ရုရှား၏ထိပ်တန်းလက်နက်အဆင့်(၄၀)မှာVPK-7829 Bumerangသံချပ်ကာယာဥ်

Militarily News

ရုရှား၏ ထိပ်တန်းလက်နက်အဆင့်(၄၀)မှာ VPK-7829 Bumerang သံချပ်ကာယာဥ်ဖြစ်သည်။ ခြေလျင်တိုက် ခိုက်ရေးသံချပ်ကာယာဥ်၊ စစ်သည်တင်သံချပ်ကာယာဥ်နှင့် တင့်ဖျက်ယာဥ်အနေဖြင့် ထုတ်လုပ်ပေးထားသည်။ ၃၄ တန် အလေးချိန်ရှိပြီး Crew ၃ ဦး အပြင် စစ်သည် ၇ ဦး မှ ၈ ဦး အထိထပ်ဆောင်း တင်ဆောင်နိုင်သည်။ ၃၀ မမ အလို အလျောက်ပစ်စက်အမြောက်၊ Kornet-EM တင့်ဖျက်ဒုံးနှင့် PKT 7.62 mm coaxial machine gun ၁ လက် ကို ယှဥ်တွဲစက်သေနတ်အနေဖြင့် တပ်ဆင်ပေးထားသည်။

၈ ဘီးယက်သံချပ်ကာယာဥ် Bumerang တွင် မြင်းကောင်ရေ ၅၁၀ ရှိသော တာဘိုဒီဇယ်အင်ဂျင်တပ်ဆင်ထားသဖြင့် တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်းဖြင့် ၈၀၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်သည်။ မျိုးကွဲများအနေဖြင့် VPK-7829 K-16 Bumerang မှာ စစ်သည်တင်သံချပ်ကာယာဥ်(APC) မျိုးကွဲဖြစ်ကာ remote weapon station တွင် ၁၂. ၇ မမ စက်သေနတ်ကြီး ၁ လက် ကို တပ်ဆင်ပေးထားသည်။ VPK-7829 K-17 Bumerang အနေဖြင့် ခြေလျင်တိုက် ခိုက်ရေးသံချပ်ကာယာဥ်(IFV)မျိုးကွဲဖြစ်သည်။ ၃၀ မမ (သို့မဟုတ်) ၅၇ မမ အလိုအလျောက်ပစ် စက်အမြောက်ကို တပ်ဆင်ပစ်ခတ်သည်။ Bumerang တွင် ယာဥ်တင်တင့်ဖျက်အမြောက်တပ်ဆင်ထားသော anti-tank version ကို လည်း ထုတ်လုပ်ပေးထားသည်။ရုရုားထိပ်တန်းလက်နက်အဆင့်(၃၉)မှာ Kurganets-25 သံချပ်ကာယာဥ် ဖြစ်သည်။ BMP, BMD, MT-LB သံချပ်ကာယာဥ်များနေရာတွင် အစားထိုးရန်အတွက် ထုတ်လုပ် ပေးခြင်းဟုဆိုထားသည်။ Crew ၃ ဦး ပါဝင်ကာ စစ်သည်၈ ဦး အထိထပ်ဆောင်းတင်ဆောင်နိုင်သည်။

၂၅ တန် အလေးချိန်ရှိကာ 2A42 ခေါ် ၃၀ မမ အလိုအလျောက်ပစ် စက်အမြောက်၊ 9M133 Kornet-EP တင့်ဖျက်ဒုံးနှင့် ၇.၆၂ မမ စက်သေနတ် ၁ လက် ကိုတပ်ဆင်ထားရှိသည်။ မြင်းကောင်ရေ ၈၀၀ ရှိသော တာဘိုဒီဇယ်အင်ဂျင်ကိုတပ်ဆင် ထားသဖြင့် တစ်နာရီ ၈၀ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်း နှင်နိုင်စွမ်း ရှိသည်။ ငြိမ့်ညောင်းမှုစနစ် Torsion Bar ကို အသုံးပြုထားကာ Kurganets-25 IFV(Object693) မှာ ခြေလျင်တိုက်ခိုက်ရေးသံချပ်ကာယာဥ်ဖြစ်သည်။ စစ်သည် တင်သံချပ်ကာယာဥ်မျိုးကွဲမှာ Kurganets-25(Object 695)ဖြစ်သော်လည်း Kurganets-25 ARV မှာ ဆယ်တင် ပြင်ဆင်ရေးမျိုးကွဲဖြစ်သည်။ ဆယ်တင်ပြင်ဆင်ရေးအတွက် crane & winch တပ်ဆင်ထားသည့်အပြင် ကိုယ်ပိုင်ကာ ကွယ်ရေးအတွက် ၁၂. ၇ မမ စက်သေနတ်ကြီး ၁ လက် ကို တပ်ဆင်ထားရှိသည်။

ရုရုားထိပ်တန်းလက်နက်အဆင့်(၃၈)မှာ Terminator-3 ခေါ် BMPT “Terminator-3” ဖြစ်သည်။ T-72 တင့်ကား ၏ chassis ဖြစ်သော BMT “Terminator” အနေဖြင့် Terminator-3 မှစ၍ Armata Universal Combat Platform အသုံးပြုကာ လက်နက်တပ်ဆင်သည့်ဆုံလည် မှာ လူမဲ့ဆုံလည်အပြည့်ဖြစ်သည်။ မြင်းကောင်ရေ ၁၀၀၀ ရှိ သော V92S2 တာဘိုဒီဇယ်အင်ဂျင်ကို တပ်ဆင်ထားသဖြင့် တစ်နာရီ ၆၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ၅၅၀ ကီလိုမီတာ အထိ စစ်ဆင်နိုင်စွမ်း ရှိသည်။ ပေါ့ပါးခိုင်မာသည့် ပေါင်းစပ် သံချပ်ကာ(Composite armor)အပြင် တုန့်ပြန်ပေါက်ကွဲ သံချပ်ကာ(reactive armor)တို့ဖြင့် တည်ဆောက်ထား သောကြောင့် ၄၈ တန် သာ အလေးချိန်ရှိသော သံချပ်ကာ ယာဥ်ဖြစ်သည်။

လက်နက်တပ်ဆင်မှုများအနေဖြင့် ၁၃၀ မမ တင့်ဖျက်လောင်ဂျာဖြစ်သော 130 mm Ataka-T GWS launchers ၄ စုံ၊ 2A42 ၃၀ မမ အလိုအလျောက် ပစ်စက်အမြောက် ၂ လက် နှင့် ၇. ၆၂ မမ စက်သေနတ်၁ လက်တို့ဖြစ်သည်။လက်နက်စနစ်များ စုံလင်စွာတပ်ဆင် ထားရှိသော်လည်း BMT ” Terminator” အနေဖြင့် တင့် ကားများအား ပံ့ပိုး၍ ပူးပေါင်းတိုက်ပွဲဝင်သည့် Tank Support Fighting Vehicle သာဖြစ်သည်။

Crd-KokolinOo

Leave a Reply