ဒေါ်လာ သန်း ၆၀၀ ကို အပျင်းပြေချင်လို့ ဟက်လိုက်တာဆိုတဲ့ ဟက်ကာ၊ ကုမ္ပဏီကတောင် တောင်းပန်နေရ

News Tech

ဒေါ်လာ သန်း ၆၀၀ ကို အပျင်းပြေချင်လို့ ဟက်လိုက်တာဆိုတဲ့ ဟက်ကာ၊ ကုမ္ပဏီကတောင် တောင်းပန်နေရ

ဒစ်ဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့ ခရစ္စပတိုကာရန်စီဟက်ကာတဦးဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁၀ ရက်နေ့က ဒေါ်လာသန်း ၆၀၀ကျော်ကိုဟက်ခဲ့ပါတယ်။ ပိုလီနက်ခ်ဝက်ဆိုတဲ့ အဖွဲ့အစည်းတခုဆီက ခရစ္စပတိုငွေတွေကို ဟက်ခ်ခဲ့တာဖြစ်ပြီး၊ တွစ်တာမှာ တော်တော်လေးနာမည်ကြီးသွားပါတယ်။

ဟက်ခ်ကာဟက်လိုက်လို့ ပိုလီနက်ခ်ဝက်အဖွဲ့အစည်းမှာ ပြဿနာအကြီးအကျယ်တက်သွားပါတယ်။ ကာလပေါက်ဈေး ဒေါ်လာသန်း ၆၀၀ကျော်အထိ ခရစ္စပတိုငွေတွေပါသွားချိန်မှာ ဘာမှမလုပ်တတ်တော့ပါဘူး။ တွစ်တာမှာ အသနားခံစာရေးခဲ့ပြီး၊ ပိုက်ဆံပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အခုလိုဟက်ခ်သွားတဲ့အထဲမှာ လူထောင်နဲ့ချီတဲ့သူတွေရဲ့ပိုက်ဆံတွေပါလို့ ပြန်ပေးဖို့ကို ချစ်လှစွာသော ဟက်ခ်ကာလို့ကိုသုံးနှုန်းခဲ့ပါတယ်။ နောက်တော့ ဟက်ခ်ကာနဲ့အဆက်အသွယ်ရပြီး၊ ဒေါ်လာသန်း ၂၆၀ဖို့ပြန်ပေးခဲ့ပါတယ်။ ပြန်ပေးခဲ့ချိန်မှာ ဟက်ခ်ကာပြောတာက ပိုက်ဆံစိတ်မဝင်စားလို့ပြန်ပေးတာလို့ဆိုပါတယ်။

ဒါပေမဲ့ ပိုက်ဆံတွေကကျန်ပါသေးတယ်။ ဟက်ခ်ကာကလည်း တမင်ကိုပြန်မပေးသေးပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့အမေးအဖြေကဏ္ဍလေးကို လူတွေကိုဖတ်စေချင်နေတာကြောင့်ပါ။ တွမ်ရောဘင်ဆန်ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ဟက်ကာကြားမှာ အခုလိုအမေးအဖြေလုပ်ထားပါတယ်။

မေး-ဘာလို့ဟက်ခ်။ ဖြေ-ပျင်းလို့။ မေး-ပိုလီနက်ခ်ဝက်ကိုဘာလို့ဟက်ခ်တာလဲ။ ဖြေ-ခရော့ခ်ချိန်း ဟက်ကင်းက ရေပန်းစားနေလို့။ မေး-ဘာလို့တိုကင်တွေနဲ့ပြန်လွှဲတာလဲ။ ဖြေ-အဲ့လိုလွှဲတာက စိတ်ချရတယ်ဟ။ ဆိုပြီး အမေးအဖြေက စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။

တခုရှိတာက ဒီဟက်ခ်ကာက နာမည်လုံးဝမကြီးချင်ပါဘူး။ သူ့အကြောင်းကိုလည်း လုံးဝထုတ်ပြောမှာမဟုတ်ဘူးလို့ဝန်ခံထားပါတယ်။ လက်ရှိအချိန်မှာပိုက်ဆံစုစုပေါင်း ဒေါ်လာသန်း ၄၇၇ငသန်းကျော်ဖို့ပြန်ပေးထားပြီလို့သိရပါတယ်။ ကျန်တဲ့ပိုက်ဆံတွေကိုလည်း တခုမှမယူဘဲပြန်ပေးမှာပါလို့ဆိုထားပါတယ်။

Ref:BBC
Credit