သမ္မတအားစွပ်စွဲအပြစ်တင်ရန်ဒီမိုကရက်တစ်တို့ဒုတိယအကြိမ်အသင့်ရှိ

News

သမ္မတအား စွပ်စွဲအပြစ်တင်ရန် ဒီမိုကရက်တစ်တို့ ဒုတိယအကြိမ်အသင့်ရှိ။ ဖွဲ့စည်းပုံအရ ထရမ့်၏ နောက်ဆုံးအခွင့်အရေးများ၊ နျူကလီယာလက်နက်ပစ်လွှတ်အမိန့် သင်္ကေတများနှင့် ဒီမိုကရေစီ နှစ်ရာချီသက်တမ်းရှိနိုင်ငံ၏ တိုင်းပြည်ပျက်လောက်သည့် သမိုင်းဝင်နေ့ရက်များ

အကယ်၍ ဒေါ်နယ်ထရမ့်အနေဖြင့် သမ္မတရာထူးမှ နှုတ်ထွက်ခြင်းမပြုလျှင် သို့မဟုတ် ဒုတိယ-သမ္မတမိုက်ပင့်က ဖွဲ့စည်းပုံဥပဒေ ၂၅-ကြိမ်မြောက်ပြင်ဆင်ချက်ကို လက်မခံလျှင် လွှတ်တော်အဆောက်အအုံ လူစုလူဝေး ဆူပူမှုတွင် တာဝန်ရှိသူအဖြစ် သမ္မတအား မကြုံစဖူး စွပ်စွဲ ပြစ်တင်ခြင်းကို လာမည့် တနင်္လာနေ့၌ ဒုတိယအကြိမ်စတင်မည်ကြောင်း ဒီမိုကရက်တစ်တို့က သတိပေးသည်ဟု New York Times က ယနေ့ရေးသားသည်။

အမေရိကန်နိုင်ငံ၏ အထက်နှင့် အောက် လွှတ်တော်နှစ်ရပ်လုံးကျင်းပရာ ကက်ပီတိုလ်အတောက်အအုံကို ဒေါ်နယ်ထရမ့်ထောက်ခံသူများက ကြောက်မက်ဖွယ် စီးနင်းအကြမ်းဖက်မှုများနှင့် နိုင်ငံအတွင်း ပုံမှန်မဟုတ်သော သမိုင်းဝင်ဖြစ်စဉ်များမှာ ရက်သတ္တပတ်ချီ အရှိန်မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ခံ ဂျိုးဘိုင်ဒင်၏ သမ္မအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာလည်း အပြီးသတ်စီစဉ်နိုင်ခြင်း မရှိသေးချေ။

ဒေါ်နယ်ထရမ့်အား ရာထူးမှ အမြန်ဆုံးဖယ်ရှားရန်နည်းလမ်းမှာ ဒုတိယ-သမ္မတဖြစ်သူနှင့် အစိုးရဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးအများစုက အထက်လွှတ်တော်ဥက္ကဌ နှင့် အောက်လွှတ်တော်ဥက္ကဌတို့ထံ တရားဝင်စာရေးတင်ပြရန် အမေရိကန်အခြေခံဥပဒေပြင်ဆင်ချက် ၂၅ အခန်း ၄ တွင်ပြဌာန်းထားသည်။ နိုင်ငံတော်သမ္မတသည် သမ္မတအဖြစ် အုပ်ချုပ်နိုင်စွမ်း မရှိတော့ သို့မဟုတ် သမ္မတတာဝန်များကို ထမ်းဆောင်နိင်ခြင်း မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်လျှက်ရှိခြင်းကြောင့် သမ္မတအား ရာထူးမှ ဖယ်ရှားပေးပါရန် တောင်းဆိုရမည်ဖြစ်သည်။

ရီပတ်ဘလစ်ကင်ပါတီအတွင်း ဒုတိယသမ္မတဖြစ်သူက သမ္မတအား ရာထူးမှ ဖယ်ရှားရမည်ဆိုခြင်းမှာ ပြောစမှတ် တွင်မည့်ကိစ္စဖြစ်၍ နိုင်ငံရေးသိက္ခာအရ မိုက်ပင့်အနေဖြင့် လိုက်နာရန် မဟာအခက်အခဲကြီးဖြစ်သည်။ သို့သော် ထရမ့်အနေဖြင့် ယခုထက်ပို၍ မတည်မငြိမ်ဖြစ်လာခဲ့လျှင် ၄င်းနည်းလမ်းကို ပစ်ပယ်မည်မဟုတ်ကြောင်း မိုက်ပင့်က ပြောဆိုသည်။

အထက်နှင့်အောက် လွှတ်တော် ၂-ရပ်လုံးရှိ သဘောထားပြောင်း ရီပတ်ဘလစ်ကင်နှင့် ဒီမိုကရက်တစ်အမတ်များ ၃-ပုံ ၂-ပုံကျော်၏ ထောက်ခံမှုဖြင့် ဒေါ်နယ်ထရမ့်မှာ သမ္မတရာထူးမှ ဖယ်ရှားခံရရန် သေချာလျှက်ရှိသည်။ ထိုသို့ ဖြုတ်ချမခံလိုလျှင် ဒေါ်နယ်ထရမ့်အနေဖြင့် မိမိသဘောအလျှောက် ရာထူးမှ နှုတ်ထွက်နိုင်သည်။

ဒေါ်နယ်ထရမ့်သည် အုပ်ချုပ်ရေးအတွေ့အကြုံမရှိ ယခင်သမ္မတများကဲ့သို့ ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ခဲ့ဖူးသူ မဟုတ်ချေ။ နိုင်ငံရေးအတွေ့အကြုံအဖြစ် အထက်လွှတ်တော်အမတ် ဖြစ်ခဲ့သူလည်း မဟုတ်ချေ။ အုပ်ချုပ်ရေး-နိုင်ငံရေးအတွေ့အကြုံ တစ်ပြားဖိုးမျှပင် မရှိပဲ၊ လူသိများပိုက်ဆံချမ်းသာသူဖြစ်ခြင်း တစ်ခုတည်းနှင့် သမ္မတရာထူး ရရှိသွားသူ ဖြစ်သည်ဆိုလျှင် မမှားချေ။

ထိုထက်ပို၍ ရင်နာစရာကောင်းသည်မှာ လွန်ခဲ့သည့် ၄-နှစ် ၂၀၁၆-ခုနှစ်တွင် နှစ်ရာချီဒီမိုကရေစီသက်တမ်းရှိ အမေရိကန်၏ ရှေးအကျဆုံးနိုင်ငံရေးပါတီ GOP အဖြစ် တင်စားခဲ့ကြသည့် ရီပတ်ဘလစ်ကင်ပါတီကြီး၌ သမ္မတလောင်းအရည်အချင်းနှင့် ပြည့်စုံသူ လောက်လောက်လားလား မရှိခဲ့ကြောင်း ပေါ်လွင်လာခြင်းဖြစ်သည်။

၂၁၀၆-ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် သမ္မတလောင်း နတ္ထိဖြစ်နေသော ရီပတ်ဘလစ်ကင်ပါတီ၌ နိုင်ငံရေး အုပ်ချုပ်ရေးနယ်ပယ်မှ မဟုတ်သော်လည်း အလွန်လူသိများ ထင်ရှားသည့် အိမ်ခြံမြေဆောက်လုပ်ရေး သူဌေး ဒေါ်နယ်ထရမ့်က သူ့စရိတ်နှင့်သူ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုလာသည်။ မဲဆွယ်စရိတ် ဒေါ်လာ ဘီယီယံချီ သုံးစွဲမည့် ဒီမိုကရက်တစ်အကြို သမ္မတလောင်းတို့နှင့် ယှဉ်ပြိုင်ရမည့် ရီပတ်ဘလစ်ကင်ပါတီအတွက်လည်း အကြိုက်တွေ့သွားခြင်းမှာ အမေရိကန်နိုင်ငံအတွက် ကံဆိုးမိုးမှောင်ကျရခြင်း၏ ပထမ အစပင် ဖြစ်သည်။

ဆနျဒမဲပေးခှင့ရြှိသူမွား၏ အမွားဆုံးအရအတှေကဖြှဈသော #ဝိုငမြွိုးဆကြ Generation Y သို့မဟုတြ Millennials #မယလြနြးနီးယယမြွား ခေါြ (၁၉၈၁ မှ ၁၉၉၆ ကှား မှေးဖှားသူ၊ အသကြ ၁၈ နှဈမှ ၃၅ နှဈအ ကှားရှိသူမွား) မဲဆနျဒရှငြ သနြး ၇၀ တို့သညြ ပါတီကိုမကှည့ပြဲ လူကိုသာ ကှည့ခြဲ့ကှသညမြှာ ခွီးကွူးစရာပငြ ဖှဈသညြ။ ၄ငြးတို့နှဈသကသြည့ြ ဘနနြီဆနဒြါးဈမှာ ဒီမိုကရကတြဈသမျမတလောငြး ဖှဈမလာ၍၄ငြး၊ လငယြောကြွားအရှိနအြဝါနှင့ြ နာမညရြယူသူအဖှဈ ၄ငြးတို့အငမြတနမြကွမြုနြးကွိုးသည့ြ ဟီလာရီကလငတြနကြိုလညြး မဲမပေး၊ ရီပတဘြလဈကငြ ထရမ့ကြိုလညြး မဲမထည့ခြှငြးဖှင့ြ သပိတမြှောကခြဲ့ကှသညြ။ ဆနျဒမဲ သနြး ၇၀ မှာ အလဟူဖှဈသှားသညြ။

လူကြိုက်များမှု Popula Vote တွင် ထရမ့်သည် ဟီလာရီကို ရှုံးသော်လည်း အမေရိကန်ခြေဥအရ အဖွဲ့ဝင်‌ ၅၃၈-ဦးပါ #သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ (electoral college) ၏ နောက်ဆုံးပိတ် အဆုံးအဖြတ်မဲတွင် ၃၀၄-မဲရရှိကာ ဒေါ်နယ်ထရမ့်မှာ အမေရိကန်ပြည်ထောင်စု၏ (၄၅) ယောက်မြောက် သမ္မတဖြစ်လာပါသည်။ ထိုစဉ်မှစ၍ အမေရိကန်ပြည်ထောင်စုမှာလည်း အကွပ်မရှိသည့် ကြမ်းပမာ ၄ နှစ်နီးပါး ဗရမ်းဗတာများ နေ့စဉ် ဖြစ်နေတော့သည်။

ရွေးကောက်ပွဲ အငြင်းအခုန်ဆိုသည်မှာ ကမ္ဘာအရပ်ရပ်တွင် မကြာခဏ တွေ့ရမြဲဖြစ်ပြီး ငြင်းခုန်လာလျှင် ဖြေရှင်းပေးရမြဲဖြစ်ပါသည်။ ၂၀၂၀-ခုနှစ် ရွေးကောက်ပွဲမှာ မဲမသမာကြောင်း ဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်တို့ကို သက်ဆိုင်ရာတို့က တစ်ဖက်သပ် ပယ်ချခြင်း မရှိခဲ့ပါ။ ပြည်နယ်အချို့တွင် ဆန္ဒမဲများကို လက်ဖြင့် ပြန်လည်ရေတွက်ခြင်း၊ မဲရေတွက်သည့် ကွန်ပျူ တာများအား ပြန်လည်စစ်ဆေးခြင်းစသည်ဖြင့် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ တရားရုံးများအားကောင်းသော အမေရိကန်၏ ပြည်နယ်နှင့် ဖက်ဒရယ်တရားရုံးများက ထရမ့်၏ စောဒကကို ပယ်ချခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း ထရမ့်က စာတိုက်မဲများအား မသမာမဲများအဖြစ် ဆက်လက်စွပ်စွဲနေခြင်းဖြစ်ပြီး ထရမ့်ထောက်ခံသူများကလည်း ဂျိုးဘိုင်ဒင်အနိုင်ရသည်ဆိုခြင်းကို လက်မခံကြပါ။

လာမည့် ဇန်နဝါရီ ၁၇ ရက်နေ့နှင့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဇန်နဝါရီ ၂၀-ရက်နေ့တို့တွင် ထရမ့်ထောက်ခံ ဂိုဏ်းပေါင်းစုံ #လူဖြူကြီးစိုးရေးဝါဒီတို့က နောက်ဆုံးအခွင့်အရေးအဖြစ် ဆူပူရမ်းကား တိုက်ခိုက်ကြရန် လှုံ့ဆော်နေကြပါသည်။

စိတ်မူမမှန် မထူးဇာတ်ခင်းလာဟန်ရှိသော ထရမ့်အား စိတ်မချရနိုင်သည့် အရေးကြီးဆုံးပြဿနာတစ်ခုမှာ သမ္မတလက်ဝယ်ရှိ #နျူကလီယာလက်နက်များ ပစ်လွှတ်ရန်အမိန့်သင်္ကေတ ဖြစ်ပါသည်။ စိတ်ရူးပေါက်၍ နျူလက်နက်များ ပစ်လွှတ်ရန် အမိန့်ပေးနိုင်ခြင်းဖြစ်သည်။

သို့သော် ထိုသို့ဖြစ်မလာအောင် တိကျစွာ စီမံထားပါကြောင်း အမေရိကန်တပ်မတော် ပူးတွဲစစ်ဦးစီးအရာရှိချုပ်များ၏ အလှည့်ကျဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး မိုက်မီလာက အာမခံပြောကြားသည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုဆီက ဆိုပါသည်။ နျူလက်နက်ပစ်လွှတ်အမိန့်ဆိုသည်မှာ Facebook, Twitters အကောင့်ကဲ့သို့ ပိတ်ချင်တိုင်း ပိတ်၍ မရပါ။ အမေရိကန်တပ်မတော်တွင် သိုမှီးထားသော နျူကလီယာလက်နက်များအား ပစ်လွှတ်ရန်အမိန့်မှာ သင်္ကေတ ကုဒ်များဖြစ်ပြီး သမ္မတအဆက်ဆက်ကို ဥပဒေပြဋ္ဌာန်းပေးအပ်ထား၍ သွားလေရာ တစ်ပါတည်း ယူဆောင်သွားရလေ့ရှိသည်။

ဤတွင် အကယ်၍ လောလောဆယ် နိုင်ငံကြီးတစ်နိုင်ငံက အမေရိကန် နိုင်ငံအား နျူကလီယာလက်နက်ဖြင့် တိုက်ခိုက်လာခဲ့သည်ရှိသော် နျူလက်နက်ဖြင့် တုန့်ပြန်ရန် မည်သူက မည်သို့အမိန့်ပေးမည်ဆိုခြင်းမှာ စိတ်ဝင်စားဖွယ်ရှိသည်။
..
တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အရေးတွင် အမေရိကန်သည် တရုတ်နှင့် ထိပ်တိုက်တွေ့နေပြီး မြောက်ကိုရီးယားကဲ့သို့ နိုင်ငံတွင်လည်း နျူကလီယာလက်နက်များ ရှိနေသည်။

((( New York Times., 10 Jan 2021., “Democrats Ready Impeachment Charge Against Trump for Inciting Capitol Mob.” ကို HtayOung,OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))
OungMarine မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
သမ္မတအား စွပ်စွဲအပြစ်တင်ရန် ဒီမိုကရက်တစ်တို့ ဒုတိယအကြိမ်အသင့်ရှိ။ ဖွဲ့စည်းပုံအရ ထရမ့်၏ နောက်ဆုံးအခွင့်အရေးများ၊ နျူကလီယာလက်နက်ပစ်လွှတ်အမိန့် သင်္ကေတများနှင့် ဒီမိုကရေစီ နှစ်ရာချီသက်တမ်းရှိနိုင်ငံ၏ တိုင်းပြည်ပျက်လောက်သည့် သမိုင်းဝင်နေ့ရက်များ

အကယ်၍ ဒေါ်နယ်ထရမ့်အနေဖြင့် သမ္မတရာထူးမှ နှုတ်ထွက်ခြင်းမပြုလျှင် သို့မဟုတ် ဒုတိယ-သမ္မတမိုက်ပင့်က ဖွဲ့စည်းပုံဥပဒေ ၂၅-ကြိမ်မြောက်ပြင်ဆင်ချက်ကို လက်မခံလျှင် လွှတ်တော်အဆောက်အအုံ လူစုလူဝေး ဆူပူမှုတွင် တာဝန်ရှိသူအဖြစ် သမ္မတအား မကြုံစဖူး စွပ်စွဲ ပြစ်တင်ခြင်းကို လာမည့် တနင်္လာနေ့၌ ဒုတိယအကြိမ်စတင်မည်ကြောင်း ဒီမိုကရက်တစ်တို့က သတိပေးသည်ဟု New York Times က ယနေ့ရေးသားသည်။

အမေရိကန်နိုင်ငံ၏ အထက်နှင့် အောက် လွှတ်တော်နှစ်ရပ်လုံးကျင်းပရာ ကက်ပီတိုလ်အတောက်အအုံကို ဒေါ်နယ်ထရမ့်ထောက်ခံသူများက ကြောက်မက်ဖွယ် စီးနင်းအကြမ်းဖက်မှုများနှင့် နိုင်ငံအတွင်း ပုံမှန်မဟုတ်သော သမိုင်းဝင်ဖြစ်စဉ်များမှာ ရက်သတ္တပတ်ချီ အရှိန်မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ခံ ဂျိုးဘိုင်ဒင်၏ သမ္မအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာလည်း အပြီးသတ်စီစဉ်နိုင်ခြင်း မရှိသေးချေ။

ဒေါ်နယ်ထရမ့်အား ရာထူးမှ အမြန်ဆုံးဖယ်ရှားရန်နည်းလမ်းမှာ ဒုတိယ-သမ္မတဖြစ်သူနှင့် အစိုးရဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးအများစုက အထက်လွှတ်တော်ဥက္ကဌ နှင့် အောက်လွှတ်တော်ဥက္ကဌတို့ထံ တရားဝင်စာရေးတင်ပြရန် အမေရိကန်အခြေခံဥပဒေပြင်ဆင်ချက် ၂၅ အခန်း ၄ တွင်ပြဌာန်းထားသည်။ နိုင်ငံတော်သမ္မတသည် သမ္မတအဖြစ် အုပ်ချုပ်နိုင်စွမ်း မရှိတော့ သို့မဟုတ် သမ္မတတာဝန်များကို ထမ်းဆောင်နိင်ခြင်း မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်လျှက်ရှိခြင်းကြောင့် သမ္မတအား ရာထူးမှ ဖယ်ရှားပေးပါရန် တောင်းဆိုရမည်ဖြစ်သည်။

ရီပတ်ဘလစ်ကင်ပါတီအတွင်း ဒုတိယသမ္မတဖြစ်သူက သမ္မတအား ရာထူးမှ ဖယ်ရှားရမည်ဆိုခြင်းမှာ ပြောစမှတ် တွင်မည့်ကိစ္စဖြစ်၍ နိုင်ငံရေးသိက္ခာအရ မိုက်ပင့်အနေဖြင့် လိုက်နာရန် မဟာအခက်အခဲကြီးဖြစ်သည်။ သို့သော် ထရမ့်အနေဖြင့် ယခုထက်ပို၍ မတည်မငြိမ်ဖြစ်လာခဲ့လျှင် ၎င်းနည်းလမ်းကို ပစ်ပယ်မည်မဟုတ်ကြောင်း မိုက်ပင့်က ပြောဆိုသည်။

အထက်နှင့်အောက် လွှတ်တော် ၂-ရပ်လုံးရှိ သဘောထားပြောင်း ရီပတ်ဘလစ်ကင်နှင့် ဒီမိုကရက်တစ်အမတ်များ ၃-ပုံ ၂-ပုံကျော်၏ ထောက်ခံမှုဖြင့် ဒေါ်နယ်ထရမ့်မှာ သမ္မတရာထူးမှ ဖယ်ရှားခံရရန် သေချာလျှက်ရှိသည်။ ထိုသို့ ဖြုတ်ချမခံလိုလျှင် ဒေါ်နယ်ထရမ့်အနေဖြင့် မိမိသဘောအလျှောက် ရာထူးမှ နှုတ်ထွက်နိုင်သည်။

ဒေါ်နယ်ထရမ့်သည် အုပ်ချုပ်ရေးအတွေ့အကြုံမရှိ ယခင်သမ္မတများကဲ့သို့ ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ခဲ့ဖူးသူ မဟုတ်ချေ။ နိုင်ငံရေးအတွေ့အကြုံအဖြစ် အထက်လွှတ်တော်အမတ် ဖြစ်ခဲ့သူလည်း မဟုတ်ချေ။ အုပ်ချုပ်ရေး-နိုင်ငံရေးအတွေ့အကြုံ တစ်ပြားဖိုးမျှပင် မရှိပဲ၊ လူသိများပိုက်ဆံချမ်းသာသူဖြစ်ခြင်း တစ်ခုတည်းနှင့် သမ္မတရာထူး ရရှိသွားသူ ဖြစ်သည်ဆိုလျှင် မမှားချေ။

ထိုထက်ပို၍ ရင်နာစရာကောင်းသည်မှာ လွန်ခဲ့သည့် ၄-နှစ် ၂၀၁၆-ခုနှစ်တွင် နှစ်ရာချီဒီမိုကရေစီသက်တမ်းရှိ အမေရိကန်၏ ရှေးအကျဆုံးနိုင်ငံရေးပါတီ GOP အဖြစ် တင်စားခဲ့ကြသည့် ရီပတ်ဘလစ်ကင်ပါတီကြီး၌ သမ္မတလောင်းအရည်အချင်းနှင့် ပြည့်စုံသူ လောက်လောက်လားလား မရှိခဲ့ကြောင်း ပေါ်လွင်လာခြင်းဖြစ်သည်။

၂၁၀၆-ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် သမ္မတလောင်း နတ္ထိဖြစ်နေသော ရီပတ်ဘလစ်ကင်ပါတီ၌ နိုင်ငံရေး အုပ်ချုပ်ရေးနယ်ပယ်မှ မဟုတ်သော်လည်း အလွန်လူသိများ ထင်ရှားသည့် အိမ်ခြံမြေဆောက်လုပ်ရေး သူဌေး ဒေါ်နယ်ထရမ့်က သူ့စရိတ်နှင့်သူ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုလာသည်။ မဲဆွယ်စရိတ် ဒေါ်လာ ဘီယီယံချီ သုံးစွဲမည့် ဒီမိုကရက်တစ်အကြို သမ္မတလောင်းတို့နှင့် ယှဉ်ပြိုင်ရမည့် ရီပတ်ဘလစ်ကင်ပါတီအတွက်လည်း အကြိုက်တွေ့သွားခြင်းမှာ အမေရိကန်နိုင်ငံအတွက် ကံဆိုးမိုးမှောင်ကျရခြင်း၏ ပထမ အစပင် ဖြစ်သည်။

ဆန္ဒမဲပေးခွင့်ရှိသူများ၏ အများဆုံးအရေအတွက်ဖြစ်သော #ဝိုင်မျိုးဆက် Generation Y သို့မဟုတ် Millennials #မယ်လန်းနီးယယ်များ ခေါ် (၁၉၈၁ မှ ၁၉၉၆ ကြား မွေးဖွားသူ၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်အ ကြားရှိသူများ) မဲဆန္ဒရှင် သန်း ၇၀ တို့သည် ပါတီကိုမကြည့်ပဲ လူကိုသာ ကြည့်ခဲ့ကြသည်မှာ ချီးကျူးစရာပင် ဖြစ်သည်။ ၎င်းတို့နှစ်သက်သည့် ဘန်နီဆန်ဒါးစ်မှာ ဒီမိုကရက်တစ်သမ္မတလောင်း ဖြစ်မလာ၍၎င်း၊ လင်ယောက်ျားအရှိန်အဝါနှင့် နာမည်ရယူသူအဖြစ် ၎င်းတို့အင်မတန်မျက်မုန်းကျိုးသည့် ဟီလာရီကလင်တန်ကိုလည်း မဲမပေး၊ ရီပတ်ဘလစ်ကင် ထရမ့်ကိုလည်း မဲမထည့်ခြင်းဖြင့် သပိတ်မှောက်ခဲ့ကြသည်။ ဆန္ဒမဲ သန်း ၇၀ မှာ အလဟဿဖြစ်သွားသည်။

Leave a Reply