မီးလောင်မှုတစ်ခုမှ အသက်စွန့်ကယ်ဆယ်ပေးရင်း မျက်နှာမျက်စီးသွားခဲ့ပြီး မှတ်ပုံတင်ထဲမှရုပ်ရည်နှင့် မတူတော့သည့်အတွက် လေယာဥ်စီးခွင့်မရခဲ့သော မီးသတ်သမားတစ်ယောက်၏ ဝမ်းနည်းဖွယ်အဖြစ်

News Social News

တရုတ်နိုင်ငံမှ မစ္စတာ Ta Hieu Huyဆိုသည့်မီးသတ်သမားတစ်ဦး၏ ဇာတ်လမ်းလေးဟာ အင်တာနက်သုံးစွဲသူများကြားတွင် နာမည်ကြီးနေခဲ့ပါတယ်။ထိုအမျိုးသားဟာ မီးလောင်မှုတစ်ခုကို ငြိမ်းသတ်ရင်းမှ မီးထဲပါသွားခဲ့ပြီး အခြားသုံးဦးက သေဆုံးသွားခဲ့ကာ အမျိုးသားကတော့ ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးသွားပြီး ခွဲစိတ်မှု၃၅ခါအထိကို ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

ထို့နောက် တစ်ရက်တွင် မီးထဲပါသွားခဲ့သော သူငယ်ချင်း၃ယောက်၏ အုတ်ဂူသို့သွားကြည့်ချင်တာကြောင့် လေဆိပ်တို့သွားရောက်ချိန်တွင် စစ်ဆေးခံခဲ့ရပါတယ်။

အမျိုးသားဟာ မှတ်ပုံတင်ထဲမှ မူလပုံစံအတိုင်းမဟုတ်သည့်အတွက် လုံခြုံရေးက လေဆိပ်ထဲပေးမဝင်သောကြောင့် ဝမ်းနည်းဖွယ်ရာ လေယာဥ်စီးခွင့်မရခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

 

Crd