မြန်မာ့တပ်မတော်ကဖျတ်သင်္ဘောကြီးတွေတည်ဆောက်နေပြီလား?

Local Militarily News

မြန်မာ့တပ်မတော်က ဖျတ်သင်္ဘောကြီးတွေ တည်ဆောက်နေပြီလား?

ဖျတ်သင်္ဘောတွေဟာ ဆိုရင်
စစ်ရေးဆိုင်ရာကိစ္စရပ်တွေကို လျင်မြန်စွာ စီမံခန့်ခွဲနိုင်ပြီး တာရှည်ခံတဲ့ စစ်သင်္ဘောတွေအဖြစ် ရေကြောင်းဝေါဟာရဆိုင်ရာ အဘိဓာန်တွေမှာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အဆိုပါဖျတ်သင်္ဘောအမျိုးအစားတွေကို ၁၉ရာစုနှောင်းပိုင်းမှာ စပိန်ရေတပ်အတွက် ဖာနန်ဒိုဗီလာမီလ်က စတင်တည်ထွင်ပေးခဲ့တာဖြစ်ပါတယ်။

၂၁ရာစုကာလတွေမှာတော့
ဖျတ်သင်္ဘောတွေဟာ မြေပြင်တိုက်ခိုက်ရေးအတွက် စံအဖြစ်သတ်မှတ်နိုင်တဲ့ စစ်ရေယာဉ်တွေအဖြစ် ရေကြောင်းမဟာဗျူဟာချမှတ်သူတွေက သတ်မှတ်ထားကြတာ တွေ့ရပါတယ်။ ဖျတ်သင်္ဘောအမျိုးအစား စစ်ရေယာဉ်တွေဟာ ဒုတိယကမ္ဘာစစ်ကာလတွေက နာမည်ကျော်ခဲ့တဲ့ ခရူဇာစစ်သင်္ဘောတွေထက် စွမ်းအားပိုမိုကောင်းမွန်မှုရှိလာခဲ့ပြီး အချို့သောနိုင်ငံ(ယူအက်စ်၊ရုရှား)တွေရဲ့ ဖျတ်သင်္ဘောတွေဆိုရင် နျူးကလီးယား ခရုစ်ဒုံးကျည်တွေကိုတောင် ပစ်ခတ်နိုင်ပါတယ်။

ဒီလိုအရေးပါတဲ့ ဖျတ်သင်္ဘောတွေကို ကမ္ဘာ့ပါဝါနိုင်ငံတွေ အသုံးပြုနေကြသလို ပင်လယ်ပြာအိပ်မက်(Regional Blue Water Navy)ကို အကောင်အထည်ဖော်နေတဲ့ မြန်မာ့တပ်မတော်ကလည်း ကိုယ်ပိုင်သင်္ဘောကျင်းတွေမှာ စတင်တည်ဆောက်နေပြီလို့ ယူဆရပါတယ်။ တပ်မတော်ဟာ ဒုံးကျည်တင်ဖျတ်သင်္ဘောအမျိုးအစား(DDG) စစ်ရေယာဉ်အနည်းဆုံး (၂)စီးခန့် တပ်မတော်(ရေ)ရဲ့ ၇၅-နှစ်မြောက် နှစ်ပတ်လည်နေ့(လာမည့်နှစ်နှစ်ခန့်အတွင်း)မှာ တပ်တော်ဝင်လာနိုင်တယ်လို့ အင်တာနက်သတင်းအချက်အလက်အချို့ကို ကောက်နှုတ်ပြီးတင်ပြလိုက်ရပါတယ်။

နိုင်ငံတကာရေးရာ သတင်း/ဆောင်းပါးများ မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Leave a Reply