တစ်သက်လုံးစုဆောင်းလာခဲ့တဲ့ အကြွေစေ့တွေကို နောက်ဆုံးဆန္ဒအနေနဲ့ ဘုန်းကြီးကျောင်းသို့အကုန်လှူဒါန်းခဲ့တဲ့ အိုးမဲ့အိမ်မဲ့အဘိုးအို

News

အိုးမဲ့အိမ်မဲ့အဘိုးအိုဟာ ထိုင်းနိုင်ငံက Lopburi ရှိ 7-Eleven ဆိုင်အပြင်ဘက်မှာ အမြဲအိပ်လေ့ရှိပါတယ် ။ အဘိုးဟာ အစားအစာအနည်းငယ်ရရန်အတွက် ရောင်းလို့ရတဲ့ပစ္စည်းတွေကို ထိုနေရာမှာ မကြာခဏရှာလေ့ရှိပါတယ် ။

လူတို့က အဘိုးရဲ့အခြေအနေကို သနားတာကြောင့် သူ့ကိုအကြွေစေ့အချို့ပေးလေ့ရှိပါတယ် ။ ဒီအဘိုးအိုအကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကမှ မသိကြပါဘူး ။ ဒါပေမဲ့ အဘိုးဟာ 7-Eleven ဆိုင်ပြင်ပက အမြဲလှဲလျောင်းကာ နေနေခဲ့ပါတယ် ။

တစ်နေ့မှာ အဘိုးအိုဟာ လူအများပေးခဲ့တဲ့ အကြွေစေ့တွေကို ဘုရားကျောင်းမှာလှူဒါန်းခဲ့တာကိုသိပြီး နောက်ဆုံးမှာ အဘိုးဟာ မိသားစုတွေရှိမှန်း သိခဲ့ပါတယ် ။

အဘိုးအိုဟာ လူတွေသနားလို့ ပေးထားတဲ့အကြွေစေ့တွေကို အမြောက်အမြားစုဆောင်းထားခဲ့ပြီး ရိုးရှင်းတဲ့ဘဝကို ရွေးချယ်ခဲ့ပါတယ် ။ အဘိုးအိုဟာ သူရဲ့နောက်ဆန္ဒအဖြစ် အကြွေစေ့တွေကို ဘုရားကျောင်းမှာ လှူဒါန်းဖို့ဆုံးဖြတ်ခဲ့ပြီး မိသားစုတွေကလည်း အဘိုးရဲ့လှူဒါန်းမှုတွေကို ဂုဏ်ပြုနေကြပါတယ် ။

အဘိုးဟာ ကိုယ်တိုင်သိမ်းဆည်းထားခြင်းမရှိတဲ့အတွက် လူများစွာကိုလည်း အံ့အားသင့်စေခဲ့ပါတယ် ။ ဘုရားကျောင်းကို သူလှူဒါန်းခဲ့တဲ့ စုစုပေါင်းအကြွေစေ့ပမာဏကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း သံဃာတွေရေတွက်နေတဲ့ဓာတ်ပုံအရဆိုရင် များပြားလှပါတယ် ။

JRose (KB Chimmy One)

Leave a Reply