ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (၂) ရဲ့ ဈာပနအခမ်းအနားအစီအစဉ် ပေါက်ကြားမှုဖြစ်ပွား

News

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (၂) ရဲ့ ဈာပနအခမ်းအနားအစီအစဉ် ပေါက်ကြားမှုဖြစ်ပွား

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (၂) ကွယ်လွန်ပြီးနောက် ပြုလုပ်သွားမယ့် ဈာပနအခမ်းအနားအစီအစဉ်တွေဟာ ပေါက်ကြားမှုဖြစ်ပွားခဲ့ပါတယ်။Operation London Bridge လို့ နာမည်ပေးထားတဲ့ ဒီအစီအစဉ်အသေးစိတ်အချက်အလက်တွေကို Politico သတင်းဌာနက ထုတ်ဖော်ခဲ့တာဖြစ်ပြီး ဘုရင်မကြီးကွယ်လွန်မယ့်နေ့ကို D Day အဖြစ် ရည်ညွှန်းလိမ့်မယ်လို့လည်း အစီရင်ခံစာထဲ ပါရှိခဲ့ပါတယ်။

ဘုရင်မကြီးကွယ်လွန်ပြီး နာရီပိုင်းနဲ့ ရက်ပိုင်းအကြာမှာပဲ စတင်မယ့် ကြီးမားတဲ့စီမံကိန်းအတိုင်းအတာကို သောကြာနေ့က ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေမှာ ပထမဆုံးအကြိမ်တွေ့မြင်ခဲ့ရတာပါ။ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်ရဲ့ ဥသျှောင်ဘုရင်မကြီးဟာ နိုင်ငံ့သမိုင်းတစ်လျှောက် အရှည်ကြာဆုံးထီးနန်းစိုးစံခဲ့သူဖြစ်ပြီး ကွယ်လွန်ပြီး ၁၀ ရက်အကြာမှာ သဂြိုလ်မှာဖြစ်ကာ ထီးမွေနန်းမွေကိုတော့ သားဖြစ်သူ မင်း သားချားလ် (ဝေးလ်နယ်စား) ဆက်ခံမှာဖြစ်ပါတယ်။

အစီအစဉ်တွေမှာပါဝင်မှုအရ ဘုရင်မကြီးရဲ့ရုပ်အလောင်းကို ပါလီမန်မှာ ၃ ရက်ကြာထားရှိမှာဖြစ်ပြီး လူပေါင်းသိန်းနဲ့ချီကာ လာရောက်ဂါရဝပြုမယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားကာ လမ်းပိတ်ဆို့မှု၊ စားနပ်ရိက္ခာပြတ်တောက်မှုတွေဖြစ်ပေါ်မှာကိုလည်း ထည့်သွင်းတွက်ချက်ထားတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် ဈာပနကို ဦးတည်ရောက်ရှိလာမယ့် မကြုံစဖူးလူအုပ်ကြီး နဲ့ ခရီးသွားရှုပ်ထွေးမှုတွေကို စီမံခန့်ခွဲဖို့ ကြီးမားတဲ့လုံခြုံမှုစစ်ဆင်ရေးတစ်ခုကို စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ထီးနန်းဆက်ခံမယ့် ဘုရင်အသစ် ချားလ်ဟာ ဘုရင်မကြီးကွယ်လွန်ပြီးနောက် ရက်ပိုင်းအတွင်းမှာ ဗြိတိန် ၄ နိုင်ငံကို တိုင်းခန်းလှည့်လည်မှာဖြစ်ပြီး ဝန်ကြီးချုပ်နဲ့ ဘုရင်မင်းမြတ်ကြားမှာ ဘုရင်မကြီးကွယ်လွန်မယ့်နေ့ကို အမျိုးသားဝမ်းနည်းစရာနေ့အဖြစ် သတ်မှတ်ဖို့ သဘောတူညီထားပြီးဖြစ်ပါတယ်။ အတိအကျဖော်ပြထားခြင်းမရှိပေမယ့်လည်း အဆိုပါကာလအတွင်းမှာ နိုင်ငံတဝှမ်းအားလပ်ရက်တွေအဖြစ် သတ်မှတ်ပေးဖို့လည်း စီစဉ်ထားကြောင်း Politico က ဆိုပါတယ်။

ဒီအစီအစဉ်တွေပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဘက်ကင်ဟမ်နန်းတော်ကတော့ တစ်စုံတစ်ရာမှတ်ချက်ပြုတာမျိုးမရှိသေးပါဘူး။ ၂၀၁၇ ခုနှစ်ကလည်း The Guradian သတင်းဌာနက Operation London Bridge နဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာတွေကို ဆောင်းပါးရှည်ကြီးရေးသားကာ ဖော်ပြခဲ့ဖူးပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ၿဗိတိန္ဘုရင္မႀကီး အဲလစ္ဇဘက္ (၂) ရဲ့ ဈာပနအခမ္းအနားအစီအစဥ္ ေပါက္ၾကားမႈျဖစ္ပြား

ၿဗိတိန္ဘုရင္မႀကီး အဲလစ္ဇဘက္ (၂) ကြယ္လြန္ၿပီးေနာက္ ျပဳလုပ္သြားမယ့္ ဈာပနအခမ္းအနားအစီအစဥ္ေတြဟာ ေပါက္ၾကားမႈျဖစ္ပြားခဲ့ပါတယ္။Operation London Bridge လို႔ နာမည္ေပးထားတဲ့ ဒီအစီအစဥ္အေသးစိတ္အခ်က္အလက္ေတြကို Politico သတင္းဌာနက ထုတ္ေဖာ္ခဲ့တာျဖစ္ၿပီး ဘုရင္မႀကီးကြယ္လြန္မယ့္ေန႔ကို D Day အျဖစ္ ရည္ညႊန္းလိမ့္မယ္လို႔လည္း အစီရင္ခံစာထဲ ပါရွိခဲ့ပါတယ္။

ဘုရင္မႀကီးကြယ္လြန္ၿပီး နာရီပိုင္းနဲ႔ ရက္ပိုင္းအၾကာမွာပဲ စတင္မယ့္ ႀကီးမားတဲ့စီမံကိန္းအတိုင္းအတာကို ေသာၾကာေန႔က ေပါက္ၾကားခဲ့တဲ့ စာရြက္စာတမ္းေတြမွာ ပထမဆုံးအႀကိမ္ေတြ႕ျမင္ခဲ့ရတာပါ။ အသက္ ၉၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ၿဗိတိန္ရဲ့ ဥေသၽွာင္ဘုရင္မႀကီးဟာ နိုင္ငံ့သမိုင္းတစ္ေလၽွာက္ အရွည္ၾကာဆုံးထီးနန္းစိုးစံခဲ့သူျဖစ္ၿပီး ကြယ္လြန္ၿပီး ၁၀ ရက္အၾကာမွာ သၿဂိဳလ္မွာျဖစ္ကာ ထီးေမြနန္းေမြကိုေတာ့ သားျဖစ္သူ မင္း သားခ်ားလ္ (ေဝးလ္နယ္စား) ဆက္ခံမွာျဖစ္ပါတယ္။

အစီအစဥ္ေတြမွာပါဝင္မႈအရ ဘုရင္မႀကီးရဲ့႐ုပ္အေလာင္းကို ပါလီမန္မွာ ၃ ရက္ၾကာထားရွိမွာျဖစ္ၿပီး လူေပါင္းသိန္းနဲ႔ခ်ီကာ လာေရာက္ဂါရဝျပဳမယ္လို႔ အာဏာပိုင္ေတြက ေမၽွာ္လင့္ထားကာ လမ္းပိတ္ဆို႔မႈ၊ စားနပ္ရိကၡာျပတ္ေတာက္မႈေတြျဖစ္ေပၚမွာကိုလည္း ထည့္သြင္းတြက္ခ်က္ထားတယ္လို႔ ဆိုပါတယ္။ ဒီအတြက္ေၾကာင့္ ဈာပနကို ဦးတည္ေရာက္ရွိလာမယ့္ မၾကဳံစဖူးလူအုပ္ႀကီး နဲ႔ ခရီးသြားရႈပ္ေထြးမႈေတြကို စီမံခန႔္ခြဲဖို႔ ႀကီးမားတဲ့လုံျခဳံမႈစစ္ဆင္ေရးတစ္ခုကို စီစဥ္ထားေၾကာင္းလည္း သိရပါတယ္။

ထီးနန္းဆက္ခံမယ့္ ဘုရင္အသစ္ ခ်ားလ္ဟာ ဘုရင္မႀကီးကြယ္လြန္ၿပီးေနာက္ ရက္ပိုင္းအတြင္းမွာ ၿဗိတိန္ ၄ နိုင္ငံကို တိုင္းခန္းလွည့္လည္မွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္နဲ႔ ဘုရင္မင္းျမတ္ၾကားမွာ ဘုရင္မႀကီးကြယ္လြန္မယ့္ေန႔ကို အမ်ိဳးသားဝမ္းနည္းစရာေန႔အျဖစ္ သတ္မွတ္ဖို႔ သေဘာတူညီထားၿပီးျဖစ္ပါတယ္။ အတိအက်ေဖာ္ျပထားျခင္းမရွိေပမယ့္လည္း အဆိုပါကာလအတြင္းမွာ နိုင္ငံတဝွမ္းအားလပ္ရက္ေတြအျဖစ္ သတ္မွတ္ေပးဖို႔လည္း စီစဥ္ထားေၾကာင္း Politico က ဆိုပါတယ္။

ဒီအစီအစဥ္ေတြေပါက္ၾကားမႈနဲ႔ပတ္သက္ၿပီး ဘက္ကင္ဟမ္နန္းေတာ္ကေတာ့ တစ္စုံတစ္ရာမွတ္ခ်က္ျပဳတာမ်ိဳးမရွိေသးပါဘူး။ ၂၀၁၇ ခုႏွစ္ကလည္း The Guradian သတင္းဌာနက Operation London Bridge နဲ႔ပတ္သက္တဲ့ အေသးစိတ္အေၾကာင္းအရာေတြကို ေဆာင္းပါးရွည္ႀကီးေရးသားကာ ေဖာ္ျပခဲ့ဖူးပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။