သတို့သားရဲ့အမေကသတို့သမီးရဲ့ပျောက်ဆုံးသွားတဲ့ တချိန်ကအမေဖြစ်နေတဲ့တရုတ်ကမင်္ဂလာပွဲ

News

တရုတ်ပြည် ကျန်းစုပြည်နယ် စုကျိုးက မင်္ဂလာဆောင်တစ်ခုမှာမထင်မှတ်တာဖြစ်ပွားခဲ့ပါတယ်။သတို့သားဖြစ်သူရဲ့အမေဟာ မင်္ဂလာဆောင်မှာ သတို့သမီးရဲ့လက်ကမွေးရာပါအမှတ်အသားကိုတွေ့ပြီ တအံ့တဩဖြစ်သွားပါတယ်။သတို့သားရဲ့အမေဟာ သတို့သမီးရဲ့မိဘတွေကို သတို့သမီးဟာမွေးစားသမီးဟုတ်မဟုတ်မေးတဲ့အခါမှာ သတို့သမီးရဲ့မိဘတွေက မွေးစားသမီးဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။

အားလုံးအသေးစိတ်ကို ဇာတ်ကြောင်းပြန်ဖော်လိုက်တဲ့အခါမှာ အဲ့ဒီသတို့သမီးဟာ သတို့သားအမေရဲ့ လွန်ခဲ့တဲ့နှစ် ၂၀ ကပျောက်ဆုံးနေတဲ့ သမီးအရင်းဖြစ်နေပါတော့တယ်။ကလေးမလေးပျောက်ဆုံးသွားချိန်မှာ လမ်းဘေးကနေ ကလေးမလေးကိုတွေ့တဲ့မိဘနှစ်ပါးကမွေးစားထားတာဖြစ်ပါတယ်။ဒီနေရာမှာ မင်္ဂလာပွဲကြီးပျက်တော့မယ်ထင်နေတယ်မလား မင်္ဂလာပွဲကြီးဟာ ပိုပြီးပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပခဲ့ပါသတဲ့။အန် ဟိုဒင်းက ဟိုလိုဘယ်လိုတွေလုပ်မလဲလို့ တွေးနေတယ်မလား

အကြောင်းမသိပဲ “မိုက်လိုက်တာသမီးရယ်” လို့ မပြောကြပါနဲ့။ ဒီစကားက ပေါကားထဲကကူးချထားတဲ့ စကားပါ။သတို့သားဟာ သတို့သားအမေရဲ့မွေးစားသားဖြစ်လို့ သတို့သားအမေဟာ သတို့သမီးအမေပြန်ဖြစ်သွားခဲ့ပါသတဲ့။ရှုပ်သွားသလားမသိဘူး။ သဘောမပေါက်ရင် နှစ်ခေါက်ပြန်ဖတ်ကြည့်ပါ။

သားရွှေအိုးထမ်းတဲ့ကိန်းဆိုက်သွားတာပေါ့ခင်ဗျာ။မင်္ဂလာပွဲမှာ သတို့သမီးဟာသူ့အမေအရင်းနဲ့ မခွဲနိုင်အောင်တင်းကျပ်စွာဖက်ပြီးငိုခဲ့ကြတာကို အားလုံးကမမေ့နိုင်ကြပါဘူးတဲ့။အခုလိုအမေလွဲသားလွဲကိစ္စတွေဟာ တရုတ်ပြည်ရဲ့လူကုန်ကူးမှုကိစ္စတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောတဲ့သူတွေကပြောနေကြပါတယ်။အခုလည်းသတို့သားရဲ့အဖေနဲ့အမေအရင်းတွေကို ပြန်လည်စုံစမ်းနေကြပါတယ်တဲ့။

credit – Richard Myo Thant

Leave a Reply