အမေရိကန်နဲ့တရုတ် စစ်ထဖြစ်နိုင်တဲ့ နန်စီပလိုစီ ရဲ့အာရှ ခရီးစဉ်

News World

အာရှက စိန်ခေါ်ပွဲ

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Plosi ရဲ့ အာရှခရီးစဉ်ကတော့ စတင်လိုက်ပါပြီ။ အာရှ ၄ နိုင်ငံကို လှည့်လည်သွားလာမယ့် သူမ ခရီးစဉ်မှာ ထိုင်ဝမ် ပါမပါ ဘယ်သူမှ မသိရသေးပါဘူး။ သူမသာ ထိုင်ဝမ်ကို သွားရင် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့ထိ ပြင်ဆင်ထားတယ်လို့ သတင်းများက ဆိုပါတယ်။


ဒီတပတ် ဘိုင်ဒန်နဲ့ ရှီနဲ့ စကားပြောကြရာမှာလဲ ဒီအကြောင်းက အဓိကပါပဲ။ အိမ်ဖြူတော်ကတော့ Plosi ဟာ အစိုးရအရာရှိမဟုတ်ပဲ လွှတ်တော်ဘက်ကဖြစ်လို့ သူမရဲ့ ခရီးစဉ်ကို ဝင်စွက်ဖက်လို့ မရဘူးလို့ ဆိုပါတယ်။ ဒီခရီးစဉ်အတွက် လုံခြုံရေးကို အမေရိကန်ကာကွယ်ရေးဌာနက ပေးရပါတယ်။

ရှီကတော့ သူ့ပါတီခေါင်းဆောင်တွေကို ဒီကာလဟာ Critical moment လို့ ပြောလိုက်သလို ​တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်စစ်သင်္ဘောတွေ ​နေရာယူနေပါတယ်။ တင့်ကားတွေ ကမ်းတက်ယာဉ်တွေကိုလဲ အသင့်နေရာချထားလိုက်ပါတယ်။ အမေရိကန်ကတော့ အခြေအနေကို စောင့်ပဲကြည့်နေခဲ့တာပါ။


အခုနောက်ဆုံးမှာတော့ အမေရိကန်ဟာ သူတို့ရဲ့ အားအကောင်းဆုံး Nuclear Power စစ်သင်္ဘောအုပ်စုကြီးဖြစ်တဲ့ USS Ronald Ragen ကို စင်ကာပူကနေတဆင့် တောင်တရုတ်ပင်လယ်ထဲ စေလွှတ်လိုက်ပြီဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်နဲ့ တရုတ်စစ်သင်္ဘောတွေ ခေါင်းချင်းဆိုင်နေတုန်း အမေရိကန်က USS Ronald Ragen ကိုပေးလိုက်တဲ့ နောက်ဆုံး Mission ကတော့ ဥက္ကဌ Plosi ကို အစွမ်းကုန် ကာကွယ်ပေးဖို့လို့ ဆိုပါတယ်။ စစ်သင်္ဘောအုပ်စုကြီးဟာ Plosi ရဲ့ လေယာဉ်ခရီးစဉ်ကို တောက်လျောက်စောင့်ကြည့်လျက် ရှိနေပါတယ်။


အဲဒီစစ်သင်္ဘောအုပ်စုရဲ့ Nuclear Power က တရုတ်ပြည်ကို ကြီးမားစွာဖျက်ဆီးနိုင်ပါတယ်။ အမေရိကန်ဟာ ရုရှားစစ်ပွဲမှာ ကိုယ်တိုင်ဝင်မပါခဲ့တာက မလိုအပ်လို့ပါ။ သူတို့ရဲ့ ပြိုင်ဖက်ဟာ တရုတ်လို့ ခံယူထားပြီး အခုက အ​ခြေအနေက လျင်မြန်စွာ တင်းမာလာတာပါ။ Plosi တယောက်သာ ထိုင်ဝမ်ရောက်ခဲ့ရင်တော့ ဘယ်လိုအဆင့်ထိ ပြင်းပြင်းထန်ထန်ဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ Indo-Pacific ဒေသမှာ အမေရိကန်ရဲ့ အားအကောင်းဆုံးဖြစ်တဲ့ U.S Navy ရဲ့ အင်အား ၅၀% ကျော်ရောက်ရှိနေတာကိုလဲ မမေ့သင့်ပါဘူး။

လက်ရှိမှာတော့ ဂျပန်၊ ကိုရီးယားအပါအဝင် အာရှနိုင်ငံတွေဟာ Plosi ရဲ့ လေယာဉ်လမ်းကြောင်းကို ကမ္ဘာတဝှမ်းက လူတွေ၊ အမေရိကန်စစ်တပ်၊ တရုတ်စစ်တပ်တွေနဲ့အတူ စောင့်ကြည့်လျက် ရှိနေကြပါတော့တယ်။

crd nay thway