ကရင်ပြည်နယ်နယ်ခြားစောင့်တပ်BGFမှတပ်မှူးတဦးဖြစ်သည့်ဗိုလ်မှူးစောမောသို(မုတ်သုန်)လက်ရှိတာဝန်မှနှုတ်ထွက်

Local News

ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF မှ တပ်မှူးတဦးဖြစ်သည့် ဗိုလ်မှူးစောမောသို (မုတ်သုန်) လက်ရှိတာဝန်မှနှုတ်ထွက်

မြန်မာစစ်တပ်နှင့် (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်တို့အကြား လက်ရှိဖြစ်ပေါ်နေသည့် အနေအထားများအရ ဗိုလ်မှူးစောမောသို ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က နှုတ်ထွက်စာတင်ခိုင်းသဖြင့် နှုတ်ထွက်သွားခြင်းဖြစ်သည်ဟု BGF အရာရှိတဦးက ဆိုသည်။
ဗိုလ်မှူးစောမောသို သည် မကြာသေးမီက နှုတ်ထွက်သွားခြင်းဖြစ်သည်။
ဗိုလ်မှူးစောမောသို နည်းတူ (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်မှ တပ်မှူးအချို့ကိုလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့လာရောက်ကာ မိမိဆန္ဒသဘောထားများဖြင့်နှုတ်ထွက်ရန် ဖိအားပေးမှုများရှိသော်လည်း အဆိုပါတပ်မှူးများက လက်ခံခြင်းမရှိကြောင်း သိရှိရသည်။

နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူ အရာရှိတဦးက သူ့သဘောထားကို သီးသန့်ပြောဆိုရာတွင် ” ငါတို့နယ်ခြားစောင့်တပ်ဖွဲတွေ့ဟာ အရင် DKBA ဘဝကနေစပြီး ဒီနေ့ကာလထိတိုင်အောင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ လုပ်အားများစွာပါခဲ့တယ် အသက် သွေး ချွေးတွေ များစွာပေးဆပ်ခဲ့တယ် အဲဒါနဲ့ဆက်စပ်ပြီးလက်ရှိမှာ ခြေပြတ် လက်ပြတ်တွေ ကျိုးကန်းနေတာတွေအများကြီး ကိုယ်မလုပ်ချင်တဲ့အလုပ်တွေကို ရင်နာနာနဲ့လုပ်ခဲ့ရတာတွေလည်း အများကြီးဘဲ ဂုဏ်သိက္ခာပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ကျဆင်းခဲ့ရတယ် အခုကြတော့ ဒီလိုမျိုးအနေအထားတွေဖြစ်လာတာကို ဘယ်သူကလက်ခံနိုင်မှာလည်း “ဟု ပြောဆိုသည်။

ဆက်လက်၍ ” ငါတို့မှာ အားနည်းချက်တွေရှိခဲ့တယ် ငါတို့လက်ခံတယ် ဒါပေမဲ့ ငါတို့ကိုစားပြီးနားမလည်း ဘုရားပြီးငြမ်းဖျက်ဆိုသလိုမျိုးခံစားရတယ် အများစုကတော့ ဒီကိစ္စကို ဘယ်လိုနည်းနဲ့မှလက်မခံနိုင်ဘူး ၂၅ နှစ်လောက် ပေးဆပ်ခဲ့ရတာတွေက နောက်ဆုံးဒါလား ” ဟု ဖြည့်စွက်ပြောဆိုသည်။
ဗိုလ်မှူးစောမောသို နှုတ်ထွက်သွားခြင်းကို လွန်စွာစိတ်ပျက်မိသည်ဟုလည်း အဆိုပါအရာရှိက ဆိုသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ မိမိဆန္ဒသဘောဖြင့် လာရောက်ပြီးနှုတ်ထွက်စာတင်ကြရန် ဖိအားပေးခံရသူများထဲတွင် ဗိုလ်မှူးကြီင်္းစောချစ်သူ
ဗိုလ်မှူးစောတင်ဝင်း ဗိုလ်မှူးစောမောသို တို့ဖြစ်ကြသည်။
ကရင်ပြည်နယ်အရေး လေ့လာနေသူတဦးက ” သူတို့ဖြစ်ချင်တာက (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF တပ်နယ်တွေကို လုံးဝဖျက်သိမ်းပြီးတော့ လက်ရှိတပ်ရင်းတွေလောက်ကိုဘဲ သီးသန့်ထားချင်ပုံရတယ် ” ဟု သုံးသပ်ပြောဆိုသည်။

ပုံစာ – ဗိုလ်မှူးစောမောသို (မုတ်သုန်)
ကရင်မီဒီယာ မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Zawgyi

အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ မိမိဆန္ဒသဘောဖြင့် လာရောက်ပြီးနှုတ်ထွက်စာတင်ကြရန် ဖိအားပေးခံရသူများထဲတွင် ဗိုလ်မှူးကြီၤးစောချစ်သူ

Leave a Reply