မြန်မာ့စီးပွားလည်းကိုဗစ်ကြောင့်အထိနာ

News

ဒီကနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့မြန်မာ့စီးပွားရေး ခန့်မှန်းသုံးသပ်ချက်အစီရင်ခံစာအရတော့ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ထဲ၌ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ COVID-19 ကူးစက်ကပ်ရောဂါကြောင့် ထိခိုက်မှုတွေများစွာရှိစေခဲ့ပြီးနောက် ၁.၇%နှုန်းအဆင့်အထိ ကျဆင်းမှုရှိနိုင်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။အဲဒိနှုန်းဟာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တုန်းက ရှိခဲ့တဲ့စီးပွားရေး တိုးတက်မှုနှုန်း ၆.၈%အောက်များစွာ ကျဆင်းမှု ရှိနိုင်မည့်နှုန်းလည်းဖြစ်ပါသည်။ဒီအတိုင်းဆိုရင် လာမည့်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်မှာလည်း မြန်မာ့စီးပွားရေးက ထိခိုက်မှုတွေ ထပ်ပြီးရှိလာဖို့က မလွဲနိုင်လောက်ပေ။ကိုဗစ် ကပ်ရောဂါရဲ့ ဒုတိယလှိုင်းက ပထမလှိုင်းတုန်းကထက် မြန်မာ့စီးပွားရေးအပေါ်၌ များစွာထိခိုက်မှုတွေ ရှိစေခဲ့ဟု ကမ္ဘာ့ဘဏ်ကသုံးသပ် ခန့်မှန်းထားပါသည်။ကိုဗစ်ကာကွယ်ဆေးကလည်း နောက်နှစ်ထဲမှာ လူတန်းစေ့ ထိုးနှံပေးနိုင်ဖို့ဆိုတာက ဖြစ်နိုင်ချေ အလွန်နည်းနိုင်ပါသည်။ကာကွယ်ဆေးမရသေးရင်တော့ မြန်မာ့စီးပွားရေးက ဦးမော့လာနိုင်ချေ မရှိနိုင်သေးလောက်ပေ။လာမည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၌မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက၂%နှုန်းအဆင့်လောက်သာ ရှိနိုင်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသုံးသပ်ထားပါသည်။နောက်ထပ် lockdownတွေထပ်ရှိလာရင် ဒီ့ထက်ပိုပြီးဆိုးသွားနိုင်ချေရှိနိုင်ပါသည်။ကာကွယ်ဆေးကလည်းနောက်နှစ်ထဲအထိ လူတန်းစေ့ မရနိုင်သေးလို့ နောက်တနှစ်လုံးlockdownထပ်လုပ်လို့တော့ မရနိုင်လောက်တော့။ကိုဗစ်နှင့် လိုက်လျောညီထွေ နေနိုင်ခြင်းသည်ကသာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။*ကိုဗစ်ဖြစ်သည့်နှစ်ထဲ၌ မြန်မာ့ရွေးကောက်ပွဲရှိခဲ့ခြင်းဟာ မြန်မာပြည်သူတို့အတွက် ဒုက္ခနှင့်လှလှတွေ့ဆုံပြီး ပေါင်းဖက်လိုက်သလိုပါဘဲ။

(မှတ်ချက်။ ။ ရွေးကောက်ပွဲကို အပြစ်တင်ခြင်းမျိုးမဟုတ်။ ကျရောက်တဲ့ အချိန်ကာလကိုသာအပြစ်တင်ခြင်းဖြစ်သည်)

#KoNayNay

Leave a Reply