သမ္မတပူတင်ရဲ့လူယုံ ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီး အရေးပေါ်ကူညီရင်း သေဆုံး

News

သမ္မတပူတင်ရဲ့လူယုံ ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီး အရေးပေါ်ကူညီရင်း သေဆုံး

ရုရှားအရေးပေါ်ကူညီကယ်ဆယ်ရေးဝန်ကြီး Yevgeny Zinichev ဟာ စက်တင်ဘာ ၈ ရက်နေ့က တာဝန်ထမ်းဆောင်ရင်းသေဆုံးသွားတယ်လို့ ကရင်မလင် သမ္မတနန်းတော်က ပြောပါတယ်။

ရေထဲကိုပြုတ်ကျသွားတဲ့ သူ့ရဲ့ကင်မရာသမားကို ကယ် ဆယ်ဖို့ ဒိုက်ထိုးဆင်းရာမှာ ကျောက်ဆောင်ကို ခေါ င်းနဲ့ တို က်မိတာလို့ဆိုပါတယ်။ရေနစ်သူရော ဒဏ်ရာရတဲ့ ဝန်ကြီးကိုပါ စစ်ရဟတ်ယာဉ်နဲ့ ဆေးရုံကို အရေးပေါ်ပို့ပေမယ့် သေဆုံးသွားတယ်လို့ ရုရှားသမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

Yevgeny Zinichev ဟာ ပူတင်နဲ့အတူ ဆိုဗီယက် KGB ထောက်လှမ်းရေးမှာ တာဝန်ထမ်းခဲ့သူဖြစ်သလို ရုရှားထောက်လှမ်းရေး FSB မှာ ဒုတိယအကြီးအကဲတာဝန် ယူခဲ့သူဖြစ်ပါတယ်။

ပူတင်ရဲ့ ယုံကြည်စိတ်အချရဆုံးသူဖြစ်သလို ပူတင်သွားလေရာကို လိုက်ပါရသူလည်းဖြစ်ပါတယ်။ ပူတင်ရဲ့အရိုက်အရာကို ဆက်ခံမယ့်သူလို့ ထင်ကြေးပေးခံရသူလည်းဖြစ်ပါတယ်။ သေဆုံးချိန်မှာ အသက် ၅၆ နှစ်ရှိပြီဖြစ်ပါတယ်။

Yevgeny Zinichev ကွယ်လွန်တဲ့အပေါ် ကြေကွဲမိကြောင်းနဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ သမ္မတပူတင် အပါအဝင် ရုရှားအစိုးရဝန်ကြီးတွေက ထုတ်ဖေါ်ပြောဆိုထားပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

သမၼတပူတင္ရဲ့လူယုံ ႐ုရွားအေရးေပၚကယ္ဆယ္ေရးဝန္ႀကီး အေရးေပၚကူညီရင္း ေသဆုံး

႐ုရွားအေရးေပၚကူညီကယ္ဆယ္ေရးဝန္ႀကီး Yevgeny Zinichev ဟာ စက္တင္ဘာ ၈ ရက္ေန႔က တာဝန္ထမ္းေဆာင္ရင္းေသဆုံးသြားတယ္လို႔ ကရင္မလင္ သမၼတနန္းေတာ္က ေျပာပါတယ္။

ေရထဲကိုျပဳတ္က်သြားတဲ့ သူ႔ရဲ့ကင္မရာသမားကို ကယ္ ဆယ္ဖို႔ ဒိုက္ထိုးဆင္းရာမွာ ေက်ာက္ေဆာင္ကို ေခါ င္းနဲ႔ တို က္မိတာလို႔ဆိုပါတယ္။ေရနစ္သူေရာ ဒဏ္ရာရတဲ့ ဝန္ႀကီးကိုပါ စစ္ရဟတ္ယာဥ္နဲ႔ ေဆး႐ုံကို အေရးေပၚပို႔ေပမယ့္ ေသဆုံးသြားတယ္လို႔ ႐ုရွားသမၼတ ေျပာခြင့္ရပုဂၢိဳလ္က ေျပာပါတယ္။

Yevgeny Zinichev ဟာ ပူတင္နဲ႔အတူ ဆိုဗီယက္ KGB ေထာက္လွမ္းေရးမွာ တာဝန္ထမ္းခဲ့သူျဖစ္သလို ႐ုရွားေထာက္လွမ္းေရး FSB မွာ ဒုတိယအႀကီးအကဲတာဝန္ ယူခဲ့သူျဖစ္ပါတယ္။

ပူတင္ရဲ့ ယုံၾကည္စိတ္အခ်ရဆုံးသူျဖစ္သလို ပူတင္သြားေလရာကို လိုက္ပါရသူလည္းျဖစ္ပါတယ္။ ပူတင္ရဲ့အရိုက္အရာကို ဆက္ခံမယ့္သူလို႔ ထင္ေၾကးေပးခံရသူလည္းျဖစ္ပါတယ္။ ေသဆုံးခ်ိန္မွာ အသက္ ၅၆ ႏွစ္ရွိၿပီျဖစ္ပါတယ္။

Yevgeny Zinichev ကြယ္လြန္တဲ့အေပၚ ေၾကကြဲမိေၾကာင္းနဲ႔ ႀကီးမားတဲ့ဆုံးရႈံးမႈႀကီးျဖစ္တယ္လို႔ သမၼတပူတင္ အပါအဝင္ ႐ုရွားအစိုးရဝန္ႀကီးေတြက ထုတ္ေဖၚေျပာဆိုထားပါတယ္။

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။