မျက်နှာပြင်နှစ်ဖက် ဆိုလာဆဲလ် များဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ ဩစတေးလျ

News Tech

မျက်နှာပြင်နှစ်ဖက် ဆိုလာဆဲလ် များဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ ဩစတေးလျ

သြစတေးလျအမျိုးသားတက္ကသိုလ် (ANU) မှသုတေသီများက လေဆာနည်းစနစ်အား သုံး၍ပိုမိုထိရောက်သော ဆိုလာဆဲလ်အမျိုးအစားကိုဖန်တီးခဲ့ကာ ကမ္ဘာ့စံချိန်သစ်တစ်ခုတင်ခဲ့ပါတယ်၊သုတေသီများက ဆီလီကွန်မျက်နှာပြင်နှစ်ဖက်နဲ့ဆိုလာဆဲလ်ကိုထုတ်လုပ်ခဲ့ပြီး ဆဲလ်ရဲ့ရှေ့နှင့်နောက်ဘက်နှစ်ခုလုံးမှစွမ်းအင်ထုတ်ပေးနိုင်ပါတယ်၊

ဆိုလာဆဲလ်နည်းပညာသည်လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်းသိသိသာသာတိုးတက်ကောင်းမွန်လာခဲ့ပြီး နေရောင်ခြည်စွမ်းအင်ကုန်ကျစရိတ်ဟာ သာမန်လျှပ်စစ်စျေးနှုန်းများနှင့် ယှဉ်လျှင် စရိတ်နည်းပါးပါတယ်၊မျက်နှာပြင်တစ်ဖက်သာပါ သော ဆိုလာပြားများသည် သမိုင်းကြောင်းအရစျေးကွက်ကိုလွှမ်းမိုးထားသော်လည်း မကြာသေးမီက တိုးတက်မှုများနှင့်အတူ ထုတ်လုပ်ခဲ့‌ သော မျက်နှာပြင်နှစ်ဖက်ဆိုလာပြား များကို စီးပွားဖြစ်အသုံးချနိုင်ခဲ့ပါတယ်၊

ANU အဖွဲ့သည်ဆဲလ်များကိုထုတ်လုပ်ရန်သီးခြားလေဆာရောင်ခြည်သုံးနည်းပညာကိုသုံးခဲ့ပါတယ်၊ လေဆာနည်းပညာကို အသုံးပြုခြင်းကြောင့် ဆိုလာဆဲလ်တွေအတွက် အားသာချက်တွေဖြစ်စေရန် အလားအလာရှိပြီး အခန်းအပူချိန်တွင် ရှင်သန်ရုံသာမက မျက်နှာမှ ရောင်ခြည်ထုတ်လွှတ်မှုကိုလည်း အလွယ်တကူထိန်းချုပ်နိုင်ပါတယ်၊ လျှပ်စစ်စီးဆင်းမှုကို တိုးတတ်စေဖို့ ဆိုလာရဲ့ စွမ်းအင်ပမာဏကို မြှင့်တင်ဖို့အတွက်ဟာဆိုရင် စက်မှုလုပ်ငန်းခွင်တွေနဲ့ လိုက်လျော ညီထွေရှိပြီး ကုန်ကျစရိတ်သက်သာပါတယ်၊

“ထိုနည်းပညာကြောင့် သုတေသီတွေဟာ ‌ရှေ့ပိုင်းပြောင်းလဲမှု 24.3%၊အနောက်ပိုင်း ပြောင်းလဲမှု 23.4%နဲ့ မျက်နှာပြင်နှစ်ဖက် အခြေခံ 96.3% အထိ အောင်မြင်ခဲ့ပါတယ်၊ သုတေသီတွေက ယခုဆဲလ်ရဲ့ လုပ်ဆောင်ချက်ဟာ မျက်နှာပြင်တဖက်ဆဲလ် ထက် စွမ်းအင်ပမာဏ 29% လောက် သာလွန်လျက်ရှိကြောင်း ပြောပါတယ်၊ ယခုရလဒ်ကို လွတ်လပ်သော သိပ္ပံနှင့် စက်မှု သုတေသနအဖွဲ့ CSIRO က ထောက်ခံထားပါတယ် “လို့ သုတေသီတွေက ဆိုပါတယ်၊

“၎င်းဟာ လေဆာနည်းပညာကို အသုံးပြုထာတဲ့ မျက်နှာပြင်နှစ်ဖက် ဆိုလာဆဲလ်တွေကြား အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့မှတ်တမ်းတခုဖြစ်ပါတယ်” လို့ စုံစမ်းစစ်ဆေးရေး အကြီးအကဲ Dr. Marco Ernst ကဆိုပါတယ်၊

အဓိကစုံစမ်းစစ်ဆေးရေးမှူး Kean Chern Fongရဲ့ ပြောကြားချက်အရ မျက်နှာပြင်နှစ်ဖက် ဆိုလာဆဲလ်တွေဟာ မျက်နှာပြင်တဖက်ဆီလီကွန် ဆဲလ်တွေရဲ့ စွမ်းဆောင်ချက်ကို အလွယ်တကူ လုပ်ဆောင်နိုင်တာကြောင့် နေရောင်ခြည်စွမ်းအင်သုံး၍လျှပ်စစ်အဖြစ်ပြောင်းလဲသော စီမံကိန်းတွင် ထိထိရောက်ရောက်အသုံးချနိုင်မှာဖြစ်ပါတယ်၊

“မျက်နှာပြင်နှစ်ဖက်စလုံးဟာ ထပ်တူညီတဲ့ စွမ်းအင်ပမာဏကိုထုတ်လုပ်ပေးနိုင်တာကြောင့် ကျွန်တော်တို့ဟာ စစ်မှန်တဲ့ မျက်နှာပြင်နှစ်ဖက် ဆိုလာဆဲလ်ကို တီထွင်နိုင်ခဲ့ပါတယ် “လို့ Dr. Fong ကပြောပါတယ်၊”သမားရိုးကျအတိုင်း ဆိုလာပြားကို ခြံထဲ ထားလိုက်တဲ့အခါ မျက်နှာပြင်ဟာ အလင်းကို စုပ်ယူရုံသာမက အောက်ဖက်မျက်နှာပြင်ကလည်း မြေပြင်က ပြန်လာသော အလင်းကိုပါစုပ်ယူတဲ့အတွက် 30% ပိုမို၍ ဓာတ်အား ရရှိနိုင်ပါတယ်၊”

“၎င်းဆိုလာပြားများသည် တူညီတဲ့ နေရောင်ခြည်ပမာဏ ကို စုပ်ယူပေမယ့် မျက်နှာပြင်နှစ်ဖက်ဆိုလာဆဲလ်ဟာ ပိုမိုအားကောင်းတဲ့ လျှပ်စစ်ပမာဏကိုထုတ်ပေးတာကြောင့် အရေးပါတဲ့ ကဏ္ဍတခုဖြစ်လာပါလိမ့်မယ်” လို့ ထပ်မံဆိုပါသေးတယ်၊

မျက်နှာပြင်နှစ်ဖက် ဆိုလာ ဆဲလ်များကို လာမည့်ငါးနှစ်အတွင်း ၅၀ ရာခိုင်နှုန်းကျော်စျေးကွက် အတွင်းဖြန့်ဝေနိုင်ရန်မျှော်မှန်းထားပါတယ် ” ဟု Fong ကပြောကြားခဲ့ပြီး“ ငါတို့ရဲ့အလုပ်ကဒီနည်းပညာရဲ့မယုံကြည်နိုင်စရာစွမ်းရည်တွေကိုပြသပေခဲ့တာဖြစ်ပါတယ် “လို့ ဆိုပါတယ်၊
writer:Evelyn
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။