ဘင်္ဂလားဒေ့ရှ်ရေတပ်ကမြန်မာ၏မာစီဒီးအတွက်ရည်ရွယ်ပုံရသည့်ရေငုပ်သင်္ဘောတိုက်ဖျက်နိုင်မည့်ကော်ဗက်စစ်ရေယာဉ်တည်ဆောက်ရန်တင်ဒါထုတ်ပြန်ထား၊တူရကီကကူညီရန်ကမ်းလှမ်းနေ

Militarily News

ဘင်္ဂလားဒေ့ရှ်ရေတပ်အနေနဲ့ သင်္ဘောဖျက်ဒုံးကျည် ၈ စင်း တပ်ဆင်အသုံး ပြုမယ့် အကြီးစားကင်းလှည့်ရေယာဉ်စနစ်ဝယ်ယူဖို့အတွက် တင်ဒါထုတ်ပြန်မှုပြုလုပ်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ဒါ့ကြောင့် အဆိုပါစစ်ရေယာဉ်တည်ဆောက်မှုအတွက် ADA ATMACA သင်္ဘောဖျက်ဒုံးကျည်စနစ်တွေ တပ်ဆင်အသုံးပြုနိုင်မယ့် ကော်ဗက်စစ်ရေယာဉ်ကို တည်ဆောက်ပေးမယ်လို့ တူရကီဘက်က ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ ရရှိတဲ့သတင်းအချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်ရေတပ်အနေနဲ့လည်း ATMACA သင်္ဘောဖျက်ဒုံးကျည်စနစ်တွေတပ်ဆင်ထားတဲ့ အဆိုပါကော်ဗက်စစ်ရေယာဉ်တွေကို စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ သို့သော်လည်း ၎င်းတို့က ပြည်တွင်းသင်္ဘောကျင်းမှာ တည်ဆောက်စေချင်နေတာပါ။လက်ရှိအချိန်မှာတော့ တူရကီရေတပ်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ADA အတန်းအစား ကော်ဗက်စစ်ရေယာဉ်တွေကို ၎င်းတို့ရဲ့ ရေငုပ်သင်္ဘောကာကွယ်ရေးအတွက် အလေးထားအသုံးပြုလျက်ရှိပါတယ်။ADA ကော်ဗက်စစ်ရေယာဉ်တွေမှာ အမေရိကန်ထုတ် Harpoon Block II Anti-Ship Missile တွေကို တပ်ဆင်ထားပြီး နောက်ဆုံး TCG KINALIADA (F-514) စစ်ရေယာဉ်မှာတော့ Roketsan ထုတ် ATMACA Anti-Ship Missile စနစ်ပါတွဲလျက်တပ်ဆင်ထားရှိပါတယ်။တူရကီရေတပ်အတွက် ATMACA Anti-Ship Missile များ အမြောက်အမြားထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ်၌ စတင်ဆောင်ရွက်ဖို့စီစဉ်ထားပါတယ်။တူရကီကုမ္ပဏီအနေနဲ့ ပါကစ္စတန်အတွက် ADA Class Corvette ဒီဇိုင်းနှင့်ဆင်တူမှုရှိမယ့် Jannah Class Frigate တွေကိုတည်ဆောက်ပေးဖို့အတွက် ဆောင်ရွက်လျက်ရှိပြီး နှစ်စီးကို တူရကီမှာတည်ဆောက်မှာဖြစ်ပြီး နှစ်စီးကို တော့ ပါကစ္စတန်မှာပဲ တည်ဆောက်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

ပုံ-တူရကီရေတပ်၏ ADA အတန်းအစားကော်ဗက်စစ်ရေယာဉ်

#MyanmarNews24

Leave a Reply