ဟော့ပေါ့အိုးထဲတွင် သုံးပြီးသားကွန်ဒုံးကြီးပါလာခဲ့လို့ ဆိုင်ပိုင်ရှင်ကိုမကျေမနပ်ဖြစ်ကာ တရားစွဲခဲ့သည့် ကမ္ဘာ့ကံအဆိုးဆုံး အမျိုးသား

News Social News





Zawgyi

ဟော့ပေါ့အိုးထဲတွင် သုံးပြီးသားကွန်ဒုံးကြီးပါလာခဲ့လို့ ဆိုင်ပိုင်ရှင်ကိုမကျေမနပ်ဖြစ်ကာ တရားစွဲခဲ့သည့် ကမ္ဘာ့ကံအဆိုးဆုံး အမျိုးသား

အစားအသောက်တစ်ခုတွင် ပထမဦးစားပေးရမည့် အရေးကြီးဆုံးသောအချက်ဟာ သန့်ရှင်းမှုပင်ဖြစ်ပါတယ်။လူသားတို့အတွက် သန့်ရှင်းလတ်ဆတ်မှုရှိမှသာ ကျန်းမာရေးနှင့်ညီညွတ်စွာဖြင့် စိတ်ချမ်းသာစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။

ယခုတွင်တော့ တရုတ်နိုင်ငံမှ နာမည်ကြီး ဟော့ပေါ့ဆိုင်တစ်ခုဟာ သန့်ရှင်းမှုကို အလေးမထားသည့်အတွက် ဆိုင်၏ဂုဏ်သိက္ခာတွေကျဆင်းပြီး လာရောက်စားသုံးသူမရှိ ဖြစ်သွားခဲ့ရပါတယ်။အကြောင်းကတော့ အမျိုးသားတစ်ဦးလာရောက်စားသောက်စဉ် ဟော့ပေါ့အိိုးထဲသို့ အသုံးပြုပြီးသား ကွန်ဒုံးကြီးက ပါသွားခဲ့ရသည်အထိဖြစ်ပါတယ်။

အမျိုးသားဟာလည်း ဒေါသထွက်ပြီး အကြောင်းစုံကို လိုင်းပေါ်တင်ခဲ့သည့်အပြင် တရားစွဲတိုင်ကြားခဲ့တာဖြစ်ပါတယ်။ဆိုင်မန်နေဂျာက အမျိုးသားကို တောင်းပန်ဖို့ ဖုန်းဆက်ခဲ့သော်လည်း အမျိုးသာဟာ အားလုံးကို တိုင်ကြားကာ ကြေညာပြီးသားဖြစ်နေခဲ့ပါပြီ။

Crd