အသက်အရွယ် ကွာခြားမှုကြောင့် မိဘတွေသဘောမတူသည့်ကြားက မခွဲနိုင်လို့ဆိုပြီး ဇွတ်အတင်းလက်ထပ်ခဲ့ကြသော ဇနီးမောင်နှံ
News Social News
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော Pha Hoang Thangအမည်ရှိ အသက် ၅၈အရွယ်နှင့် Chu Uyen Vanအမည်ရ အသက် ၂၈နှစ်အရွယ် မိန်းကလေးတို့သည် သူငယ်ချင်းတစ်ယောက်မှ မိတ်ဆက်ပေးခြင်းဖြင့် မြင်မြင်ချင်း စိတ်ဝင်စားသွားခဲ့ကြသည်။
ထို့နောက် ဖုန်းထဲကနေ စကားတွေပြောကြရင်း ၄လအကြာတွင် ပထမဆုံးအကြိမ် ချစ်သူစုံတွဲအနေနှင့်ချိန်းတွေ့ခဲ့ကြပြီး အမျိုးသားကြီးမှ ကုမ္ပဏီတစ်ခုနှင့် ကာရာအိုကေဘားနှစ်ခုကို ပိုင်ဆိုင်ထားသည့် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လည်းဖြစ်သည်။
ထို့ကြောင့် မိန်းကလေးအား တကယ်မချစ်ပဲ ငွေကြေးကြောင့် အဖိုးကြီးကို တွဲနေတာဆိုပြီး ကဲ့ရဲ့ဝေဖန်ကြသော်လည်း အမှန်တကယ် ချစ်တဲ့စိတ်တစ်ခုတည်းကြောင့်သာ ဖြစ်သည်။
မိန်းကလေးဧ။် မိဘနှင့်ဆွေမျိုးအသိုင်းအဝိုင်းမှလည်း အသက် ၃၀ပင် ကွာခြားနေ၍ သဘောမတူခဲ့ကြသော်လည်း ၈နှစ်အကြာတွဲလာခဲ့ပြီးနောက် သူတို့နှစ်ဦးဧ။် စစ်မှန်သောချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုခဲ့ရတော့သည်။
ယခုအခါ သူတို့ဇနီးမောင်နှံနှစ်ဦးသည် သားသမီး ၃ယောက်အား ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သော မိသားစုကမ္ဘာလေးကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းလျက်ရှိသည်။
Rain (For Ialinks)
Zawgyi
Rain (For Ialinks)
Crd