ဒရုန်းနဲ့တကွက်ပြပီး အမေရိကန်တို့ ကဘူးလ်လေဆိပ်ကို ထပ်မံတိုက်ခိုက်မယ့် မော်တော်ယာဉ်ကိုဒရုန်းနဲ့ရှင်းလင်းပစ်ခဲ့

News

ကဘူးလ်လေဆိပ်အတွက် အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့မော်တော်ယာဉ်တစ်စိးကို ဒရုန်းနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောဆိုလိုက်ပါတယ်။IS တွေနဲ့ ဆက်နွယ်နေသူ အနည်းဆုံးတစ်ဦး လိုက်ပါလာတယ်လို့ ယူဆရပြီး ကဘူးလ်လေဆိပ်ကို နောက်ထပ်ခြိမ်းခြောက်တိုက်ခိုက်မှုပြုလုပ်နိုင်တဲ့ အနေအထားမှာရှိနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့လည်း ရှင်းပြခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေဆိပ်ကိုခြိမ်းခြောက်မှုပပျောက်ဖို့ ရည်ရွယ်ပြီး မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်တပ်ဖွဲ့ပြောခွင့်ရဗိုလ်ကြီး Bill Urban က ဆိုပါတယ်။

“ပစ်မှတ်ကို ထိမှန်ပြီး အောင်မြင်မှုရခဲ့တယ်လို့ ကျွန် တော်တို့ ယုံကြည်ပါတယ်၊ ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွားတာကို ကြည့်ရင် ဒီကားပေါ်မှာ ဖော က်ခွဲရေးပစ္စည်းတွေတင်ဆောင်လာတယ်ဆိုတာကို ညွှန် ပြနေပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုတွေပြုလုပ်အပြီးမှာ အရပ်ဘက်ထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းကို ဗဟိုစစ်ဌာနချုပ်က သတိပြုစောင့်ကြည့်နေတယ်လို့လည်း နောက်ပိုင်းမှာ သူက ပြောကြားခဲ့ပါတယ်။“ဘာဖြစ်သွားလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး၊ စုံစမ်းမှုတွေပြုလုပ်နေပါတယ်၊ အပြစ်မဲ့သူတွေရဲ့ အသက်ဆုံးရှုံးနိုင်တဲ့အလားအလာအတွက် ကျွန်တော်တို့ တကယ်စိတ်မကောင်းဖြစ်ရပါတယ်” လို့ Bill က ပြောခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။

ကဘူးလ်လေဆိပ်နဲ့အနီးမှာ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့ပြီး လူမှုကွန်ရက်ပေါ် တွေ့မြင်ရတဲ့ ဓာတ်ပုံတွေမှာတော့ အမည်းရောင်မီးခိုးလုံးတွေဟာ လေဆိပ်အဆောက်အဦထက်တောင်မှ မြင့်တက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကဘူးလ်လေဆိပ် အသေခံဗုံးခွဲမှုကို ISIS-K အဖွဲ့က ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ်ခြိမ်းခြောက်မှုတွေရှိနေနိုင်တယ်လို့ အမေရိကန်က သတိပေးထားခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြီးမှာလည်း အမေရိကန်က လက်တုံ့ပြန်မှုတွေပြုလုပ်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့သူကို သုတ်သင်နိုင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ကဘူးလ်လေဆိပ်မှာ နောက်ထပ် ၂၄ နာရီကနေ ၃၆ နာရီအတွင်း တိုက်ခိုက်ခံရနိုင်တယ်လို့ တိကျတဲ့ထောက်လှမ်းရေးသတင်းတွေရရှိထားကြောင်း ဂျိုးဘိုင်ဒင်ကပြောဆိုခဲ့ပြီး သတိထားဖို့အတွက် တိုက်တွန်းခဲ့ပါသေးတယ်။…

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ကဘူးလ္ေလဆိပ္အတြက္ အႏၲရာယ္ရွိတယ္လို႔ ယူဆရတဲ့ေမာ္ေတာ္ယာဥ္တစ္စိးကို ဒ႐ုန္းနဲ႔တိုက္ခိုက္မႈျပဳလုပ္ခဲ့တယ္လို႔ အေမရိကန္ဗဟိုစစ္ဌာနခ်ဳပ္က ေျပာဆိုလိုက္ပါတယ္။IS ေတြနဲ႔ ဆက္ႏြယ္ေနသူ အနည္းဆုံးတစ္ဦး လိုက္ပါလာတယ္လို႔ ယူဆရၿပီး ကဘူးလ္ေလဆိပ္ကို ေနာက္ထပ္ၿခိမ္းေျခာက္တိုက္ခိုက္မႈျပဳလုပ္နိုင္တဲ့ အေနအထားမွာရွိေနတာေၾကာင့္ တိုက္ခိုက္ခဲ့တာလို႔လည္း ရွင္းျပခဲ့ပါတယ္။

တနဂၤေႏြေန႔မွာ တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ေလဆိပ္ကိုၿခိမ္းေျခာက္မႈပေပ်ာက္ဖို႔ ရည္ရြယ္ၿပီး ေမာင္းသူမဲ့ေလယာဥ္နဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ အေမရိကန္တပ္ဖြဲ႕ေျပာခြင့္ရဗိုလ္ႀကီး Bill Urban က ဆိုပါတယ္။

“ပစ္မွတ္ကို ထိမွန္ၿပီး ေအာင္ျမင္မႈရခဲ့တယ္လို႔ ကၽြန္ ေတာ္တို႔ ယုံၾကည္ပါတယ္၊ ဒုတိယအႀကိမ္ေပါက္ကြဲမႈျဖစ္ပြားတာကို ၾကည့္ရင္ ဒီကားေပၚမွာ ေဖာ က္ခြဲေရးပစၥည္းေတြတင္ေဆာင္လာတယ္ဆိုတာကို ညႊန္ ျပေနပါတယ္” လို႔ သူက ေျပာခဲ့ပါတယ္။

ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြျပဳလုပ္အၿပီးမွာ အရပ္ဘက္ထိခိုက္မႈရွိတယ္ဆိုတဲ့ သတင္းကို ဗဟိုစစ္ဌာနခ်ဳပ္က သတိျပဳေစာင့္ၾကည့္ေနတယ္လို႔လည္း ေနာက္ပိုင္းမွာ သူက ေျပာၾကားခဲ့ပါတယ္။“ဘာျဖစ္သြားလဲဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး၊ စုံစမ္းမႈေတြျပဳလုပ္ေနပါတယ္၊ အျပစ္မဲ့သူေတြရဲ့ အသက္ဆုံးရႈံးနိုင္တဲ့အလားအလာအတြက္ ကၽြန္ေတာ္တို႔ တကယ္စိတ္မေကာင္းျဖစ္ရပါတယ္” လို႔ Bill က ေျပာခဲ့ေၾကာင္း BBC က ေဖာ္ျပခဲ့ပါတယ္။

ကဘူးလ္ေလဆိပ္နဲ႔အနီးမွာ က်ယ္ေလာင္တဲ့ေပါက္ကြဲသံႀကီးထြက္ေပၚလာခဲ့ၿပီး လူမႈကြန္ရက္ေပၚ ေတြ႕ျမင္ရတဲ့ ဓာတ္ပုံေတြမွာေတာ့ အမည္းေရာင္မီးခိုးလုံးေတြဟာ ေလဆိပ္အေဆာက္အဦထက္ေတာင္မွ ျမင့္တက္ေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ကဘူးလ္ေလဆိပ္ အေသခံဗုံးခြဲမႈကို ISIS-K အဖြဲ႕က ျပဳလုပ္ခဲ့ၿပီးေနာက္ ေနာက္ထပ္ၿခိမ္းေျခာက္မႈေတြရွိေနနိုင္တယ္လို႔ အေမရိကန္က သတိေပးထားခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္မႈအၿပီးမွာလည္း အေမရိကန္က လက္တုံ႔ျပန္မႈေတြျပဳလုပ္ခဲ့ၿပီး အၾကမ္းဖက္တိုက္ခိုက္မႈကို စီစဥ္ခဲ့သူကို သုတ္သင္နိုင္ခဲ့တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ကဘူးလ္ေလဆိပ္မွာ ေနာက္ထပ္ ၂၄ နာရီကေန ၃၆ နာရီအတြင္း တိုက္ခိုက္ခံရနိုင္တယ္လို႔ တိက်တဲ့ေထာက္လွမ္းေရးသတင္းေတြရရွိထားေၾကာင္း ဂ်ိဳးဘိုင္ဒင္ကေျပာဆိုခဲ့ၿပီး သတိထားဖို႔အတြက္ တိုက္တြန္းခဲ့ပါေသးတယ္။…

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။