၁ ဘီလီယံ တိုးတက်စေမယ့် ကိစ္စဖြစ်လို့ သဘောတူညီခဲ့ခြင်းဖြစ်တယ်။

ဒီစီမံကိန်းက လီဗာပူးမြို့အတွင်း ရင်းနှီးမြုပ်နှံသူတွေကို တိုးတက်လာစေပြီး ဒေသတွင်းက ပေါင် ၂၅၅ သန်းတန် ထောက်ပံ့ရေးကွင်းဆက်တွေကို သုံးစွဲမှုရှိစေမယ်လို့ မြို့ကောင်စီက ယုံကြည်ထားပါတယ်။ အဲဗာတန်ကတော့ ဒီဖြစ်ရပ်အတွက် တုန့်ပြန်မှုတွေ ပြုလုပ်ဖို့ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

Leave a Reply