ကမ္ဘာ့ အကြီးဆုံးလေယာဉ် Mriya

Knowledge News

ကမ္ဘာ့ အကြီးဆုံးလေယာဉ် Mriya

ကမ္ဘာ့ အကြီးဆုံးလေယာဉ်ကြီး Mriya ဟာ ယူကရိန်းမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ ရုရှားတို့ရဲ့ကျူးကျော်စစ်ပွဲအတွင်း သူမဟာ ပျက်ဆီးခဲ့ရပါတယ်။

ဒါပေမဲ့ သူမကို ချစ်ခင်သူတွေက (ကမ္ဘာ့ အကြီးဆုံးလေယာဉ်ကြီး Mriya ကို) ပြန်လည်ပြင်ဆင်ဖို့ ရည်မှန်းထားကြပါတယ်။

အခုတင်ပြခြင်တာကတော့ သူမရဲ့အကြောင်းအရာ အသေးစိတ်အချက်အလက် တချို့ဖြစ်ပါတယ်။ ကြည့်ရအောင်နော်။

၁။ Features

အမြင့်ပေက မြေပြင်မှ အမြီးထိပ်အထိကို ၅၉ ပေနဲ့ ၅ လက်မ ( ၁၈ .၁ မီတာ ) မြင့်ပါတယ်။ အလျားကတော့ ၂၇၅ ပေ ၇ လက်မ ( ၈၄ မီတာ ) ရှည်ပါတယ်။

Wing Span ခေါ် တောင်ပန်တဖက်ထိပ်ကနေ နောက်တဖက်ထိပ်အထိက ၂၉၀ ပေ (၈၈ .၄)မီတာ ရှည်ပါတယ်။

၂။ Weight

Empty weight က ၆၂၈,၃၁၇ ပေါင် (၂၈၅,၀၀၀ kg)ရှိပြီး Maximum takeoff weight ကတော့ ၁,၄၁၀,၉၅၈ ပေါင် ( ၆၄၀,၀၀၀ kg ) ရှိပါတယ်။

၃။ Engines

Progress D-18 D turbo fan အင်ဂျင် ၆ လုံး တပ်ဆင်ထားပါတယ်။

၄။ Range

ဆီအပြည့် ဖြည့်ထားရင် မိုင် ၉,၆၀၀ (၁၅,၄၀၀ ကီလိုမီတာ)အထိ ပျံနိုင်ပါတယ်။ Crew အနေနဲ့ ၆ ဦး လိုအပ်ပါတယ်။ အမြန်နှုန်းကတော့ တစ်နာရီ ၄၆၀ နော်တီကယ်မိုင်အထိ ပျံသန်းနိုင်ပါတယ်။

၅ ။ Background History

လေယာဉ် ဒီဇိုင်းကို Antonov ကုမ္ပဏီက ၁၉၈၀ ခုနှစ်မှာ ဒီးဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာပါ။ ဆိုဗီယက်ယူနီယံကြီး ၁၉၉၁ ခုနှစ်မှာ ပြိုကွဲပြီးနောက်ပိုင်း လေယာဉ်ဟာ ယူကရိန်းထံမှာ ကျန်နေခဲ့ပါတယ်။

Miyra ဆိုတာ ယူကရိန်းဘာသာအရ အိမ်မက်လို့ အဓိပ္ပါယ်ရပါတယ်။ နှစ်ပေါင်း ၃၀ လောက် တာဝန်ကြေခဲ့တဲ့ ဒီလေယာဉ်ကြီးဟာ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ကံဆိုးမိုးမှောင် ကျခဲ့ရပါတယ်။

အင်ဂျင် ၆ လုံးအနက် တစ်လုံးကို ပြုပြင်ဖို့ ဖြုတ်ထားလို့ ဂိုဒေါင်ထဲမှာ လေယာဉ်ဟာ ရပ်ထားရပါတယ်။ ရုရှားတို့ရဲ့ တိုက်ခိုက်မှုကြောင့် လေယာဉ်ကြီးဟာ ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။ Hostomel လေဆိပ်မှာ ဖြစ်ခဲ့တာပါ။

ယူကရိန်းတို့က ပြောပါတယ်။ လေယာဉ်ကိုသာ ဖျက်ဆီးလို့ရပေမယ့် အိမ်မက်ကိုတော့ မဖျက်ဆီးနိုင်ပါဘူးတဲ့။

Knight News Team

Crd