ဆေးခန်းရဲ့စံမော်ဒယ်အဖြစ် ဇနီးကို အလှဆုံးခွဲစိတ်ပြုပြင်ပေးခဲ့တဲ့ ဆရာဝန်တစ်ဦး

News

Florida နိုင်ငံ Miami မြို့ရှိ ပလပ်စတစ်ဆာဂျူရီခွဲစိတ်ဆရာဝန်တစ်ဦးဟာ သူကိုယ်တိုင် ဇနီးသည်အား ပြီးပြည့်စုံတဲ့အလှတစ်ခုဖြစ်စေဖို့ နဲ့ သူ့ဆေးခန်းရဲ့ စံနမူနာမော်ဒယ်အဖြစ် အသုံးပြုနိုင်ဖို့ ခွဲစိတ်မှုများစွာ ပြုလုပ်ပေးခဲ့ပါတယ်။ Miami မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ အသက် ၄၇ နှစ်အရွယ် ဒေါက်တာ Phillip Craft ဟာ ဖောက်သည်အသစ်တွေကို ပြသဖို့ သူ့ဇနီးကို အိမ်တွင်းမော်ဒယ်အဖြစ် အသုံးပြုပြီး အသက် ၄၃နှစ်ရှိပြီဖြစ်တဲ့ ဇနီး Anna ကလည်း ခင်ပွန်းရဲ့စုံလင်တဲ့ပညာတွေကို ပြသနိုင်ဖို့ အလှအပဆိုင်ရာ ကုထုံးလုပ်နည်းတွေကို အပြည့်အဝရရှိခဲ့ပါတယ်။Phillip ဟာ Anna အား သူမရဲ့ခန္ဓာကိုယ်ကို ထိန်းညှိပေးဖို့ တစ်နည်းအားဖြင့် သူမရဲ့အချိန်တွေကို နောက်ပြန်လှည့်သွားစေဖို့အတွက် သူမကလေးမွေးပြီးနောက် ပလပ်စတစ်ဆာဂျူရီလုပ်ရန် နှစ်ပေါင်းများစွာ ဆွဲဆောင်နေခဲ့ပါတယ်။

Anna က စစချင်း သဘောမတူခဲ့ပေမဲ့ ကလေးနှစ်ယောက်မွေးပြီးနောက် သူမခန္ဓာကိုယ်ကို စိတ်အလိုမကျဖြစ်ခဲ့ရပြီး နောက်ဆုံး ခွဲစိတ်မှုကို သဘောတူခဲ့ရပါတယ်။ Anna ဟာ တင်ပါး ၊ နှာခေါင်း ၊ ပါးစပ် ၊ မေ့ရိုး စတဲ့ ခွဲစိတ်မှုတွေ နဲ့ ခန္ဓာကိုယ်ပုံသွင်းခြင်း ၊ ခါးနဲ့ ဝမ်းဗိုက်ပိုင်း အဆီထုတ်ခြင်း စတာတွေကို ပြုလုပ်ခဲ့ပြီး သူမခင်ပွန်းရဲ့လက်ရာတွေကို သဘောကျသွားခဲ့ပါတယ်။

” Phillip က သူ့ကားတွေ ၊ ပရိဘောဂ တွေ အထူးသဖြင့် ကျွန်မကို ဒီဇိုင်းပြန်ဆွဲရတာ ကြိုက်တယ် ၊ ကလေးနှစ်ယောက်မွေးပြီး ခွဲစိတ်ဖို့ သဘောတူလိုက်တော့ သူက ကျွန်မရင်သားကို တိုးစေပြီး မျက်နှာကိုလည်း filler တွေထိုးပေးတယ် ၊ ကျွန်မဝမ်းဗိုက်အဆီကို ထုတ်ပေးတဲ့အပြင် six pack တွေဖြစ်အောင်လည်း ပုံဖော်ပေးခဲ့တယ်” လို့ Anna က ဆိုပါတယ်။

Phillip က အသက် ၂၅ နှစ်ပြည့်ပြီးတဲ့အမျိုးသမီးတိုင်း ကိုယ့်အလှအပကို ဆက်ထိန်းသိမ်းဖို့ botox နဲ့ filler တွေလုပ်ခြင်းကို စဉ်းစားကြည့်သင့်တယ်လို့ ဆိုပြီး ” ဖောက်သည်တွေကို ငါက ဘယ်လောက်ကောင်းတဲ့ခွဲစိတ်ဆရာဝန်ဆိုတာသိချင်ရင် ငါ့ဇနီးကို ကြည့်လိုက်ပါ လို့ အမြဲပြောတယ် ၊ ငါ့ရဲ့အနီးစပ်ဆုံး လက်တွေ့ကျမှုက Anna မို့လို့ပါ ” လို့ ဆိုထားပါတယ်။ ကိုယ့်အလှအပကို ဆက်ထိန်းသိမ်းထားဖို့ ပလပ်စတစ်ဆာဂျူရီဆရာဝန်တစ်ယောက်ပိုင်ဆိုင်ထားတဲ့ Annaကတော့ အချို့မိန်းကလေးတွေရဲ့အားကျခြင်းကို ခံနေရမှာ အသေအချာပါဘဲဗျာ။

Credit-Mia (Mckzone Daily)

Leave a Reply