ဖိလစ်ပိုင်အိမ်အကူက ရာသီသွေးနဲ့ဆီးကို စင်ကာပူအိမ်ရှင်အမျိုးသားစားသောက်တဲ့အထဲကိုထည့်ရောခဲ့

News

ဖိလစ်ပိုင်အိမ်အကူက ရာသီသွေးနဲ့ဆီးကို စင်ကာပူအိမ်ရှင်အမျိုးသားစားသောက်တဲ့အထဲကိုထည့်ရောခဲ့

အိမ်ရှင်အမျိုးသားရဲ့ဖုန်းထဲကို ၂၀၁၉ ဒီဇင်ဘာ ၁၅ ရက်နေ့ည ၁၁နာရီ ၁၄ မိနစ်မှာ လူတစ်ယောက်ဆီ မက်ဆေ့ဝင်လာတယ်လို့ဆိုပါတယ်။
မက်ဆေ့ထဲမှာ သူတို့အိမ်အကူ ဖိလစ်ပိုင်အမျိုးသမီး Canares Rowena Ola (၄၄ နှစ်ဟာ) ဟာ အစားအသောက်ထဲမှာ ရာသီသွေးနဲ့ ဆီးထည့်ခဲ့ကြောင်း အသိပေးတာဖြစ်ပါတယ်။

အဲ့ဒီမက်ဆေ့ပို့သူဟာ အိမ်အကူရဲ့ရည်းစားဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ အဲ့ဒီမှာ အိမ်ရီင်အမျိုးသားဟာ ရှော့အကြီးကြီးရသွားပြီး ချက်ခြင်းရဲစခန်းကိုပြေးပါတယ်။

ရဲကဖိလစ်ပိုင်အမျိုးသမီးကိုစစ်ဆေးတော့ ဟုတ်တယ်လို့တစ်ခါပြောပြီး ဆောရီးလို့အကြိမ်ကြိမ်ပြောတယ်လို့ဆိုပါတယ်။
နောက်တော့ မဟုတ်ဘူးလို့ပြောပြန်ပါတယ်။ အဲ့ဒီအိမ်ရှင်အမျိုးသားဟာ သူ့အမျိုးသမီးရယ်ကလေးတွေရယ်နဲ့ အတူနေတာပါ။
အဲ့ဒါနဲ့ နေ့လည်စာထမင်းဘူးတွေ၊ ပန်းကန်ခွက်ယောက်တွေ၊ ထမင်းအိုး ဟင်းအိုးတွေကို အကုန်လွှင့်ပစ်လိုက်ပါတယ်။

အိမ်မှာလည်း အဲ့ဒီဖိလစ်ပိုင်အိမ်အကူကိုမထားရဲတော့လို့ ဖိလစ်ပိုင်သံရုံးကိုသွားအကူအညီတောင်းတာ မအောင်မြင်ပါ။
နောက် ၁၁ ရက်အကြာမှာမှသူ့အိမ်ကနေ ထွက်သွားဖို့ နေရာစီစဉ်နိုင်ခဲ့ပါတယ်။
ပြဿနာက မက်ဆေ့ပို့တဲ့ ဖိလစ်ပိုင်အိမ်အကူရဲ့ ရည်းစားဟောင်းက သေသွားပါပြီ။

edit: အဲ့ဒီရည်းစားကို ရဲကဆေးရုံမှာနောက်တစ်လလောက်အကြာမှာ မေးခွင့်ရခဲ့ပါသတဲ့။
အဲ့ရည်းစားက ကင်ဆာနဲ့သေသွားတာဖြစ်ပြီး အိမ်အကူကသူ့ကိုအဲ့လိုလုပ်တာပြောခဲ့ကြောင်း၊ ဒီကိစ္စမှာသူမပါကြောင်းထွက်ဆိုခဲ့တယ်လို့ statement ယူခဲ့တဲ့ရဲကပြောပါတယ်။

အခုတော့ ဖိလစ်ပိုင်အိမ်အကူက ဒါမမှန်တဲ့အမှုဆိုပြီး တရားရင်ဆိုင်ဖို့ဆုံးဖြတ်ပါတယ်။
တရားရုံးမှာ အိမ်အကူရဲ့ရှေ့နေက အိမ်ရှင်ကဒေါသထွက်ပြီး မေးမြန်းလို့အဲ့ဒီနေ့ကအဖြေမမှန်ဘူးလို့ဆိုပါတယ်။
မက်ဆေ့သက်သေကိုပြတဲ့အခါမှာ အိမ်အကူကသူဟာ သူ့ရည်းစားဟောင်းကို အဲ့လိုရာသီသွေးနဲ့သေးတွေအစားအသောက်ထဲထည့်ကျွေးတယ်လို့ ညာပြောခဲ့တာလို့ဆိုပါတယ်။

အမှုကတော့ဆက်လက်စစ်ဆေးနေပြီး ဘာဖြစ်မလဲမသိရသေးပါ။
အိမ်ရှင်ကတော့ လန့်ဖြန့်ပြီး အဲ့ဒီကတည်းကအိမ်အကူလုံးဝမငှားတော့ပဲ မိသားစုဝင်တွေမျှပြီး အိမ်အလုပ်ကိုလုပ်နေတယ်လို့ဆိုပါတယ်။
crd:Richard Myo Thant
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ဖိလစ္ပိုင္အိမ္အကူက ရာသီေသြးနဲ႔ဆီးကို စင္ကာပူအိမ္ရွင္အမ်ိဳးသားစားေသာက္တဲ့အထဲကိုထည့္ေရာခဲ့

အိမ္ရွင္အမ်ိဳးသားရဲ့ဖုန္းထဲကို ၂၀၁၉ ဒီဇင္ဘာ ၁၅ ရက္ေန႔ည ၁၁နာရီ ၁၄ မိနစ္မွာ လူတစ္ေယာက္ဆီ မက္ေဆ့ဝင္လာတယ္လို႔ဆိုပါတယ္။
မက္ေဆ့ထဲမွာ သူတို႔အိမ္အကူ ဖိလစ္ပိုင္အမ်ိဳးသမီး Canares Rowena Ola (၄၄ ႏွစ္ဟာ) ဟာ အစားအေသာက္ထဲမွာ ရာသီေသြးနဲ႔ ဆီးထည့္ခဲ့ေၾကာင္း အသိေပးတာျဖစ္ပါတယ္။

အဲ့ဒီမက္ေဆ့ပို႔သူဟာ အိမ္အကူရဲ့ရည္းစားေဟာင္းျဖစ္ေနတာကိုေတြ႕ရပါတယ္။ အဲ့ဒီမွာ အိမ္ရီင္အမ်ိဳးသားဟာ ေရွာ့အႀကီးႀကီးရသြားၿပီး ခ်က္ျခင္းရဲစခန္းကိုေျပးပါတယ္။

ရဲကဖိလစ္ပိုင္အမ်ိဳးသမီးကိုစစ္ေဆးေတာ့ ဟုတ္တယ္လို႔တစ္ခါေျပာၿပီး ေဆာရီးလို႔အႀကိမ္ႀကိမ္ေျပာတယ္လို႔ဆိုပါတယ္။
ေနာက္ေတာ့ မဟုတ္ဘူးလို႔ေျပာျပန္ပါတယ္။ အဲ့ဒီအိမ္ရွင္အမ်ိဳးသားဟာ သူ႔အမ်ိဳးသမီးရယ္ကေလးေတြရယ္နဲ႔ အတူေနတာပါ။
အဲ့ဒါနဲ႔ ေန႔လည္စာထမင္းဘူးေတြ၊ ပန္းကန္ခြက္ေယာက္ေတြ၊ ထမင္းအိုး ဟင္းအိုးေတြကို အကုန္လႊင့္ပစ္လိုက္ပါတယ္။

အိမ္မွာလည္း အဲ့ဒီဖိလစ္ပိုင္အိမ္အကူကိုမထားရဲေတာ့လို႔ ဖိလစ္ပိုင္သံ႐ုံးကိုသြားအကူအညီေတာင္းတာ မေအာင္ျမင္ပါ။
ေနာက္ ၁၁ ရက္အၾကာမွာမွသူ႔အိမ္ကေန ထြက္သြားဖို႔ ေနရာစီစဥ္နိုင္ခဲ့ပါတယ္။
ျပႆနာက မက္ေဆ့ပို႔တဲ့ ဖိလစ္ပိုင္အိမ္အကူရဲ့ ရည္းစားေဟာင္းက ေသသြားပါၿပီ။

edit: အဲ့ဒီရည္းစားကို ရဲကေဆး႐ုံမွာေနာက္တစ္လေလာက္အၾကာမွာ ေမးခြင့္ရခဲ့ပါသတဲ့။
အဲ့ရည္းစားက ကင္ဆာနဲ႔ေသသြားတာျဖစ္ၿပီး အိမ္အကူကသူ႔ကိုအဲ့လိုလုပ္တာေျပာခဲ့ေၾကာင္း၊ ဒီကိစၥမွာသူမပါေၾကာင္းထြက္ဆိုခဲ့တယ္လို႔ statement ယူခဲ့တဲ့ရဲကေျပာပါတယ္။

အခုေတာ့ ဖိလစ္ပိုင္အိမ္အကူက ဒါမမွန္တဲ့အမႈဆိုၿပီး တရားရင္ဆိုင္ဖို႔ဆုံးျဖတ္ပါတယ္။
တရား႐ုံးမွာ အိမ္အကူရဲ့ေရွ႕ေနက အိမ္ရွင္ကေဒါသထြက္ၿပီး ေမးျမန္းလို႔အဲ့ဒီေန႔ကအေျဖမမွန္ဘူးလို႔ဆိုပါတယ္။
မက္ေဆ့သက္ေသကိုျပတဲ့အခါမွာ အိမ္အကူကသူဟာ သူ႔ရည္းစားေဟာင္းကို အဲ့လိုရာသီေသြးနဲ႔ေသးေတြအစားအေသာက္ထဲထည့္ေကၽြးတယ္လို႔ ညာေျပာခဲ့တာလို႔ဆိုပါတယ္။

အမႈကေတာ့ဆက္လက္စစ္ေဆးေနၿပီး ဘာျဖစ္မလဲမသိရေသးပါ။
အိမ္ရွင္ကေတာ့ လန႔္ျဖန႔္ၿပီး အဲ့ဒီကတည္းကအိမ္အကူလုံးဝမငွားေတာ့ပဲ မိသားစုဝင္ေတြမၽွၿပီး အိမ္အလုပ္ကိုလုပ္ေနတယ္လို႔ဆိုပါတယ္။
crd:Richard Myo Thant
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။