ရုရှားထုတ်ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးနှံပြီးသူ အာဂျင်တီးနားသမ္မတ ဗိုင်းရပ်စ်ကူးစက်ခံနေရ

News

ရုရှားထုတ် ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးနှံပြီးသူ အာဂျင်တီးနားသမ္မတ ဗိုင်းရပ်စ်ကူးစက်ခံနေရ

အာဂျင်တီးနားသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်စ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း အာဂျင်တီးနားတာဝန်ရှိသူများက ဧပြီ ၄ ရက်တွင် အတည်ပြုလိုက်ပြီး သမ္မတသည် ခေါင်းကိုက်ခြင်းနှင့် ဖျားနာခြင်းတို့ကို ခံစားရသော်လည်း ယေဘုယျအားဖြင့် ကျန်းမာရေးကောင်းမွန်သည်ဟု ထုတ်ပြန်ထားသည်။၎င်းသည် ကနဦးစမ်းသပ်မှုများအရ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းများအရ သီးခြားနေထိုင်နေသည်ဟု အသက် (၆၂) နှစ်အရွယ် သမ္မတဖာနန်ဒက်စ်က တွစ်တာတွင် ရေးသားဖော်ပြထားသည်။

၎င်းသည် ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးကို ယခုနှစ်အစောပိုင်းက ထိုးနှံထားသည်။စမ်းသပ်စစ်ဆေးမှုများအရ ရောဂါကူးစက်ခံနေရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ကာကွယ်ဆေးထိုးနှံထားခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ရောဂါလက္ခဏာများမှာ ပျော့ပျောင်းကြောင်း သမ္မတ၏ဆရာဝန်ဖြစ်သူ ကပြောသည်။

ယင်းသို့ စမ်းသပ်စစ်ဆေးမှုပြီးနောက်တွင်လည်း သမ္မတဖာနန်ဒက်စ်သည် အလုပ်တာဝန်များ ဆက်လက်ထမ်းဆောင်ဆဲဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံနေရသည့် အကြောင်းရင်းမရှိဘဲ မိမိ၏မွေးနေ့ကို ကုန်ဆုံးလိုကြောင်း၊ သို့သော် စိတ်ဓာတ်ကြံ့ခိုင်ကြောင်း သမ္မတဖာနန်ဒက်စ်ကဆိုသည်။Sputnik V ကာကွယ်ဆေးကို ထုတ်လုပ်ခဲ့သည့်ရုရှားနိုင်ငံ ဂါမာလီယာအင်စတီကျုက သမ္မတဖာနန်ဒက်စ်ထံ ကြေညာချက်တစ်စောင် ပေးပို့ခဲ့ပြီး အဆိုပါ ကာကွယ်ဆေးသည် ကူးစစ်မှုကို ၉၁ ဒသမ ၆ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး ပြင်းထန်သည့် ရောဂါလက္ခဏာများကို ၁၀၀ ရာခိုင်နှုန်းထိ ထိရောက်မှုရှိကြောင်း ပြောဆိုသည်။

credit – Captain Win

Leave a Reply