အသက်၁၀၆မွေးနေ့မှာ မိခင်ဖြစ်သူအကြိုက်တွေ့စေမည့် ဘော်ဒီတောင့်တောင့်လူငယ်တစ်ဦးနဲ့ ကိတ်မုန့်တူတူခွဲကာ ကျင်းပပေးခဲ့သော သမီး

News Social News

မွေးနေ့တွေမှာ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်အောင် သူတို့လိုချင်တပ်မက်သည့် အရာအားလုံးအား လုပ်ပေးနိုင်သလောက် ဖြည့်ဆည်းပေးတတ်ကြသည်။

သို့ဖြစ်၍ ဗြိတိန်နိုင်ငံမှ အသက်၁၀၆နှစ်အရွယ် အဖွားအိုတစ်ဦးသည် သူမရဲ့မွေးနေ့တွင် ဘာလိုချင်လဲဟု သမီးဖြစ်သူက မေးမြန်းခဲ့ပြီး သူမစိတ်တိုင်းကျပုံစံမျိုး ဖြည့်ဆည်းပေးခဲ့၍ အလွန်စိတ်လှုပ်ရှားမိကာ ပျော်ခဲ့ရသည်။

အဖွားအိုသည် သမီးဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ် လိုချင်တာတောင်းရန်ဆိုခဲ့ချိန် ဘော်ဒီတောင့်တောင့်နဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ကိုလိုချင်ကြောင်း စနောက်ခဲ့ပေမယ့် သမီးဖြစ်သူက အမှန်တကယ် သူမရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးခဲ့သည်။

အဖွားအိုရဲ့ မွေးနေ့တွင် ဗလတောင့်တောင့်နဲ့ လူငယ်တစ်ဦးသည် ကိတ်မုန့်တွေယူဆောင်လာပြီးတော့ အဖွားအိုနဲ့တူတူ ပျော်ရွှင်စရာကောင်းသည့် မွေးနေ့ပွဲလေးကို ကျင်းပပေးခဲ့သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd