သာကောကြီးပြန်ခေါင်းထောင်လာနိုင်တော့မှာလား(ဘိုင်ဒင်လက်ထက် အာဆီယံဒေသ စီးပွားရေးမျှော်လင့်ချက်)

News

ဘိုင်ဒင်လက်ထက် အာဆီယံဒေသ စီးပွားရေးမျှော်လင့်ချက်

Credit – Future_Post_Journal
မင်းမြတ်စံ

လာမည့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်လက်ထက် အမေရိကန်-တရုတ်ဆက်ဆံရေး တိုးတက်လာမှုက ကမ္ဘာ့စီးပွားရေးကို ပင့်တင်ပေးရာရောက်မည်ဟု တရုတ်နှင့် တောင်ကိုရီးယားတို့ရှိ စီးပွားရေးခေါင်းဆောင် ထက်ဝက်ကျော်က မျှော်လင့်နေကြောင်း ဂျပန်မှ နစ်ကေးအာရှနှင့် တရုတ်၊ တောင်ကိုရီးယား ရှေ့ဆောင်သတင်းစာများ၏ မကြာမီက လေ့လာဆန်းစစ်ချက်အရ သိရသည်။

ဂျိုးဘိုင်ဒင် သမ္မတအဖြစ် တာဝန်ယူသည့် ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းတွင် အမေရိကန်-တရုတ် နှစ်ဘက်အကျိုးတူဆက်ဆံရေး တိုးတက်မည် သို့တည်းမဟုတ် ကြီးမားစွာတိုးတက်မည်ဟု တရုတ်နိုင်ငံတွင် တုန့်ပြန်သူ ၅၇ ရာခိုင်နှုန်းတို့က ပြောဆိုကြပြီး တောင်ကိုရီးယားတွင် ၅၁ ရာခိုင်နှုန်းက အလားတူ တုန့်ပြန်သည်။
ဂျပန်စီးပွားရေးခေါင်းဆောင်များကမူ အကောင်းမြင်မှု ပိုမိုနည်းပါးလျက် အမေရိကန်-တရုတ်ဆက်ဆံရေး တိုးတက်မည်ဟု ၂၅ ရာခိုင်နှုန်းကျော်မျှသာ မျှော်လင့်ကြပြီး ယခင်အတိုင်း ရှိနေမည်ဟု မျှော်မှန်းသူက ရာခိုင်နှုန်း ၇၀ ကျော်သည်။

ဟွာဝေးနည်းပညာလုပ်ငန်းနှင့် အခြားတရုတ်ကုမ္ပဏီများကို ထရမ့်အစိုးရက နိုင်ငံတော်လုံခြုံရေးအန္တရာယ်အပေါ် အခြေပြုလျက် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြင့် ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား ဆက်ဆံရေးသည် သိသိသာသာ ယိုယွင်းခဲ့သည်။
အထက်ပါ အာရှနိုင်ငံကြီးသုံးနိုင်ငံအသီးသီးတွင် ဆန်းစစ်ချက် ရာခိုင်နှုန်း ၆၀ ကျော်အရ နိုင်ငံတစ်ခုစီရှိ စီးပွားရေးလုပ်ငန်းများသည် နိုင်ငံကြီးနှစ်ခု၏ အငြင်းပွားမှုအကြားမှ ထွက်ပေါ်လာသည့် အနှောင့်အယှက်ဖြစ်သည့် ထောက်ပံ့ရေးကွင်းဆက်များနှင့် ရလာဒ်များကြောင့် ထိခိုက်ခဲ့သည်။

ထရမ့်နှင့် ကွဲပြားသည့် ဘိုင်ဒင်သည် နိုင်ငံစုံဝါဒီတစ်ဦးဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် ကိုဗစ်-၁၉ ကပ်ဘေးကဲ့သို့ နိုင်ငံတကာပြဿနာများကို တရုတ်နှင့်အတူ ကိုင်တွယ်ရန်ဆန္ဒရှိကြောင်း ပြသထားသည်။ သို့သော် အချို့သော စီးပွားရေး အမှုဆောင်များကမူ ဘိုင်ဒင်သည် အဆင့်မြင့်နည်းပညာနှင့် ဆက်နွယ်လာလျှင် တရုတ်နှင့်ပတ်သက်သည့် အမေရိကန်အစိုးရ၏ တင်းမာသည့်ရပ်တည်ချက်ကို ထိန်းသိမ်းထားမည်ဟု မျှော်လင့်ကြသည်။

ဆန်းစစ်လေ့လာမှုကို ဒီဇင်ဘာ ၇ ရက်မှ ၂၂ ရက်အတွင်း ဂျပန်မှ Nikkei ၊ တောင်ကိုရီးယားမှ Maeil Business Newspaper နှင့် တရုတ်ပြည်သူ့နေ့စဉ်မှပိုင်ဆိုင်သည့်(တရုတ်ကွန်မြူနစ်ပါတီအာဘော်) Global Times သတင်းတို့ ပါဝင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် တစ်နိုင်ငံစီမှ စီးပွားရေးအမှုဆောင် ၁၀၀ ခန့်ဖြင့် စုစုပေါင်း ထိပ်တန်း စီးပွားရေးအမှုဆောင် ၂၉၀ ကို မေးမြန်းဆန်းစစ်ခဲ့ခြင်းဖြစ်သည်။
ဂျပန်၊ တရုတ်နှင် တောင်ကိုရီးယားတို့မှ စီးပွားရေးအမှုဆောင်များသည် ယခုနှစ်တွင် ၎င်းတို့စီးပွားရေးကို ကပ်ရောဂါက မည်သို့သက်ရောက်မည်ကို အကဲဖြတ်မှုတွင် ကွာခြားကြသည်။

ဂျပန်မှ ရာခိုင်နှုန်း ၉၀ နီးပါးနှင့် တောင်ကိုရီးယားမှ ရာခိုင်နှုန်း ၆၀ ဝန်းကျင်ရှိ မန်နေဂျာများက ကျန်းမာရေးအကျပ်အတည်းသည် ၂၀၂၁ အတွင်း ၎င်းတို့လုပ်ငန်းများကို ဆိုးကျိုးသက်ရောက်မည် သို့မဟုတ် ဆိုးကျိုး အနည်းငယ်သက်ရောက်မည်ဟု ပြောဆိုကြသည်။
တရုတ်မန်နေဂျာ ရာခိုင်နှုန်း ၃၀ ဝန်းကျင်က သက်ရောက်မှုရှိမည်မဟုတ်ဟု မျှော်မှန်းကြသည်။ အခြား ရာခိုင်နှုန်း ၃၀ က လွန်ခဲ့သည့်နှစ်က ကျဆင်းခဲ့သည့်တရုတ်စီးပွားရေး ပြန်လည်နာလန်ထူရန် အပေါင်းလက္ခဏာဖြစ်လာမည် သို့မဟုတ် အပေါင်းလက္ခဏာ အနည်းငယ်ဖြစ်လာမည်ဟု မျှော်လင့်ကြသည်။
နိုင်ငံသုံးခုတို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အပါအဝင် အခြားအရာများက ကွဲပြားမှုအမြင်ကို ရောင်ပြန်ဟပ်သည်။
တရုတ်နိုင်ငံတွင် စီးပွားရေးအမြင်နှင့်ပတ်သက်၍ အကောင်းမြင်သည့် မန်နေဂျာများ ပိုမိုများပြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများ နှေးကွေးလာချိန်တွင် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းသည် လုပ်ငန်းများကို မောင်းနှင်ပေးသည် အင်ဂျင်တစ်လုံးဖြစ်ကြောင်း ဗောက်စ်ဝက်ဂွန်-တရုတ် ဖောကားအုပ်စု အရောင်းကုမ္ပဏီ၏ ဒုတိယအထွေထွေမန်နေဂျာ မာဇန်ရှန်က ဒီဇင်ဘာလတွင် ပြောဆိုခဲ့သည်။
တရုတ်သည် လော့ဒေါင်းချမှတ်ခြင်းနှင့် အခြားတင်းကျပ်သည့်ကန့်သတ်ချက်များဖြင့် ကိုဗစ်-၁၉ ရောဂါပြန့်နှံ့မှုကို ကျယ်ကျယ်ပြန့်ပြန့် ရပ်ဆိုင်းစေခဲ့သည်။ တစ်ချိန်တည်းတွင် မော်တော်ကားဝယ်ယူရန် အမတော်ကြေး ထုတ်ပေးခြင်းကဲ့သို့ လုပ်ရပ်များဖြင့် စီးပွားရေးနှိုးဆွရန်ခြေလှမ်းများ လှမ်းခဲ့သည်။ ရလာဒ်ကား ကားသစ်ရောင်းချရမှုသည် လွန်ခဲ့သည့်နှစ် အလားတူကာလထက် နိုဝင်ဘာတွင် ၁၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ရှစ်လဆက်တိုက် အရောင်းတိုးတက်မှုလည်း ဖြစ်ခဲ့သည်။

ငွေဖောင်းပွဖြင့် ညှိနှိုင်းထားသည့် ဂျီဒီပီ ပြည်တွင်းထုတ်ကုန်တိုးတက်မှုသည် ဧပြီမှ ဇွန်အတွင်း ၃ ဒသမ ၂ ရာခိုင်နှုန်း၊ နောက်ထပ်သုံးလပတ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့မှုနှင့်အတူ တရုတ်စီးပွားရေး ပြန်လည် ခုန်တက်လာမှုသည် ဂျပန်၊ တောင်ကိုရီးယားတို့ထက် မြန်ဆန်လှသည်။
အင်တာနက်အခြေပြု ဝန်ဆောင်မှုလုပ်ငန်းများကို ဂျပန်နှင့် တောင်ကိုရီးယားတို့ထက် တရုတ်တွင် ပိုမိုကျယ်ပြန့်စွာ သုံးစွဲသည်။ ယင်းတိမ်းညွှတ်မှုကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက မြင့်တက်စေခဲ့သည်။

Tencent Holdings ၊ Alibaba Group Holding နှင့် JD.com တို့ကဲ့သို့ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများ တိုးတက်မှုသည် တရုတ်စီးပွားရေး ပြန်လည်နာလန်ထူမှုတွင် ပါဝင်ခဲ့သည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု တိုက်ပွဲဝင်ရင်း မက်ခရိုစီးပွားရေးနှင့် ပထဝီနိုင်ငံရေးအန္တရာယ်များ ကြုံတွေ့နေရစဉ် မိမိတို့၏ ဆန်းသစ်တီထွင်မှုများ ပိုမိုနက်ရှိုင်းစေရမည် ဟု Tencent အမှုဆောင်ချုပ် မာဟွာတန်းက နိုဝင်ဘာနှောင်းပိုင်းတွင် ပြောဆိုခဲ့သည်။
Tencent နည်းပညာကုမ္ပဏီသည် ၂၀၂၀ ဇူလိုင်မှ စက်တင်ဘာ လေးလပတ်အတွင်း အသားတင်အမြတ် ယွမ် ၃၈ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ) ရရှိခဲ့ပြီး နှစ်အလိုက် ရာခိုင်နှုန်း ၉၀ အထိ တိုးတက်ခဲ့သည်။ လူအများအိမ်တွင် ပိုနေရခြင်းကြောင့် ဗွီဒီယိုနှင့် တိုက်ရိုက်လွှင့်ဂီတဝန်ဆောင်မှုများကို ပုံမှန်သုံးစွဲမှု မြင့်တက်လာ၍ ဖြစ်သည်။

အွန်လိုင်းဂိမ်းများမှ ဝင်ငွေများ ပိုမိုရရှိခဲ့ခြင်းကိုလည်း ရောင်ပြန်ဟပ်သည့် ရလာဒ်များဖြစ်သည်။
တရုတ်နှင့်ခြားနားစွာ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် ၂၀၂၀ ဒုတိယနှစ်ဝက်မှစ၍ ကိုဗစ်-၁၉ လှိုင်းသစ်များ ဖြစ်ပေါ်ခဲ့သည်။ မကြာမီက မဟာတိုကျိုဧရိယာတွင် အရေးပေါ်အခြေအနေကို ဂျပန်အစိုးရ ပြန်လည်ထုတ်ပြန်လိုက်ရသည်။ များစွာသော ဂျပန်နှင့် တောင်ကိုရီးယားကုမ္ပဏီများ ရွက်လွှင့်ရန် လေငြိမ်နေသည့်အခိုက်အတန့်ပင် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမြင်ကွင်းနှင့်ပတ်သက်၍ တရုတ်မန်နေဂျာ ၅၃ ရာခိုင်နှုန်းက ကမ္ဘာ့စီးပွားရေး လျင်မြန်စွာ နာလန်ထူလာမည်ဟု ယုံကြည်ကြသည်။ ထိုစဉ် ဂျပန်မှ ၈၆ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားမှ ၅၅ ရာခိုင်နှုန်းသော စီးပွားရေးမန်နေဂျာများက ဖြေးညှင်းစွာ နာလန်ထူလာမည်ဟုသာ ခန့်မှန်းကြသည်။
ယင်းသုံးနိုင်ငံတွင် နာလန်ထူမှုကွဲပြားသော အရှိန်အဟုန်ကြောင့် ခြားနားသည့်အမြင်များ ပေါ်ပေါက်လာခြင်း ဖြစ်တန်ရာသည်။

ကပ်ဘေးနှင့်ပတ်သက်၍ အကောင်းမြင်မှုနည်းပါးနေသည့် ဂျပန်ကုမ္ပဏီများအနေဖြင့် နည်းပညာ ဆန်းသစ်တီထွင်မှုများနှင့် ဈေးကွက်သစ်များဖွံ့ဖြိုးရေးတို့ကို ပိုမိုသတိပြုကြရတော့မည်ဖြစ်ကြောင်း ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ဒုတိယဥက္ကဌဟောင်း ယာဆူရှီ တနာကာက ပြောဆိုသည်။
ဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှုအသစ်များကို တားဆီးရန် အလုပ်သမားများ အိမ်မှသာ အလုပ်လုပ်ရန် ပိုမိုလိုအပ်မည်ဟု တောင်ကိုရီးယားအမှုဆောင် ၃၉ ရာခိုင်နှုန်းနှင့် တရုတ်အမှုဆောင် ၂၄ ရာခိုင်နှုန်းတို့က တောင်းဆိုခဲ့ကြသည်။

အလီဘာဘာနှင့် အခြားကုမ္ပဏီများက ကမ်းလှမ်းသည့် အွန်လိုင်းစည်းဝေးပွဲဖန်ရှင်များ အသုံးပြုမှုသည် တရုတ်တွင် သိသိသာသာ တိုးတက်လာစဉ် တောင်ကိုရီးယားအစိုးရက ကုမ္ပဏီများအား ဒီဂျစ်တယ်စနစ်သို့သွားနိုင်ရေး ကူညီရန် အာရုံစိုက်သွားမည်ဟု လွန်ခဲ့သည့်ဇူလိုင်က ကြေညာခဲ့သည်။
ဂျပန်တွင် အလုပ်အကိုင်များ အွန်လိုင်းပေါ်သို့ မည်မျှရွှေ့ပြောင်းနိုင်ပါမည်နည်းဟု သံသယရှိကြပြီး အိမ်မှအလုပ်လုပ်မှု ချဲ့ထွင်ရန် ၉ ဒသမ ၈ ရာခိုင်နှုန်းကသာ ဆန္ဒပြုခဲ့ကြသည်။ ရာခိုင်နှုန်း ၉၀ နီးပါးတို့က နေမြဲအတိုင်း ဆက်ထားလိုကြသည်။

အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် လူနေမှုပုံစံပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်ရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများက ဒီဂျစ်တယ်ပြောင်းလဲခြင်းအစီအစဉ်များကို ရှေ့တိုးလုပ်ဆောင်နေစဉ် ဂျပန်တွင် အလားတူ အားထုတ်မှုမျိုး တိုးမြှင့်လာစေရန် မျှော်လင့်ချက်ဖြင့် တောင်းဆိုနေရသည်။
ယခုနှစ်တွင် ငွေလုံးငွေရင်းသုံးစွဲရန်အစီအစဉ်နှင့်ပတ်သက်၍ တရုတ်စီးပွားရေးလုပ်ငန်းခေါင်းဆောင် ၆၃ ရာခိုင်နှုန်းက ပြည်တွင်းရင်းနှီးမြှပ်နှံမှု မြှင့်တင်ရန် စီစဉ်မည်ဟု ပြောဆိုခဲ့သည်။

ရာခိုင်နှုန်း ၆၀ ဝန်းကျင်သော ဂျပန်နှင့် တောင်ကိုရီးယားကုမ္ပဏီများက ပြည်တွင်းရင်းနှီးမြှပ်နှံမှုသည် ယမန်နှစ်အဆင့်ထက်ပင် နိမ့်ကျလိမ့်မည်ဟု ပြောဆိုကြသည်။
နိုင်ငံသုံးခုစလုံး၏ နာလန်ပြန်ထူမှုအရှိန်အဟုန် ခြားနားချက်များကို တဖန်ရှာဖွေကြည့်ကြပါဦးစို့။
ကပ်ရောဂါဘေးက ကမ္ဘာ့စီးပွားရေးကို ပြင်းထန်စွာသက်ရောက်စေခြင်းနှင့်အတူ တရုတ်ကုမ္ပဏီများသည် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများလုပ်ရာတွင် ပိုမိုစိစစ် ရွေးချယ်လာကြသည်။ တရုတ်ကုမ္ပဏီ ၃၇ ရာခိုင်နှုန်းက ၎င်းတို့၏ ပင်လယ်ရပ်ခြား ရင်းနှီးမြှပ်နှံမှု လျှော့ချရန် စီစဉ်နေကြောင်း ပြောဆိုခဲ့ကြပြီး ၃၈ ရာခိုင်နှုန်းတို့က အမေရိကန်တွင် ရင်းနှီးမြှပ်နှံမှုလျှော့ချရန် အာရုံစိုက်မည်ဟု ပြောဆိုခဲ့ကြသည်။ ယင်းသည် ထရမ့်အစိုးရ၏ ပိတ်ဆို့မှုများကို တုန့်ပြန်မှုဟု ရှုမြင်ဖွယ်ရာပင်။
ဂျပန်နှင့် တောင်ကိုရီးယားကုမ္ပဏီများက ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုနှစ်ရပ်စလုံး ယျေဘူယျတည်ငြိမ်နေရန် မျှော်လင့်ကြပြီး အခြားမည်သည့်နေရာထက်မဆို အရှေ့တောင်အာရှတွင် ပိုမိုရင်းနှီးမြှပ်နှံရန် စီစဉ်နေသည်။ ယင်းဒေသသည် အမေရိကန်နှင့် ဥရောပတို့ထက် ကိုရိုနာဗိုင်းရပ်စ် ဆိုးရွားစွာသက်ရောက်မှု နည်းပါးလှသောကြောင့်ဖြစ်သည်။

ထပ်မံဖြည့်စွက်ရလျှင် လွန်ခဲ့သည့်နှစ်က ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် အာဆီယံ ၁၀ နိုင်ငံတို့ အပါအဝင် နိုင်ငံ ၁၅ နိုင်ငံတို့ ဒေသဆိုင်ရာစီးပွားရေးမိတ်ဘက်ဆောင်ရွက်မှုဆိုင်ရာ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် အရှေ့တောင်အာရှတွင် အလယ်အလတ်နှင့် ကြာရှည် စီးပွားရေးတိုးတက်ရန် မျှော်မှန်းချက်များ အားကောင်းနေပြီဖြစ်သည်။
အမေရိကန်-တရုတ် ပွတ်တိုက်မိမှုက ယင်းဒေသအတွက် ပြဿနာမကြီးကျယ်လှသဖြင့် အရှေ့တောင်အာရှသည် ဆွဲဆောင်မှုရှိသည့် ရင်းနှီးမြှပ်နှံမှုစခန်းပန်းတိုင်အဖြစ် ဂျပန်နှင့် တောင်ကိုရီးယားကုမ္ပဏီများက ရှုမြင်ကောင်း ရှုမြင်နိုင်ဖွယ် ရှိပေကြောင်း ဖော်ပြလိုက်ရပါသည်။
(Nikkei Asia မှ East Asian executives expect better US-China ties under Biden ကို ပြန်ဆိုသည်)

Min Myat San မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi

Leave a Reply