ထရမ့်နဲ့ဘိုင်ဒင်တဖွဲ့ထဲဟု အီရန်ခေါင်း‌ဆောင် ဝေဖန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရဟာ ထရမ့်အစိုးရနဲ့ ဘာမှ မခြားနားဘူးလို့ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေးနီက သြဂုတ် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။ “လက်ရှိ အမေရိကန်အစိုးရဟာ နျူကလီးယားအရေးနဲ့ ပတ်သက်ရင် ထရမ့်လိုချင်တဲ့အတိုင်း အီရန်ဆီက လိုချင်နေတယ်။ ဒါဟာ မဖြစ်နိုင်သလို ယုတ္တိလည်း မရှိဘူး။ ထရမ့်က နည်းလမ်းတခုနဲ့ ပြောပြီး အစိုးရသစ်က နောက်နည်းလမ်းတခုနဲ့ ပြောတာပဲ ရှိတယ်” ခါမေးနီက သမ္မတ အီဘရာဟင်မ်ရိုင်စီရဲ့ အစိုးရအဖွဲ့သစ်နဲ့ ပထမဆုံး အစည်းအဝေးမှာ ပြောပါတယ်။ အီရန်အစိုးရနဲ့ နျူကလီးယားအရေး သံခင်းတမန်ခင်း မအောင်မြင်ခဲ့ရင် တခြားနည်းလမ်းတွေကို စဉ်းစားကောင်း စဉ်းစားမယ်လို့ ဘိုင်ဒန်ကပြောအပြီးမှာ ဘိုင်ဒန်ဟာ အီရန်ကို တရားမဝင် ခြိမ်းခြောက်နေတယ်လို့ အီရန်လုံခြုံရေးထိပ်တန်း အရာရှိက စနေနေ့မှာ စွပ်စွဲခဲ့ပါတယ်။ အီရန်ဟာ သူ့ရဲ့ ယူရေနီယံ […]

Continue Reading

အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်လက်စား‌ခြေမှု့ကို တာလီဘန်ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ အိုင်အက်စ် စစ်သွေးကြွအဖွဲဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို တာလီဘန်ဘက်က ရှုတ်ချလိုက်ပါတယ်။ ဒါဟာ “အာဖဂန်ပိုင်နက်ကို ထိပါးတိုက်ခိုက်တယ်ဆိုတာ အသိသာချည်းပဲ” လို့ တာလီဘန် ပြောခွင့် ဇာဘီဟူလာ မူဂျာဟစ်က ပြောပါတယ်။ အမေရိကန်ဘက်ကတော့ အာဖဂန် အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် ညပိုင်းက အမေရိကန် မောင်းသူမဲ့ တိုက်လေယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ထိပ်တန်း IS-K ရဲ့ စီမံကိန်း လုပ်ဆောင်သူနဲ့ ပူးပေါင်း လုပ်ဆောင်သူ ခေါင်းဆောင် တဦးတို့ သေဆုံးခဲ့ပြီး အခြား IS-K ခေါင်းဆောင် တဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပင်တဂွန် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီက သြဂုတ်လ ၂၈ ရက်နေ့မှာ သတင်းသမားတွေကို ပြောဆိုလိုက်ပါတယ်။ […]

Continue Reading

လေဆိပ် ဗုံးခွဲတဲ့ အိုင်အက်စ်ခေါင်းဆောင်ကို ဒရုန်းနဲ့ သုတ်သင်ခဲ့လို့ အမေရိကန် ပြော

ကဘူးလ်လေဆိပ်မှာ လူအသေအဆုံးများတဲ့ အသေခံဗုံးခွဲမှုကို ဆင်နွှဲနိုင်ခဲ့တယ်ဆိုပြီး ကြွေးကြော်ထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်အုပ်စုရဲ့ ကြိုးကိုင်သူကို ပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန် IS-K အဖွဲ့ဟာ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ရပ်ဖြစ်ပြီး အာဖဂန်နစ္စတန်က ဂျီဟတ်အဖွဲ့အားလုံးမှာ အစွန်းရောက်ဆုံးနဲ့ အကြမ်းဖက်ဆုံးအုပ်စုဖြစ်တယ်လို့ ဘီဘီစီသတင်းတစ်ရပ်က ဖော်ပြပါတယ်။ “အာဖဂန်နစ္စတန်က နန်ဂါဟာပြည်နယ်မှာ မောင်းသူမဲ့လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်၊ ကနဦး ညွှန်ပြချက်တွေအရ ဒီ လေကြောင်းတိုက်ခိုက်မှုမှာ ပစ်မှတ်ကို သုတ်သင်နိုင်ခဲ့တယ်လို့ သိရတယ်” လို့ ဗဟိုကွပ်ကဲရေးရုံး ဗိုလ်မှူးကြီး ဘီလ်အာဘန်က ပြောပါတယ်။ “အရပ်သား သေဆုံးတာ မရှိဘူးလို့ ကျွန်တော်တို့ သိရပါတယ်” လို့ ကဘူးလ်လေဆိပ်တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် လေကြောင်းတိုက်ခိုက်မှုအကြောင်း ပထမဆုံး ကြေညာတဲ့ ထုတ်ပြန်ချက်မှာ သူက ဆိုပါတယ်။ […]

Continue Reading

အမေရိကန်ဘလက်ဟော့ခ် ရဟတ်ယာဉ်အား လေပေါ်ပျံအောင်မမောင်းတတ်သေး၍ တာလီဘန်များ မြေပြင်မှာပဲ အပျော်စီးနင်း

အမေရိကန်ဘလက်ဟော့ခ် ရဟတ်ယာဉ်အား လေပေါ်ပျံအောင်မမောင်းတတ်သေး၍ တာလီဘန်များ မြေပြင်မှာပဲ အပျော်စီးနင်း အမေရိကန်ဘလက်ဟော့ခ်ရဟတ်ယာဉ်တစ်စင်းအား တာလီဘန်များအပျော်စီးနေကြသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရသည်။သို့သော် ရဟတ်ယာဉ်မှာ လေပေါ်သို့ ပျံတက်နိုင်ခြင်း မရှိဘဲ မြေပြင်တွင်သာ ပြေးလွှားနေခြင်းဖြစ်သည်။ လေယာဉ်ပြေးလမ်းပေါ်တွင်ပတ်ပြေးနေသည့် ရဟတ် ယာဉ်ပုံပါ ဗီဒီယိုမှာ ကန်ဒါဟာလေဆိပ်တွင် ရိုက်ကူးထား ခြင်းဖြစ်ကြောင်းသိရသည်။ တာလီဘန်များမှာ ၎င်းတို့သိမ်းပိုက်ထားသော စစ်လက် နက်ပစ္စည်းများ၊ ယူနီဖောင်းများ ကိုင်ဆောင်ဝတ်ဆင်၍ လမ်းသလားပြလျက်ရှိသည်။အာဖဂန်စစ်တပ်မှ တာလီဘန်များသိမ်းဆည်းရမိသောပစ္စည်းများမှာ လက်နက် ပေါင်းအလက် ၂၀၀,၀၀၀ နှင့် ဟမ်းဗီးယာဉ် အစီး ၂၀,၀၀၀ အပါအဝင် ပေါင် ၁၃ ဘီလျံ (ရင်းဂစ်ငွေ ၇၄ လီလျံ) တန်ဖိုးရှိကြောင်း သိရသည်။ အာဖဂန်နစ္စတန်နိုင်ငံကိုသိမ်းပိုက်ပြီးနောက် တာလီဘန်များအနေဖြင့် အတန်အသင့်တန်ကြေးရှိ စစ်လက်နက် ပစ္စည်းများကိုသိမ်းပိုက်ရရှိသွားကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးကောင်စီအကြံ […]

Continue Reading

ကဘူးလ်လေဆိပ်အတွက် လက်တုံ့ပြန်ဖို့အတွက် အာဖဂန်ကို ဗုံးကြဲလေယာဉ်တွေ စေလွှတ်လိုက်ပြီဖြစ်တဲ့ အမေရိကန်

ရုရှားစစ်တပ်ထောက်လှမ်းရေးတွေရဲ့ ပြောဆိုချက်အရ အမေရိကန်ဗုံးကြဲလေယာဉ် ( B-52 နဲ့ B-2 Spirit ) လေစီးဟာ အာဖဂန်ကို ထွက်ခွာသွားခဲ့ပြီး ကဘူးလ်လေဆိပ်တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ဖို့ ဖြစ်နိုင်ကြော င်း ဆိုပါတယ်။ဒီသတင်းကိုဖော်ပြခဲ့တဲ့ bulgarian military သတင်းဌာနက တရားဝင်အတည်မပြုနိုင်သေးဘူးလို့ ရေးသားဖော်ပြခဲ့ပေမယ့်လည်း သမ္မတဂျိုးဘိုင်ဒင်ရဲ့ လက်တုံ့ပြန်မယ်လို့ ကြေညာချက်ကြောင့် ဖြစ်နိုင်ဖွယ်ရာ အများကြီးရှိတယ်လို့လည်း ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ISIS-K အဖွဲ့က ကြေညာထားပြီး အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေကလည်း ကူညီပေးမယ်လို့ ပြောကြားထားပါတယ်။ ဘိုင်ဒင်ကတော့ “ISIS အကြမ်းဖက်တွေ အနိုင်ရမှာမဟုတ်ပါဘူး၊ အမေရိကန်တွေကို ကျွန်တော်တို့ ကယ်ထုတ်မယ်၊ မဟာမိတ်အာဖဂန်တွေကို ကယ်တင်ပေးမယ်၊ ပြီးရင်တော့ ကျွန်တော်တို့ မစ်ရှင်အတိုင်းလုပ်သွားမှာပါ” လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ကဘူးလ်လေဆိပ်မှာ လိုအပ်တဲ့လုံခြုံရေးတွေအားလုံးလုပ်ဖို့ကိုလည်း […]

Continue Reading

တရုတ်ရန်ကို ကာကွယ်တန်ပြန်ဖို့ထိုင်ဝမ်နဲ့ ဂျပန်ပူးပေါင်း

ဂျပန်နှင့် ထိုင်ဝမ်တို့၏ အာဏာရပါတီများသည် ယင်းတို့၏ ပထမဆုံးသော နှစ်ဦးနှစ်ဘက်ပါဝင်သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများကို သြဂုတ် ၂၇ ရက်တွင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဆိုပါ ဂျပန်နှင့် ထိုင်ဝမ်တို့သည် ပိုမိုရန်လိုလာနေသည့် တရုတ်ကို တန်ပြန်ရန်အတွက် ဆက်ဆံ‌ရေး ခိုင်မာအားကောင်းစေရန် ကြိုးပမ်းနေကြတာပါ။ ပိုမို နက်ရှိုင်းသော တိုင်ပင်ဆွေးနွေးမှု လုပ်ရန် လိုအပ်ကြောင်း၊ အကြောင်းမှာ ထိုင်ဝမ်၏ အနာဂတ်သည် ဂျပန်၏ လုံခြုံရေးနှင့် စီးပွားရေးတို့အပေါ် “ကြီးလေး‌သည့် သက်ရောက်မှု” တစ်ခု ရှိနေလိမ့်မည် ဖြစ်သောကြောင့် ဖြစ်ကြောင်းဂျပန် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ နိုင်ငံခြားရေးရာ ကိစ္စများကို ဆောင်ရွက်သည့် ပါလီမန်အမတ်တစ်ဦးဖြစ်သည့် မာဆာဟီဆာ ဆာတိုက သြဂုတ် ၂၄ ရက်က Financial Times နှင့် အင်တာဗျူးတစ်ခုမှာ“ဒါကတော့ […]

Continue Reading

ထိုင်းရဲမင်းကြီးရဲ့အမှုမှာ နေ့ချင်းညချင်း နာမည်ကြီးဆယ်လီဖြစ်သွားတဲ့ ရဲအုပ်မမ

ထိုင်းရဲချုပ်ဘေးမှာ မနေ့ညက အဖမ်းခံခဲ့တဲ့ရဲမှူးကြီးနဲ့ သတင်းထောက်တွေအပြန်အလှန် ဖုန်းနဲ့အင်တာဗျူးသတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ရဲ့ ဘေးမှာ ဖုန်းကိုဘေးကနေကိုင်ပြီး မိုက်ကရိုဖုန်းမှာ တေ့ထားပေးတဲ့ Mask တပ်ထားရင်း လှပကျော့ရှင်းနေတဲ့ အမျိုးရဲအရာရှိ ရဲအုပ် Miss Patarasara Rerkrut ( Viking ) ရဲ့သနင်းဟာ ဆိုရှယ်မီဒီယာမှာ တစ်ချိန်တည်းပျံ့နှံ့သွားပါတယ် ။

Continue Reading

ရေရှိတဲ့မည်သည့်နေရာမှာမဆို နေထိုင်နိုင်ပြီဖြစ်တဲ့ ဂေဟစနစ်နဲ့ကိုက်ညီတဲ့ရေပေါ်ကွန်ဒို

ရေရှိတဲ့ မည်သည့်နေရာမှာမဆို နေထိုင်နိုင်ပြီဖြစ်တဲ့ ဂေဟစနစ်နဲ့ကိုက်ညီတဲ့ရေပေါ်ကွန်ဒို အကယ်၍ Anthénea ကပြောစရာရှိတယ်ဆိုရင် ဇိမ်ရှိပြီး နေချင်စရာ အိုအေစစ်လေးတခုက သင်အနီးနားက မြို့လေးကို မကြာခင်ရောက်ရှိလာတော့မယ်ဆိုတဲ့ အကြောင်းပါပဲ၊ 2019 ခုနှစ် မှာ ရှေ့ပြေးအဖြစ်ကြေညာပြီးတဲ့အခါမှာ ပြင်သစ် လုပ်ငန်းအဖွဲ့က နောက်နှစ်အစောပိုင်းတွင် လိပ်ခုံးပုံသဏ္ဍာန် အဆောက်အအုံကို ထုတ်ဖော်ခဲ့ပါတယ်၊ ဒါဟာ ကိုယ်တိုင်ထိန်းချုပ် မောင်းနှင်နိုင်တဲ့ သင်္ဘောဖြစ်ဖို့အတွက် အချိန်အကြာကြီးလိုအပ်ပါတယ်၊ ပြင်သစ်ရေတပ် ဗိသုကာ ပညာရှင် Jean-Michel Duacancelle ရေးဆွဲတဲ့ မူရင်း ဒီဇိုင်းဟာ 1977ခုနှစ်က ရိုက်ကူးခဲ့တဲ့ James Bond ရဲ့ The Spy Who Love Me ဇာတ်လမ်းထဲက လူ ဆိုး ပုန်းအောင်းတဲ့နေရာကို တုပရေးဆွဲခဲ့တာဖြစ်ပါတယ်၊ ပန်းကန်ပြားပျံ ပုံစံဟာ ရှေ့ပြေးအဖြစ် […]

Continue Reading

အထည်ကြီးပျက် Luftwaffe (သို့မဟုတ်) ဂျာမန်လေတပ်မတော်၏လက်ရှိအခြေအနေ

ဥရောပ၏ ချမ်းသာကြွယ်၀သည့် အင်အားကြီးနိုင်ငံ၊ ဒုတိယကမ္ဘာစစ်တွင်ကမ္ဘာကိုကိုင်လှုပ်ခဲ့သော မဟာ အင်အားကြီးနိုင်ငံ ဖြစ်သည့် ဂျာမဏီတို့၏ စစ်ရေးစွမ်းရည်ထက်မြက်မှုမှာ အတိတ်ခပ်ဝေးဝေး တွင် ကျန်နေခဲ့ပြီဆိုသည် ကို Luftwaffe ခေါ်လက်ရှိဂျာမန်လေတပ်၏အခြေအနေက ရှင်းရှင်းလင်းပြဆိုနေပေသည် ၂၀၀၉ ခုနှစ် ဇွန်လအတွင်းက ဂျာမန်လေတပ်၏ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Ingo Gerhartz က လက်ရှိ ၄င်းတို့ လေတပ်၏ တိုက်ပွဲ၀င်ဖြစ်မှုအခြေအနေသည် စိုးရိမ်စရာအခြေအနေတွင်ရှိနေကြောင်း ပွင့်ပွင့် လင်းလင်းပင်၀န်ခံခဲ့သည်။ လက်အောက်ခံလေတပ်စခန်းများနှင့် လေယာဉ် ရဟတ်ယာဉ်များအား နာရီ ၄၀၀ ကြာကွင်းဆင်း စစ်ဆေးပြီး ထွက်ပေါ်လာသည့် ရလာဒ်အားထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်ပြီးဂျာမန်အောက်လွှတ်တော်သို့လည်း အဆို ပါ အခြေအနေများနှင့်ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလအတွင်း ဂျာမန်လေတပ်၏ကျောရိုးတိုက်လေယာဉ်များဖြစ်သည့် Eurofighter Typhoon တိုက်လေယာဉ်၁၂၈ စီးအနက် ၃၉ စီးသာ စစ်ဆင်ရေးနှင့် […]

Continue Reading

မျက်နှာပြင်နှစ်ဖက် ဆိုလာဆဲလ် များဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ ဩစတေးလျ

မျက်နှာပြင်နှစ်ဖက် ဆိုလာဆဲလ် များဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ ဩစတေးလျ သြစတေးလျအမျိုးသားတက္ကသိုလ် (ANU) မှသုတေသီများက လေဆာနည်းစနစ်အား သုံး၍ပိုမိုထိရောက်သော ဆိုလာဆဲလ်အမျိုးအစားကိုဖန်တီးခဲ့ကာ ကမ္ဘာ့စံချိန်သစ်တစ်ခုတင်ခဲ့ပါတယ်၊သုတေသီများက ဆီလီကွန်မျက်နှာပြင်နှစ်ဖက်နဲ့ဆိုလာဆဲလ်ကိုထုတ်လုပ်ခဲ့ပြီး ဆဲလ်ရဲ့ရှေ့နှင့်နောက်ဘက်နှစ်ခုလုံးမှစွမ်းအင်ထုတ်ပေးနိုင်ပါတယ်၊ ဆိုလာဆဲလ်နည်းပညာသည်လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်းသိသိသာသာတိုးတက်ကောင်းမွန်လာခဲ့ပြီး နေရောင်ခြည်စွမ်းအင်ကုန်ကျစရိတ်ဟာ သာမန်လျှပ်စစ်စျေးနှုန်းများနှင့် ယှဉ်လျှင် စရိတ်နည်းပါးပါတယ်၊မျက်နှာပြင်တစ်ဖက်သာပါ သော ဆိုလာပြားများသည် သမိုင်းကြောင်းအရစျေးကွက်ကိုလွှမ်းမိုးထားသော်လည်း မကြာသေးမီက တိုးတက်မှုများနှင့်အတူ ထုတ်လုပ်ခဲ့‌ သော မျက်နှာပြင်နှစ်ဖက်ဆိုလာပြား များကို စီးပွားဖြစ်အသုံးချနိုင်ခဲ့ပါတယ်၊ ANU အဖွဲ့သည်ဆဲလ်များကိုထုတ်လုပ်ရန်သီးခြားလေဆာရောင်ခြည်သုံးနည်းပညာကိုသုံးခဲ့ပါတယ်၊ လေဆာနည်းပညာကို အသုံးပြုခြင်းကြောင့် ဆိုလာဆဲလ်တွေအတွက် အားသာချက်တွေဖြစ်စေရန် အလားအလာရှိပြီး အခန်းအပူချိန်တွင် ရှင်သန်ရုံသာမက မျက်နှာမှ ရောင်ခြည်ထုတ်လွှတ်မှုကိုလည်း အလွယ်တကူထိန်းချုပ်နိုင်ပါတယ်၊ လျှပ်စစ်စီးဆင်းမှုကို တိုးတတ်စေဖို့ ဆိုလာရဲ့ စွမ်းအင်ပမာဏကို မြှင့်တင်ဖို့အတွက်ဟာဆိုရင် စက်မှုလုပ်ငန်းခွင်တွေနဲ့ လိုက်လျော ညီထွေရှိပြီး ကုန်ကျစရိတ်သက်သာပါတယ်၊ “ထိုနည်းပညာကြောင့် သုတေသီတွေဟာ ‌ရှေ့ပိုင်းပြောင်းလဲမှု 24.3%၊အနောက်ပိုင်း ပြောင်းလဲမှု […]

Continue Reading