တခေတ်ကုန်တဲ့ဒေါ်နယ်(ပြတိုက်ထဲရောက်သွားတဲ့ထရမ့်ဘေဘီ)

News

ပြတိုက်ထဲရောက်သွားတဲ့ ထရမ့်ဘေဘီ

ထရမ့်အငယ်စားလေးပုံစံ မိုးပျံပူဖောင်းကို အမှတ်ရကြဦးမယ်ထင်တယ်။ ၂၀၁၈ မှာ သမ္မတထရမ့် လန်ဒန်ကိုလာလည်တုန်းက ထရမ့်ကို ဆန္ဒပြတဲ့သူတွေ ပိုက်ဆံတစ်ကျပ်တစ်ပြားစီစုပြီး အဲဒီ ထရမ့်ဘေဘီ မိုးပျံပူဖောင်းလုပ်လို့ ပထမဆုံးအကြိမ် လေပေါ်လွှတ်တင်ခဲ့တာပေါ့။

ခေတ်ပေါ်မိုးပျံပူဖောင်းဆိုတော့ ဟီလီယမ်ဓာတ်ငွေ့ထည့်ထားတာပေါ့။ လန်ဒန်အပြင် ပြင်သစ်၊ အာဂျင်တီးနား၊ အိုင်ယာလန်နဲ့ ဒိန်းမတ်အပါအဝင် နိုင်ငံတွေကို ထရမ့်ကို ကန့်ကွက်ဆန္ဒပြရင်း သရော်လှောင်ပြောင်ဖို့ တိုင်းခန်းလှည့်ခဲ့တဲ့ ထရမ့်ဘေဘီလေး ..အခု နောက်ဆုံး သူ့အတွက် အိမ်တစ်လုံးရပြီ။
လန်ဒန်ပြတိုက်တဲ့။ ရာသီဥတုပြောင်းလဲရေး အစချီတဲ့ ဆန္ဒပြမှုတွေ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြပွဲ အထိမ်းအမှတ်ပစ္စည်းတွေ စုပြထားတဲ့နေရာမှာပါ..။

ထရမ့်ဘေဘီအရုပ်ကို ပြထားခြင်းအားဖြင့် လန်ဒန်ကို အဲဒီနေ့က ဖုံးလွှမ်းသွားတဲ့ ထရမ့်ဆန့်ကျင်ရေး အခိုက်အတန့်ကို ခံစားနိုင်တဲ့ လှိုင်းတံပိုးကို မှတ်မှတ်သားသား ဖြစ်စေမယ်လို့ ပြတိုက်ဒါရိုက်တာက ပြောသတဲ့။
၂၀ ရာစုအစောပိုင်းက အမျိုးသမီးမဲပေးခွင့်ရရေးကနေ ခြိုးခြံချွေတာမှု ဆန့်ကျင်ရေး ချီတက်ပွဲတွေ၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ မကြာခင်က and Black Lives Matter အရေးအထိ ပြောဆိုခွင့်ရမယ့်နေရာအဖြစ် လန်ဒန်မြို့တော်ကြီးက အားလုံးအတွက် တည်ရှိနေမယ်လို့ ဆိုတယ်..။

ထရမ့်ဘေဘီကို ဖန်တီးခဲ့သူတွေကလည်း ဒီအရုပ်ဟာ .. အမုန်းတရားဆိုင်ရာနိုင်ငံရေးကို တိုက်ဖျက်ဖို့အတွက် သတိပေးချက်တစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်၊ အခုတော့ ထရမ့်ဘေဘီကို သမိုင်းထဲ စွန့်ပစ်လိုက်နိုင်လို့ ကျေနပ်အားရတယ်.. သူ့ရဲ့သမိုင်း အဆုံးသတ်ပါလေစ ဆိုတဲ့ ထင်ထောင်ထင်မှားအတွေးမျိုး ကျွန်တော်တို့မှာ မရှိဘူးလို့လည်း ပြောသွားတယ်။ အဲဒီအုပ်စုနဲ့အတူ ရာသီဥတုပြောင်းလဲမှုအရေး ဆော်သြတဲ့ လီယိုမာရီလည်း ရှိနေတယ်..။

ထရမ့်ဟာ နောက်နှစ်ရက်ဆိုရင် အမေရိကန်သမ္မအဖြစ်က ဆင်းပေးရတော့မယ်.. သူရဲ့ ဝရုန်းသုန်းကား လေးနှစ်တာသက်တမ်းအတွင်း အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ကနေ အမေရိကန်ကို ဖယ်ထုတ်၊ ကြမ်းရိုင်းတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေချမှတ်၊ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွှွဲ၊ ကိုဗစ် ၁၉ ကပ်ဘေးရဲ့ အဖျက်စွမ်းအားကို လျှော့တွက်ပြီး အကြီးအကျယ်သဘောထားကွဲသွားတဲ့နိုင်ငံကို ချန်ရစ်ခဲ့တယ်။
ဤအပြောများကား မိမိအမြင်မဟုတ် .. ရိုက်တာသတင်း ဖော်ပြချက်တစ်ရပ်ကို ဘာသာပြန်ခြင်းသာတည့် ..။

zawgyi

Leave a Reply