တရုတ်နှင့်ဆော်လမွန်ကျွန်းစုသဘောတူစာချုပ်နှင့်ပတ်သက်၍အ​မေရိကန်မဟာမိတ်များစိုးရိမ်​နေ

News Social News

Credit to Popular Journal –

တရုတ်နှင့်ဆော်လမွန်ကျွန်းစုသဘောတူစာချုပ်နှင့်ပတ်သက်၍အ​မေရိကန်မဟာမိတ်များစိုးရိမ်​နေ

ဆူဗာ၊ ဇူလိုင် ၁၃ ရက်

ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ်သည် တရုတ်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် ဇူလိုင်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။

အဆိုပါ လုံခြုံရေး သဘာတူညီချက်ကြောင့် ပေကျင်း၏ စစ်ရည်မှန်းချက်နှင့် ပတ်သက်၍ အမေရိကန်မဟာမိတ်များကြား စိုးရိမ်မှု ဖြစ်ပေါ်စေခဲ့သည်။

ဝန်ကြီးချုပ် မနာဆာ ဆိုဂါဗားသည် ဖီဂျီ၌ ကျင်းပသော ပစိဖိတ်ကျွန်းစုများ ဖိုရမ်၏ ပြင်ပ သီးခြားဆွေးနွေးပွဲများတွင် သြစတြေးလျ ၀န်ကြီးချုပ် အန်တိုနီ အယ်ဘာနီးစ်၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန် တို့နှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ဆော်လမွန်ကျွန်းစုတို့၏ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်သည် ဩစတြေးလျရွေးကောက်ပွဲတွင် အဓိကပြဿနာဖြစ်လာခဲ့သည်။ အယ်ဘာနီးစ်က ထိုသို့ဖြစ်ပေါ်လာခြင်းသည် ယခင်ဝန်ကြီးချုပ်ဟောင်း စကော့တ်မောရစ်ဆင်၏ သံတမန်ရေးရာ ပျက်ကွက်မှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆိုဂါဗားသည် ၎င်းလုံခြုံရေး သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံအား စစ်အခြေစိုက်စခန်းထားရှိခွင့် ပြုထားခြင်းကို​ ငြင်းဆိုထားသည်။

ဆိုဂါဗားက အစဉ်အလာရှိမိတ်ဖတ်ဖြစ်သော ဩစတြေးလျနှင့် သဘောတူညီချက်များမှာ မလုံလောက်သောကြောင့် တရုတ်ပရောဂျက်များကို အကာအကွယ်ပေးမည့် အဆိုပါလုံခြုံရေး သဘောတူညီချက်ကို ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အယ်လ်ဘာနီးစ်က ဩစတြေးလျနှင့် ဆော်လမွန်ကျွန်းစုများသည် ပူး​ပေါင်းအကျိုးအမြတ်ရရှိရေးအတွက် နှစ်နိုင်ငံကြား ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

ပစိဖိတ်ဒေသ၏ အဖွဲ့ဝင်အနေဖြင့် ၎င်းဒေသ၏ အကျိုးစီးပွားတိုးတက်ရေးအတွက် လုပ်ဆောင်ချင်သေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။

Source: Reuters

 

Crd