ပါကစ္စတန်ဆိုင်ရာ အာဖဂန်သံတမန်တွေကို ဌာနေပြန်ခေါ်

News

အာဖဂန်နစ္စတန် အစိုးရဟာ ပါကစ္စတန်မှာရှိနေတဲ့ သူတို့ရဲ့ သံတမန်အားလုံးကို တနင်္ဂနွေနေ့က ပြန်လည် ခေါ်ယူလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အာဖဂန်သံအမတ်ကြီးရဲ့သမီး ခေတ္တ ပြန်ပေးဆွဲ ခံခဲ့ရပြီးတဲ့နောက် သူတို့သံတမန်တွေရဲ့ လုံခြုံရေးအန္တရာယ်ကို ရှင်းလင်းပြီး ပြန်ပေးဆွဲမှုအတွက် တရားမျှတမှု ဖော်ဆောင်ပြီးချိန်ထိ ပြန်လည်စေလွှတ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ပါကစ္စတန်ဆိုင်ရာ အာဖဂန်သံအမတ်ကြီးရဲ့သမီး Silsila Alikhil ဟာ သောကြာနေ့တုန်းက အမည်မသိသူတွေရဲ့ နာရီပေါင်းများစွာကြာ ပြန်ပေးဆွဲခံခဲ့ရပြီး ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ အာဖဂန်အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပါကစ္စတန်အစိုးရကတော့ ဒီ စိတ်ထိခိုက်ဖွယ် ဖြစ်ရပ်အတွက် အာဖဂန်သံရုံးက အကြောင်းကြားပြီး ချက်ချင်း အဆင့်မြင့် စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အာဖဂန်ကိုယ်စားလှယ်အဖွဲ့တခု ပါကစ္စတန်ကို မကြာခင် သွားရောက် စုံစမ်းစစ်ဆေးပြီး တွေ့ရှိရတဲ့ အခြေအနေအရ နောက်ထပ် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပါကစ္စတန်အစိုးရကတော့ ဒီလို အာဖဂန်သံတမန်တွေကို ပြန်ခေါ်သွားတာဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ လုပ်ရပ်လို့ တုံ့ပြန်ထားပါတယ်။

VOA

Leave a Reply