Hangout with Yoo၏အမေရိကန်ဒေါ်လာ၁.၆သန်းလှူဒါန်းမှု

Celebrity Kpop News

‘ Hangout with Yoo ‘၏အမေရိကန်ဒေါ်လာ၁.၆ သန်းလှူဒါန်းမှု..

ဒီဇင်ဘာ ၂၅ ရက်နေ့တွင် MBC ၏ variety show ဖြစ်သော ‘Hangout with Yoo’ မှ ထုတ်လုပ်ရေး၀န်ထမ်းများနှင့်သရုပ်ဆောင်များက ငွေကြေးလိုအပ်နေသောအဖွဲ့အစည်း (၁၀) ခုအားလှူဒါန်းသွားမည်ဟု ဆုံးဖြတ်ချက်ချ၍ ကြေညာချက်ထုတ်ခဲ့ပြီး..

Yoosanseul, SSAK3 နှင့် Refund Sisters ကဲ့သို့သော စီမံကိန်းလှုပ်ရှားမှုများမှရရှိသည့် အမြတ်အစွန်းများကိုလှူဒါန်းမည်ဖြစ်ကာ လှူဒါန်းခဲ့သောပမာဏသည်₩ ၁.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ သန်းခန့်) ရှိကာ..

Yoosanseul နှင့် Song Gain ၏“ The Farewell Bus Stop”၊ Sagging Snail ၏“ As I Say (2020 Live Version)” ကဲ့သို့သောအယ်လ်ဘမ်များနှင့်စီမံကိန်းများ အပါအဝင် SSAK3 နှင့် Refund Sisters ၏ music stream များကို ရောင်းချရာတွင် ₩ ၁.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ သန်းခန့်) ရရှိမည်ဟု ‘ Hang out with Yoo’ မှအသိပေးခဲ့၍…

လှူဒါန်းမှုများရဲ့ အသေးစိတ်အချက်အလက်များကို ဒီဇင်ဘာ ၂၆ ရက် တွင် ‘Hangout with Yoo ‘ ၏ တရားဝင် instagram account မှ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရပါသည်။

ယခုသတင်းကိုတော့ allkpopမှာ ဖော်ပြထားခြင်းဖြစ်ကာ ပရိတ်သတ်များအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Leave a Reply