အဌားကိုယ်ဝန်ဖြင့် ကလေးရှစ်ယောက်ကို မွေးရန် မြန်မာငွေ သိန်းပေါင်း ၁,၇၀၀ နီးပါးအထိကို သုံးစွဲခဲ့တဲ့ အမျိုးသားတစ်ဦး

News

ရနံ့များရဲ့သခင်အဖြစ် လူသိများတဲ့ Joel Cruz ဟာ သူ၏ရေမွှေးလုပ်ငန်းဖြစ်တဲ့ Aficionado နှင့်အတူ သန်းပေါင်းများစွာရှိသောအင်ပါယာတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ဖျော်ဖြေရေးလုပ်ငန်းမှသူငယ်ချင်းများဖြစ်ကြတဲ့ Joel Cruz နှင့် Ogie Diaz တို့ဟာ တစ်ယောက်နှင့်တစ်ယောက်သိကျွမ်းကြပါတယ်။

Joel ဟာ ယောကျ်ားအချင်းချင်းကြိုက်တဲ့လူတစ်ယောက်အဖြစ် လူသိများသော်လည်း Ogie မှာတော့ ဇနီးနှင့်ကလေးငါးယောက်ရှိပါတယ်။မကြာသေးခင်က Ogie ဟာ ၎င်းတို့ရဲ့ဖျော်ဖြေရေးမှ အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သလို Joel နှင့်အလားတူတဲ့ Vice Ganda အား သူ့ရဲ့ကြွယ်ဝချမ်းသာမှုကို အမွေဆက်ခံနိုင်မဲ့ သားသမီးများအား ကိုယ်တိုင်မွေးထုတ်ရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

သို့ပေမဲ့ Vice က နောင်လာမဲ့အနာဂတ်မှာ ၎င်းတိုက်တွန်းချက်ကို လုပ်ဖို့ အစီအစဉ်မရှိပုံထင်ရပေမဲ့ Joel ကတော့ Ogie ရဲ့အကြံပေးချက်ကို သဘောကျကာ သူကိုယ်တိုင် ကလေးမွေးထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

Joel က Ogie ထံမှ သူ့အား ကလေးယူရန် အချိန်ပေါင်းများစွာပြောခဲ့ပေမဲ့ ၎င်းကို အမျိုးသမီးတစ်ယောက်နှင့် မလုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ထို့ကြောင့် Joel ဟာ Surrogacy (အဌားကိုယ်ဝန်ဆောင်)ဖြင့် ကလေးမွေးဖို့ လုပ်ခဲ့ပါတယ်။

သို့ပေမဲ့ သူ့ရဲ့ကမ်းလှမ်းချက်ကို ဘယ်အမျိုးသမီးကမှ လက်မခံတာကြောင့် Joel ဟာ Surrogacy တရားဝင်ဖြစ်တဲ့ ရုရှားနိုင်ငံမှာဘဲ သွားလုပ်လိုက်ရပါတယ်။Joel ဟာ အရှည်ပြီး ခင်ပွန်းနှင့်ကလေးများရှိပြီးသားဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကို ကမ်းလှမ်းခဲ့ပါတယ်။Lilia အမည်ရှိတဲ့အဆိုပါအမျိုးသမီးက 5’11”ရှိပြီး သူက အရပ်ပုသလို မွေးလာမဲ့ကလေးကိုတော့ အရပ်ရှည်စေလိုတာကြောင့် သူမရဲ့အမမျိုးဥကို အသုံးပြုဖို့ ရွေးချယ်ခဲ့ရကြောင်း Joel က ပြောကြားခဲ့ပါတယ်။

သူ၏ပထမဦးဆုံးအမွှာယောက်ျားလေးနှင့်အမွှာမိန်းကလေးများအတွက် ၊ Lilia အတွက် ဟိုတယ်စရိတ်နှင့် သူမလိုအပ်တဲ့အခြားစရိတ်များအတွက် Joel ဟာ အနည်းဆုံး Php12 သန်း (393 သိန်း နီးပါး)သုံးစွဲခဲ့ပါတယ်။

Lilia ရဲ့အငှါးကုမ္မဏီထံမှရရှိတဲ့ငွေ များအပြင် Joel ဟာ Lilia အတွက် အပိုငွေများကိုပါ ထပ်မံပေးခဲ့ပါသေးတယ်။ထို့နောက် Joel ဟာ ဒုတိယမြောက်အမွှာညီအကိုအတွက် Php 11 သန်း (359 သိန်းကျော် ) ၊ တတိယမြောက် မိန်းကလေးနှင့်ယောကျ်ားလေးအမွှာစုံတွဲအတွက် Php 11 သန်း (359 သိန်းကျော် )အပြင် အခြားအဌားကိုယ်ဝန်မိခင်နှစ်ဦးဖြစ်တဲ့ ၇ယောက်မြောက် ကလေး နှင့် ၈ယောက်မြောက် ကလေးတို့အတွက် တစ်ယောက်စီကို Php 9 သန်း (294သိန်းကျော် )စီကို အကုန်အကျခံကာ ငွေများစွာကို သုံးစွဲခဲ့ပါတယ်။

ကလေးရှစ်ယောက်ကို ပြုစုပျိုးထောင်ရတာက မလွယ်ကူပေမဲ့ Joel ဟာ သူ့ရဲ့ကလေးများကို သဘောကျနှစ်သက်ပြီး ကလေးများကလည်း ၎င်းတို့ဘယ်လို မွေးဖွားလာခဲ့ရတဲ့အကြောင်းကို သိနေခဲ့ကြပါတယ်။

ကလေးများအားလုံးစီမှာ ကိုယ်ပိုင်အုပ်ထိန်းသူများရှိပြီး Joel ဟာ ၎င်းတို့အားလုံးကို ကြီးမားတဲ့အိမ်တစ်လုံးအောက်မှာ ပြုစုပျိုးထောင်ထားပါတယ်။Joel ဟာ ကလေးများရဲ့မိခင်ဖြစ်သူနှင့် သူငယ်ချင်းဖြစ်လာပြီး သူမရဲ့မိသားစုဝင်များနှင့်ပါ သိကျွမ်းလာခဲ့ပါတယ်။Lilia ရဲ့မိသားစုဟာ ဖိလစ်ပိုင်နိုင်ငံသို့ အလည်လာဖို့ စီစဉ်ထားခဲ့ပေမဲ့ ကူးစက်ရောဂါကြောင့် ၎င်းအစီအစဉ်ကို ရွေ့ဆိုင်းထားခဲ့ရပါတယ်။

Mia (KBdailynews)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply