ကမ္ဘာ့ ပထမဆုံး အင်ဂျင် နှစ်လုံးတပ်လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်

News Tech

ကမ္ဘာ့ ပထမဆုံး အင်ဂျင် နှစ်လုံးတပ်လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်

လျှပ်စစ်စွမ်းအင်ကို ရာနှုန်းပြည့် သုံးစွဲပြီး ပျံသန်းတဲ့ ခရီးသည်တင် လေယာဉ် တစ်စင်းကို Bye Aerospace ကုမ္ပဏီက ထုတ်ဖေါ်ပြသ လိုက်ပါတယ်။

eFlyer 800 လို့ အမည်ပေးထားတဲ့ ဒီလေယာဉ်ဟာ ပန်ကာ နှစ်လုံးတပ် ခရီးသည်တင် လေယာဉ် ဖြစ်ပြီး ခရီးသည် ၈ ဦးနဲ့ လေယာဉ်မှူး ၂ ဦး လိုက်ပါ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ အမြန်နှုန်း တစ်နာရီ မိုင် ၃၆၈ မိုင်ထိ ပျံသန်းနိုင်ပြီး အကွာအဝေး မိုင် ၅၇၅ မိုင်ထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

eFlyer 800 လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ဟာ ခရီးသည် ၈ ဦး တင်ဆောင်ပျံသန်းနိုင်မှာ ဖြစ်ပါတယ် (Photo: Bye Aerospace)
ဒီလေယာဉ်ဟာ ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လေယာဉ်တော့ မဟုတ်ပါဘူး။ ဒီ ကုမ္ပဏီက အရင်ကလဲ လျှပ်စစ်စွမ်းအင်သုံး လေယာဉ် နှစ်မျိုး ထုတ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် ပန်ကာ နှစ်လုံးတပ် လေယာဉ် အနေနဲ့တော့ ဒါက ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လေယာဉ် ဖြစ်ပါတယ်။

Bye Aerospace ရဲ့ ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ကတော့ အင်ဂျင် တစ်လုံးတပ် နှစ်ယောက်စီး အမောင်းသင် လေ့ကျင့်ရေး လေယာဉ်ပဲ ဖြစ်ပါတယ်။ eFlyer 2 လို့ အမည်ပေးထားတဲ့ ဒီ လျှပ်စစ်စွမ်းအင်သုံး လေယာယဉ်ကို ကုမ္ပဏီ စတင် တည်ထောင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယမြောက် ဖြစ်တဲ့ eFlyer 4 ကတော့ လူ ၄ ယောက်စီး အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ပြီး လေကြောင်းတက္ကစီ အနေနဲ့ အသုံးချဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ အမျိုးအစား နှစ်မျိုးလုံးအတွက် လက်ရှိ အချိန်အထိ တစ်မျိုးကို အစင်း ၃၆၀ ခန့် ရောင်းချဖို့ အမှာများကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်။

Bye Aerospace ရဲ့ ပထမဆုံး နှစ်ယောက်စီး လျှပ်စစ်စွမ်းအင်သုံး လေယာဉ် (Photo: Bye Aerospace)

“အခု eFlyer 800 ဟာ ကမ္ဘာ့ ပထမဆုံး အင်ဂျင် နှစ်လုံးတပ် လျှပ်စစ်လေယာဉ် ဖြစ်ပါတယ်။ ပြီးတော့ ကာဘွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှုကလဲ လုံးဝ မရှိတဲ့ လေယာဉ်ပါ” လို့ Bye Aerospace ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် CEO George E. Bye က ပြောပါတယ်။

ယခုနောက်ပိုင်း ကာလတွေမှာ ခရီးသည် များများနဲ့ အကွာအဝေး အတန်အသင့် သွားလာနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ် တွေကို ဈေးကွက်က တောင်းဆိုလာကြပါတယ်။ နောက်ပြီး ဒီ လျှပ်စစ်လေယာဉ်တွေရဲ့ နေ့စဉ် ပျံသန်းစားရိတ် ကလဲ ပုံမှန် လေယာဉ်ဆီသုံးတဲ့ လေယာဉ်တွေထက် နည်းဖို့ကို ဈေးကွက်က တောင်းဆိုလာပါတယ်။ အခု eFlyer 800 ကို ဒီလို ဈေးကွက်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။

ဒီ eFlyer 800 လေယာဉ်ဟာ အကွာအဝေး မိုင် ၅၇၅ မိုင်ထိ ပျံသန်းနိုင်ပါမယ်။ ဒီလို ပျံသန်း ပြီးတာတောင် သူ့ရဲ့ အင်ဂျင်တွေ အတွက် အရန်လျှပ်စစ် နောက်ထပ် ပျံသန်းချိန် မိနစ် ၃၀ စာ ကျန်ရှိနေအုံးမှာပါ။ အမြင့်ပေ ၃၅,၀၀၀ အထိ အမြင့်ဆုံး ပျံသန်းနိုင်ပြီး လေယာဉ် တက်တဲ့ အချိန်မှာ တစ်မိနစ်ကို အမြင့်ပေ ၃,၄၀၀ နှုန်းနဲ့ ပျံတက်နိုင်မှာ ဖြစ်ပါတယ်။

eFlyer 800 လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ဟာ အကွာအဝေး ၅၇၅ မိုင်အထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ် (Photo: Bye Aerospace)
ပုံမှန် ပျံသန်းနှုန်း (cruising speed) တစ်နာရီ ၃၂၂ မိုင်နဲ့ ပျံသန်းမှာ ဖြစ်ပြီး အမြင့်ဆုံး ပျံသန်းနှုန်းကတော့ တစ်နာရီ ၃၆၈ မိုင်ထိ ရှိပါတယ်။ ဒါဟာ ဓါတ်ဆီ လေယာဉ်တွေနဲ့ ယှဉ်ရင်တောင် ကမ္ဘာ့အမြန်ဆုံး ပန်ကာနှစ်လုံးတပ် လေယာဉ် ၅ စင်းထဲမှာ ပါနေပါတယ်။

နောက်ပြီး အရေးအကြီးဆုံး အချက်ကတော့ လေယာဉ် ပျံသန်းမှုအတွက် ကုန်ကျစားရိတ်ဟာ လောင်စာဆီသုံး လေယာဉ်တွေရဲ့ ၅ ပုံ ၁ ပုံပဲ ကျသင့်မှာ ဖြစ်ပါတယ်။ အသံဆူညံမှုကလဲ အရမ်းကို တိုးညှင်းပြီး ကာဘွန်ဒိုအောက်ဆိုဒ်လဲ လုံးဝ ထွက်ခြင်း မရှိပါဘူး။

ဒီလေယာဉ်ရဲ့ ဒီဇိုင်းကလဲ လေဆွဲအားကို နည်းနိုင်သရွေ့ နည်းအောင် တည်ဆောက်ထားတာပါ။ နောက်ပြီး ပုံမှန် အခြားအရွယ်တူ လေယာဉ်တွေထက်လဲ အင်ဂျင်အား ပိုကောင်းပါတယ်။ ဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့ အခါမှာ ဒီလေယာဉ်ရဲ့ ပျံသန်းမှု ကုန်ကျစားရိတ် (operating cost) ဟာ ၈၀% လောက်ထိ သက်သာသွားပါတယ်။

ဒီ အချက်က eFlyer 2 ပျံသန်းမှု ကုန်ကျစားရိတ် ပေါ် အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ ပုံမှန် ပန်ကာအင်ဂျင် တစ်လုံးတပ် အပေါ့စား လေယာဉ်တွေ တစ်နာရီ ပျံဖို့ ဒေါ်လာ ၁၁၀ ကုန်ကျချိန်မှာ eFlyer 2 တစ်နာရီ ပျံဖို့ ၂၃ ဒေါ်လာ ပဲကုန်ကျပါတယ်။

ဒီလို ကုန်ကျစားရိတ် သက်သာတဲ့ ပျံသန်းမှုကို ရရှိစေနိုင် တာကတော့ လျှပ်စစ်စွမ်းအင်သုံး အင်ဂျင်ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီ အင်ဂျင်တွေ အားပြည့် အင်ပြည့် လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ စွမ်ရည် ထုတ်ပေးတဲ့ ဘက်ထရီ တွေကြောင့်လဲ ပါပါတယ်။

eFlyer 800 ရဲ့ ပျံသန်းမှု ကုန်ကျစားရိတ်က အခြားလေယာဉ်တွေရဲ့ ၅ ပုံ ၁ ပုံပဲ ရှိပါတယ်။ (Photo: Bye Aerospace)
ဒီလေယာဉ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်ကတော့ ENGINeUS အင်ဂျင်ပဲ ဖြစ်ပါတယ်။ ဒီအင်ဂျင်ကို Safran ကုမ္ပဏီက ဒီဇိုင်းရေးဆွဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။ နောက်ပြီး အတွင်းက လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေး စနစ်ကိုလဲ ဒီ ကုမ္ပဏီကပဲ ဒီဇိုင်းရေးဆွဲတာပါ။

ဒီ ကုမ္ပဏီဟာ Bye Aerospace ကုမ္ပဏီ က ယခင်ထုတ်လုပ်ခဲ့တဲ့ လျှပ်စစ်လေယာဉ် နှစ်စင်းအတွက် အင်ဂျင်နဲ့ လျှပ်စစ်စွမ်းအား ဖြန့်ဖြူးရေး စနစ်တွေကို လဲ ပုံစံရွေးဆွဲခဲ့သူပါ။လေယာဉ် လုံခြုံရေး အနေနဲ့ လေယာဉ် တစင်းလုံးအတွက် လေထီး တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဂျင် နှစ်လုံးတပ်မို့ တစ်လုံးပျက်သွားသည့်တိုင် ကျန်တဲ့ တစ်လုံးနဲ့ အန္တရာယ်ကင်းစွား ဆက်လက်ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး အင်ဂျင်တစ်လုံးစီမှာလဲ လျှပ်စစ်မော်တာ နှစ်ခုကို ထည့်သွင်းတည်ဆောက် ထားပါတယ်။ ဒါကို dual redundant motor windings လို့ ခေါ်ပါတယ်။ နောက်ပြီး လျှပ်စစ် ဘက်ထရီတွေကိုလဲ အခန်းတချို့ ပျက်သွားရင်တောင် လုံလောက်တဲ့ စွမ်းအင်အပြည့် ထုတ်ပေးနိုင်အောင် တည်ဆောက်ထားပါတယ်။

နောက်ပြီး မှာယူသူက ထည့်သွင်းမှာယူနိုင်တဲ့ အခြား စနစ်တွေကတော့ နေရောင်ခြည်သုံး solar cells တွေ၊ အရေးပေါ် အလိုအလျောက် လေယာဉ်ဆင်း စနစ် (Emergency auto-landing system) နဲ့ မြေပြင်ပေါ်မှာ ပြေးလမ်းပေါ် သွားနေတုန်း လေယာဉ် ပန်ကာအစား ဘီးတွေနဲ့ မောင်းနှင်တဲ့ စနစ်တွေ ဖြစ်ပါတယ်။

ဒီလေယာဉ်ကို လာမယ့် ၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ စတင် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ကြေငြာထားပါတယ်။ လက်ရှိအချိန်ထိတော့ လေယာဉ်ဈေးနှုန်းကို ကြေငြာခြင်း မရှိသေးပါဘူး။
Crd..သိပ္ပံ
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ကမၻာ့ ပထမဆုံး အင္ဂ်င္ ႏွစ္လုံးတပ္လၽွပ္စစ္စြမ္းအင္သုံး ခရီးသည္တင္ ေလယာဥ္

လၽွပ္စစ္စြမ္းအင္ကို ရာႏႈန္းျပည့္ သုံးစြဲၿပီး ပ်ံသန္းတဲ့ ခရီးသည္တင္ ေလယာဥ္ တစ္စင္းကို Bye Aerospace ကုမၸဏီက ထုတ္ေဖၚျပသ လိုက္ပါတယ္။

eFlyer 800 လို႔ အမည္ေပးထားတဲ့ ဒီေလယာဥ္ဟာ ပန္ကာ ႏွစ္လုံးတပ္ ခရီးသည္တင္ ေလယာဥ္ ျဖစ္ၿပီး ခရီးသည္ ၈ ဦးနဲ႔ ေလယာဥ္မႉး ၂ ဦး လိုက္ပါ ပ်ံသန္းနိုင္မွာ ျဖစ္ပါတယ္။ အျမန္ႏႈန္း တစ္နာရီ မိုင္ ၃၆၈ မိုင္ထိ ပ်ံသန္းနိုင္ၿပီး အကြာအေဝး မိုင္ ၅၇၅ မိုင္ထိ ပ်ံသန္းနိုင္မွာ ျဖစ္ပါတယ္။

eFlyer 800 လၽွပ္စစ္စြမ္းအင္သုံး ေလယာဥ္ဟာ ခရီးသည္ ၈ ဦး တင္ေဆာင္ပ်ံသန္းနိုင္မွာ ျဖစ္ပါတယ္ (Photo: Bye Aerospace)
ဒီေလယာဥ္ဟာ ပထမဆုံး လၽွပ္စစ္စြမ္းအင္သုံး ေလယာဥ္ေတာ့ မဟုတ္ပါဘူး။ ဒီ ကုမၸဏီက အရင္ကလဲ လၽွပ္စစ္စြမ္းအင္သုံး ေလယာဥ္ ႏွစ္မ်ိဳး ထုတ္ခဲ့ ဖူးပါတယ္။ ဒါေပမယ့္ ပန္ကာ ႏွစ္လုံးတပ္ ေလယာဥ္ အေနနဲ႔ေတာ့ ဒါက ပထမဆုံး လၽွပ္စစ္စြမ္းအင္သုံး ေလယာဥ္ ျဖစ္ပါတယ္။

Bye Aerospace ရဲ့ ပထမဆုံး လၽွပ္စစ္စြမ္းအင္သုံး ေလယာဥ္ကေတာ့ အင္ဂ်င္ တစ္လုံးတပ္ ႏွစ္ေယာက္စီး အေမာင္းသင္ ေလ့က်င့္ေရး ေလယာဥ္ပဲ ျဖစ္ပါတယ္။ eFlyer 2 လို႔ အမည္ေပးထားတဲ့ ဒီ လၽွပ္စစ္စြမ္းအင္သုံး ေလယာယဥ္ကို ကုမၸဏီ စတင္ တည္ေထာင္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္က ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒုတိယေျမာက္ ျဖစ္တဲ့ eFlyer 4 ကေတာ့ လူ ၄ ေယာက္စီး အေပါ့စား သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ျဖစ္ၿပီး ေလေၾကာင္းတကၠစီ အေနနဲ႔ အသုံးခ်ဖို႔ ရည္ရြယ္ၿပီး ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီ အမ်ိဳးအစား ႏွစ္မ်ိဳးလုံးအတြက္ လက္ရွိ အခ်ိန္အထိ တစ္မ်ိဳးကို အစင္း ၃၆၀ ခန႔္ ေရာင္းခ်ဖို႔ အမွာမ်ားကို လက္ခံရရွိထားၿပီး ျဖစ္ပါတယ္။

Bye Aerospace ရဲ့ ပထမဆုံး ႏွစ္ေယာက္စီး လၽွပ္စစ္စြမ္းအင္သုံး ေလယာဥ္ (Photo: Bye Aerospace)

“အခု eFlyer 800 ဟာ ကမၻာ့ ပထမဆုံး အင္ဂ်င္ ႏွစ္လုံးတပ္ လၽွပ္စစ္ေလယာဥ္ ျဖစ္ပါတယ္။ ၿပီးေတာ့ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ CO2 ထုတ္လႊတ္မႈကလဲ လုံးဝ မရွိတဲ့ ေလယာဥ္ပါ” လို႔ Bye Aerospace ကုမၸဏီရဲ့ အမႈေဆာင္ အရာရွိခ်ဳပ္ CEO George E. Bye က ေျပာပါတယ္။

ယခုေနာက္ပိုင္း ကာလေတြမွာ ခရီးသည္ မ်ားမ်ားနဲ႔ အကြာအေဝး အတန္အသင့္ သြားလာနိုင္တဲ့ လၽွပ္စစ္စြမ္းအင္သုံး ခရီးသည္တင္ ေလယာဥ္ ေတြကို ေဈးကြက္က ေတာင္းဆိုလာၾကပါတယ္။ ေနာက္ၿပီး ဒီ လၽွပ္စစ္ေလယာဥ္ေတြရဲ့ ေန႔စဥ္ ပ်ံသန္းစားရိတ္ ကလဲ ပုံမွန္ ေလယာဥ္ဆီသုံးတဲ့ ေလယာဥ္ေတြထက္ နည္းဖို႔ကို ေဈးကြက္က ေတာင္းဆိုလာပါတယ္။ အခု eFlyer 800 ကို ဒီလို ေဈးကြက္ရဲ့ ေတာင္းဆိုမႈကို ျဖည့္ဆည္းေပးဖို႔ ရည္ရြယ္ၿပီး ထုတ္လုပ္တာ ျဖစ္ပါတယ္။

ဒီ eFlyer 800 ေလယာဥ္ဟာ အကြာအေဝး မိုင္ ၅၇၅ မိုင္ထိ ပ်ံသန္းနိုင္ပါမယ္။ ဒီလို ပ်ံသန္း ၿပီးတာေတာင္ သူ႔ရဲ့ အင္ဂ်င္ေတြ အတြက္ အရန္လၽွပ္စစ္ ေနာက္ထပ္ ပ်ံသန္းခ်ိန္ မိနစ္ ၃၀ စာ က်န္ရွိေနအုံးမွာပါ။ အျမင့္ေပ ၃၅,၀၀၀ အထိ အျမင့္ဆုံး ပ်ံသန္းနိုင္ၿပီး ေလယာဥ္ တက္တဲ့ အခ်ိန္မွာ တစ္မိနစ္ကို အျမင့္ေပ ၃,၄၀၀ ႏႈန္းနဲ႔ ပ်ံတက္နိုင္မွာ ျဖစ္ပါတယ္။

eFlyer 800 လၽွပ္စစ္စြမ္းအင္သုံး ေလယာဥ္ဟာ အကြာအေဝး ၅၇၅ မိုင္အထိ ပ်ံသန္းနိုင္မွာ ျဖစ္ပါတယ္ (Photo: Bye Aerospace)
ပုံမွန္ ပ်ံသန္းႏႈန္း (cruising speed) တစ္နာရီ ၃၂၂ မိုင္နဲ႔ ပ်ံသန္းမွာ ျဖစ္ၿပီး အျမင့္ဆုံး ပ်ံသန္းႏႈန္းကေတာ့ တစ္နာရီ ၃၆၈ မိုင္ထိ ရွိပါတယ္။ ဒါဟာ ဓါတ္ဆီ ေလယာဥ္ေတြနဲ႔ ယွဥ္ရင္ေတာင္ ကမၻာ့အျမန္ဆုံး ပန္ကာႏွစ္လုံးတပ္ ေလယာဥ္ ၅ စင္းထဲမွာ ပါေနပါတယ္။

ေနာက္ၿပီး အေရးအႀကီးဆုံး အခ်က္ကေတာ့ ေလယာဥ္ ပ်ံသန္းမႈအတြက္ ကုန္က်စားရိတ္ဟာ ေလာင္စာဆီသုံး ေလယာဥ္ေတြရဲ့ ၅ ပုံ ၁ ပုံပဲ က်သင့္မွာ ျဖစ္ပါတယ္။ အသံဆူညံမႈကလဲ အရမ္းကို တိုးညႇင္းၿပီး ကာဘြန္ဒိုေအာက္ဆိုဒ္လဲ လုံးဝ ထြက္ျခင္း မရွိပါဘူး။

ဒီေလယာဥ္ရဲ့ ဒီဇိုင္းကလဲ ေလဆြဲအားကို နည္းနိုင္သေရြ႕ နည္းေအာင္ တည္ေဆာက္ထားတာပါ။ ေနာက္ၿပီး ပုံမွန္ အျခားအရြယ္တူ ေလယာဥ္ေတြထက္လဲ အင္ဂ်င္အား ပိုေကာင္းပါတယ္။ ဒီႏွစ္ခု ေပါင္းစပ္လိုက္တဲ့ အခါမွာ ဒီေလယာဥ္ရဲ့ ပ်ံသန္းမႈ ကုန္က်စားရိတ္ (operating cost) ဟာ ၈၀% ေလာက္ထိ သက္သာသြားပါတယ္။

ဒီ အခ်က္က eFlyer 2 ပ်ံသန္းမႈ ကုန္က်စားရိတ္ ေပၚ အေျခခံၿပီး တြက္ခ်က္ထားတာ ျဖစ္ပါတယ္။ ပုံမွန္ ပန္ကာအင္ဂ်င္ တစ္လုံးတပ္ အေပါ့စား ေလယာဥ္ေတြ တစ္နာရီ ပ်ံဖို႔ ေဒၚလာ ၁၁၀ ကုန္က်ခ်ိန္မွာ eFlyer 2 တစ္နာရီ ပ်ံဖို႔ ၂၃ ေဒၚလာ ပဲကုန္က်ပါတယ္။

ဒီလို ကုန္က်စားရိတ္ သက္သာတဲ့ ပ်ံသန္းမႈကို ရရွိေစနိုင္ တာကေတာ့ လၽွပ္စစ္စြမ္းအင္သုံး အင္ဂ်င္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး ဒီ အင္ဂ်င္ေတြ အားျပည့္ အင္ျပည့္ လည္ပတ္နိုင္ဖို႔ လိုအပ္တဲ့ စြမ္ရည္ ထုတ္ေပးတဲ့ ဘက္ထရီ ေတြေၾကာင့္လဲ ပါပါတယ္။

eFlyer 800 ရဲ့ ပ်ံသန္းမႈ ကုန္က်စားရိတ္က အျခားေလယာဥ္ေတြရဲ့ ၅ ပုံ ၁ ပုံပဲ ရွိပါတယ္။ (Photo: Bye Aerospace)
ဒီေလယာဥ္မွာ တပ္ဆင္ထားတဲ့ အင္ဂ်င္ကေတာ့ ENGINeUS အင္ဂ်င္ပဲ ျဖစ္ပါတယ္။ ဒီအင္ဂ်င္ကို Safran ကုမၸဏီက ဒီဇိုင္းေရးဆြဲ ထုတ္လုပ္တာ ျဖစ္ပါတယ္။ ေနာက္ၿပီး အတြင္းက လၽွပ္စစ္ ဓါတ္အား ျဖန႔္ျဖဴးေရး စနစ္ကိုလဲ ဒီ ကုမၸဏီကပဲ ဒီဇိုင္းေရးဆြဲတာပါ။

ဒီ ကုမၸဏီဟာ Bye Aerospace ကုမၸဏီ က ယခင္ထုတ္လုပ္ခဲ့တဲ့ လၽွပ္စစ္ေလယာဥ္ ႏွစ္စင္းအတြက္ အင္ဂ်င္နဲ႔ လၽွပ္စစ္စြမ္းအား ျဖန႔္ျဖဴးေရး စနစ္ေတြကို လဲ ပုံစံေရြးဆြဲခဲ့သူပါ။ေလယာဥ္ လုံျခဳံေရး အေနနဲ႔ ေလယာဥ္ တစင္းလုံးအတြက္ ေလထီး တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အင္ဂ်င္ ႏွစ္လုံးတပ္မို႔ တစ္လုံးပ်က္သြားသည့္တိုင္ က်န္တဲ့ တစ္လုံးနဲ႔ အႏၲရာယ္ကင္းစြား ဆက္လက္ပ်ံသန္းနိုင္မွာ ျဖစ္ပါတယ္။

ေနာက္ၿပီး အင္ဂ်င္တစ္လုံးစီမွာလဲ လၽွပ္စစ္ေမာ္တာ ႏွစ္ခုကို ထည့္သြင္းတည္ေဆာက္ ထားပါတယ္။ ဒါကို dual redundant motor windings လို႔ ေခၚပါတယ္။ ေနာက္ၿပီး လၽွပ္စစ္ ဘက္ထရီေတြကိုလဲ အခန္းတခ်ိဳ႕ ပ်က္သြားရင္ေတာင္ လုံေလာက္တဲ့ စြမ္းအင္အျပည့္ ထုတ္ေပးနိုင္ေအာင္ တည္ေဆာက္ထားပါတယ္။

ေနာက္ၿပီး မွာယူသူက ထည့္သြင္းမွာယူနိုင္တဲ့ အျခား စနစ္ေတြကေတာ့ ေနေရာင္ျခည္သုံး solar cells ေတြ၊ အေရးေပၚ အလိုအေလ်ာက္ ေလယာဥ္ဆင္း စနစ္ (Emergency auto-landing system) နဲ႔ ေျမျပင္ေပၚမွာ ေျပးလမ္းေပၚ သြားေနတုန္း ေလယာဥ္ ပန္ကာအစား ဘီးေတြနဲ႔ ေမာင္းႏွင္တဲ့ စနစ္ေတြ ျဖစ္ပါတယ္။

ဒီေလယာဥ္ကို လာမယ့္ ၂၀၂၂ ႏွစ္ကုန္ပိုင္းေလာက္မွာ စတင္ ထုတ္လုပ္နိုင္လိမ့္မယ္လို႔ ေၾကျငာထားပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ ေလယာဥ္ေဈးႏႈန္းကို ေၾကျငာျခင္း မရွိေသးပါဘူး။
Crd..သိပၸံ
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။