ရုရှားဗုံးကြဲလေယာဉ် Tu-22 Backfire ပျက်ကျ၊ လိုက်ပါလာသူ ၄ ဦးအနက် ၃ ဦးသေဆုံး

News

ရုရှားဗုံးကြဲလေယာဉ် Tu-22 Backfire ပျက်ကျ၊ လိုက်ပါလာသူ ၄ ဦးအနက် ၃ ဦးသေဆုံး

မနေ့က ရုရှားနိုင်ငံ Kaluga ပြည်နယ်မှာ Tu-22 Backfire ဗုံးကြဲလေယာဉ်ပျက်ကျလို့ လိုက်ပါလာသူ ၃ ဦးစလုံး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လိုက်ပါလာသူ ၄ ဦးမှာ ၁ ဦးတည်းသာ အသက်ရှင်ခဲ့ပြီး ကျန်တဲ့ ၃ ဦးစလုံးဟာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။သေဆုံးခဲ့သူတွေဟာ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချဖို့အတွက် အမြင့်ပေလုံလောက်မှုမရှိတာကြောင့်လို့လည်း သုံးသပ်ထားပါတယ်။

ဗုံးကြဲလေယာဉ်မှာ KT-1M ejection seat တွေကို တပ်ဆင်ထားပေမယ့်လည်းအမြင့်ပေ ၂၀၀ အောက်မှာ တစ်နာရီ မိုင် ၈၀ နှုန်းနဲ့ ပျံသန်းနေတဲ့အချိန်မှသာခုန်ဖို့အတွက် လုံခြုံမှုရှိတာပါ။ Tu-22M3 ဟာ ပုံမှန်ပျံသန်းရမယ့် မြန်နှုန်းဟာ တစ်နာရီကို ၂၃၀ မိုင်နှုန်းလည်းဖြစ်တာကြောင့် ဒီလိုထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။

credit – TheDrive

Leave a Reply