ဒေါ်လာဘီလီယံ ၂၀၀ တန်အာကာသဟိုတယ် Voyager Station မှာနေဖို့ပြင်ထားလိုက်တော့

Article Tech

အာကာသယာဉ်ရဲ့ပြတင်းပေါက်ကနေ အပြင်မှာ အကြိမ်ပေါင်း ဘီလီယံ200လောက်လည်ပတ်နေတဲ့ အာကာသစခန်းကိုကြည့်လိုက်ပါ၊ အဲ့တာဟာ အာကာသခရီးသည်တွေအတွက် အပန်းဖြေစခန်းဖြစ်ပြီး သုံးညအိပ်ခရီးအတွက် တခန်းကိုဒေါ်လာ5သန်းကုန်ကျနိုင်ပါတယ်၊အပန်းဖြေစခန်းရဲ့ အနိမ့်ဆုံးပတ်လမ်းမှာဆို ဝါသနာပါတဲ့ လှုပ်ရှားမှုတွေကိုလုပ်ဆောင်နိုင်ပြီးဟိုတယ်ဧည့်ခန်းပါရှိပါတယ်၊

ဒါ့အပြင် အဆင့်မြင့်စားသောက်ဆိုင်ရှိပြီးအထက်တန်းအစားအစာတွေနဲ့အာကာသခရီးအတွက်အေးခဲခြောက်သွေ့အောင်လုပ်ထားတဲ့အစားအစာတွေကိုလည်းရရှိနိုင်ပါတယ်၊အာကာသယာဉ်တည်ဆောက်တဲ့ကုမ္ပဏီတွေဟာ ဒီအပန်းအဖြေစခန်းအတွက် အခန်းပိုထည့်ဆောက်ထားတာမျိုးမရှိပါဘူး၊

အာကာသခရီးကိုလည်ပတ်ဖို့အဆင့်သင့်ဖြစ်ပြီလား
ဒါဆိုရင်တော့ မလည်ပတ်ခင် အပြင်ပိုင်းကိုတချက်ကြည့်ရပါမယ်၊ အလည်ဗဟိုမှာကုန်ပစ္စည်းနဲ့ခရီးသည် အတင်အချလုပ်ဖို့ ဂိတ်တခုလိုအခန်းပါရှိပြီး ပတ်လမ်းတွေနဲ့ချိတ်ဆက်နေပါတယ်၊ ဒီလို ‌ရှည်လျားပြီးကွန်ရက်လိုဖြစ်နေတဲ့ အပန်းဖြေစခန်းဟာ အပြင်ပန်းကကြည့်ရင် စက်ဘီးရဲ့ ဘီးတခုနဲ့တောင်‌တူပါတယ်၊အာကာသယာဉ်မှူး‌တွေဟာ ဆက်သွယ်ရေးနဲ့သယ်ယူပို့ဆောင်ရေးအတွက် ဆိုလာပြားတွေနဲ့ရေဒီယိုလှိုင်းတွေကိုသုံးပြီး တိုင်လေးခုပုံစံဖြင့်ဂိတ်နဲ့လူ‌နေပတ်လမ်းကို ဆက်သွယ်ထားပါတယ်၊ သူ့မှာ လူနေပတ်လမ်းနဲ့ဆက်ထားတဲ့ အပိုင်း24ပိုင်းပါပီး တစ်ပိုင်းနဲ့တစ်ပိုင်းအလွယ်တကူ သွားလာနိုင်ပါတယ်

၊ဝန်ထမ်းတွေဟာ ကုန်တင်ကုန်ချပြီးဆုံးသွားရင် ဂိတ်ကို လွန်းပျံတခုနဲ့ချိတ်ဆက်လိုက်ပြီး စတင်လည်ပတ်ပါတယ်၊ အာကာသအပန်းဖြေစခန်းရဲ့ဆွဲအားဟာ ကမ္ဘာမြေနဲ့မတူပဲ 6ပုံ1ပုံသာရှိတာကြောင့်ကိုယ့်ကိုယ်ကိုပေါ့တယ်လို့ခံစားရစေပါတယ်၊လူနေအခန်းတွေမှာတော့ဖိအား‌သုံးစနစ်ပါတာကြောင့် ပုံမှန်လိုဖြစ်နေပါတယ်၊သုံးညအိပ်ခရီးအတွက်ဆို ဒေါ်လာငါးသန်းကုန်ကျမှာဖြစ်ပြီး အကယ်၍တပတ်လောက်အထိပိုကြာကြာနေချင်ရင်တော့ဒေါ်လာ10သန်းကျကာ တလဆိုရင်တော့ဒေါ်လာ15သန်းသာကုန်ကျမှာဖြစ်ပါတယ်၊တဂယ်လို့သင်မှာသုံးစရာပိုက်ဆံတပုံတပင်ရှိတယ်ဆိုရင် ကိုယ်ပိုင်အိမ်ခန်းဝယ်လိုက်တာပိုမကောင်းဘူးလား၊တခန်းကိုဒေါ်လာသန်း250တန်ဖိုးရှိပြီး ရေချိုးခန်း3ခန်း၊မီးဖို‌ချောင်သုံးပစ္စည်းအပြည့်အစုံနဲ့ လူ16ယောက်လောက်နေဖို့အိပ်ခန်းတွေလဲပါရှိပါတယ်၊

သင့်ရဲ့ကိုယ်ပိုင်နေရာလေးတခုမပိုင်ဆိုင်ချင်ဘူးလား၊
တဂယ်လို့သင်ဟာ ဝင်ငွထွက်ငွေနဲ့ပတ်သက်ပြီး ချွေတာချင်ရင်လူ‌နေနေမ်အစားဟိုတယ်ဧည့်ခန်းမှာနေနိုင်ပြီးပိုက်ဆံချွေတာနိုင်ပါတယ်၊
1ပတ်ကိုဒေါ်လာတစ်သန်းဆိုတာဈေးကြီးတယ်ထင်ရပေမယ့် တစ်ယောက်ထဲသီးသန့်အာကာသထဲခရီးထွက်မယ်ဆိုဒေါ်လာ25သန်းလောက် ကုန်ကျနိုင်တာမမေ့ပါနဲ့ ၊ဟိုတည်ဧည့်ခန်းမှာလဲ ရေချိုးခန်းပါရှိပြီး လူနှစ်ယောက်သက်တောင့်သက်သာနေနိုင်တဲ့မီတာ30ပတ်လည်အခန်းတခုလဲပါတဲ့အပြင် အကောင်းဆုံးကတော့ကမ္ဘာကိုတောင်ကြည့်နိုင်ပါတယ်၊အပန်းဖြေစခန်းဟာ ဧည့်သည်အယောက်440လောက်ဆန့်ပြီးလိုအပ်ချက်တွေများတာကြောင့် တဂယ်လို့သင်ဟာ လည်ပတ်အပန်းဖြေချင်တယ်ဆိုရင် အစီအစဉ်ကောင်းကာင်းဆွဲပြီးပြင်ဆင်ဖို့လိုပါတယ်၊

Gymနဲ့လေ့ကျင့်ခန်းလုပ်နိုင်တဲ့အပိုင်းကိုကြည့်ရအောင်
အခန်းဟာ23မီတာမြင့်တာကြောင့်အမြင့်ခုန်ရတဲ့အားကစားတွေဖြစ်တဲ့ဘတ်စကက်ဘောလိုအားကစားမျိုးအတွက်သင့်လျော်ပါတယ်၊ နောက်ပြီးGymဟာ ကမ္ဘာရဲ့အပြင်ဖြစ်တာကြောင့် သင်ဟာ ပြေးစက်ပေါ်ပြေးရင်း ကမ္ဘာရဲ့ရှုခင်းကိုလဲငေးမောနိုင်ပါတယ်၊Gymဟာ ညဆိုရင် အံဩစရာကောင်းအောင်ဂီတပွဲတခုအသွင်ပြောင်းသွားပြီးသာမန်ပွဲတွေထပ်ခန်းနားလွန်းပါတယ်၊
ဂီတပွဲမှာ အစီစဉ်ကောင်းတွေပါပြီး အနာဂတ်မှာဆိုရင် ကမ္ဘာရဲ့စတားတွေကိုတောင် မြင်ရနိုင်ပါတယ်

ဒါဆို အစားအသောက်ပိုင်းကိုတချက်လေ့လာရအောင်၊
သင်ဟာအစားအသောက်ကို အခန်းကိုမှာယူနိုင်ရုံသာမကပဲ ဆိုင်မှာလဲကိုယ်တိုင်ကိုယ်ကျစားနိုင်ပြီး ပါဝင်ပစ္စည်းတွေဟာ လတ်ဆတ်လွန်း‌တာကြောင့် တကိုက်ကိုက်လိုက်တိုင်း သစ်လွင်လန်းဆန်းတဲ့ခံစားမှုမျိုးကိုရနိုင်ပါတယ်၊ မီနူးဟာဈေးကြီးတာ‌‌ေကြာင့် တဂယ်လို့သင်ဟာ ဒေါ်လာ၁၀၀၀လောက်မသုံးချင်ရင် တော့ အာကာသခရီးအတွက်စီမံထားတဲ့မုန့်ပဲသရေစာတွေစားသုံးနိုင်ပါသေးတယ်၊အဲ့ဒီမှာဆိုရေခဲမုန့်တခွက်ကို၅ဒေါ်လာသာရှိပြီးအရသာလဲရှိပါတယ်၊
ဒါအပြင် sky barတခုလဲပါရှိပြီး ကမ္ဘာကလိုမျိုးနတ်သမီးလေးတွေလဲရှိပါသေးတယ် ၊barကို သုံးကန့်ခွဲထားပီးအကုန်လုံးဟာ သက်တောင့်သက်သာရှိတဲ့အပြင် ခေတ်မီအပြင်အဆင်တွေနဲ့ပြင်ဆင်ထားပါတယ်၊သေချာပေါက်စိတ်ဝင်စားစရာတခုကတော့ ရူပဗေဒသဘောတရားကိုဖီဆန်ထားတဲ့ရေပန်းရှိပြီး တဂယ်ကိုစိတ်ကူးယဉ်ဆန်စရာကောင်းပါတယ်၊ရေတွေဟာမျက်နှာကျက်ကနေကျနေပေမယ့် ကြမ်းပြင်ပေါ်မထိအောင် မြေဆွဲအားကပင့်တင်ထားပါတယ်၊လှေကားတတ်သလိုမခံစားရဘူးဆိုရင် ခုန်လိုက်ပြီး ဖြေးဖြေးချင်းခြေချလို့ရပါတယ်၊တဂယ်လို့သင်ဟာကော့တေးအများကြီးသောက်ထားရင်တော့ ဒါမျိုးမလုပ်ဖို့အကြုံပြုချင်ပါတယ်၊
writer:The Geek Text

TheGeekText.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
The Geek Text website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team