လက်နက်အားကိုးနဲ့ အာဏာသိမ်းတာမှန်သမျှဆန့်ကျင်တယ်လို့ တရုတ်တွေပြောပြီ

News

လက်နက်အားကိုးနဲ့ အာဏာသိမ်းတာမှန်သမျှဆန့်ကျင်တယ်လို့ တရုတ်တွေပြောပြီ

လက်နက်အားကိုးပြီး အာဏာရယူဖို့ကျိုးစားမှုမှန်သမျှ ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ် Wang Wenbin က ပြောပါတယ်။

အာဖရိကတိုက်က ဂီနီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အပေါ် တရုတ်အစိုးရရဲ့အမြင်ကိုမေးချိန်မှာ အာ ဏာသိမ်းမှုမှန်သမျှဆန့်ကျင်တယ်လို့ ပြောခွင့်ရပုဂိုလ် Wang Wenbin ကပြောခဲ့တာပါ။ဂီနီအာဏာသိမ်းစစ်တပ်အနေနဲ့ သမ္မတ Alpha Condé ကို ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက တောင်းဆိုပါတယ်။

ဂီနီနိုင်ငံဟာ အာဖရိကမှာ သံမဏီနဲ့ အလျူမီနီယမ်သတ္တူရိုင်းအထွက်ဆုံးနိုင်ငံဖြစ်သလို တရုတ်က ဒေါ်လာ ဘီလျံပေါင်းများစွာရင်းနှီးလုပ်ကိုင်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အခုအဖမ်းခံရတဲ့ ဂီနီသမ္မတ Alpha Conde ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုကျူးလွန်ခဲ့တယ်ဆိုပြီး အတိုက်အခံတွေက ရွေး ကောက်ပွဲရလာဒ်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ချိန်မှာ တရုတ်အစိုးရက သမ္မတ Alpha Conde ဘက်က ရပ်တည်ပေးခဲ့တာပါ။

တရုတ်ကျောထောက်နောက်ခံနဲ့ သမ္မတ သက်တမ်း (၃) ကြိမ်တာဝန်ထမ်းခွင့်ရနေတဲ့ သမ္မတ Alpha Conde က သံနဲ့ အလျူမီနီယမ်သတ္တူရိုင်းတူးဖေါ်ရေးလုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေကိုပဲ ရင်းနှီးလုပ်ကိုင်ခွင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။

သူ့လက်ထက်မှာ ဂီနီနိုင်ငံဟာ တရုတ်အတွက် သံ သံမဏိနဲ့ အလျုမီနီယမ်သတ္တုရိုင်းလိုအပ်ချက်တွေကို အဓိက ဖြည့်ဆီးပေးနေတဲ့အာဖရိကနိုင်ငံဖြစ်လာခဲ့တာပါ။

အဲဒီအတွက် ဂီနီအာဏာသိမ်းမှုကို တရုတ်က အပြင်းအ ထန်ကန့်ကွက်နေပြီး သူ့ရင်းနှီးမြုပ်နှံမှုတွေကို ထိခိုက်မှာ စိုးရိမ်နေတယ်ဆိုပါတယ်။ အာဏာသိမ်းသတင်း ထွက်လာချိန်မှာ ဂီနီတပ်မတော်က အာဏာသိမ်းတပ် ရင်းကို ပြန်လည်တိုက်ခိုက်နှိမ်နှင်းနိုင်ခဲ့ပြီလို့ တရုတ်အစိုးရအာဘော်သတင်းတွေက ရေးသားဖေါ်ပြခဲ့ကြပါသေးတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် အထူးတပ်ဖွဲ့မှူး ဗိုလ် မှူးကြီး Mamadi Doumbouya ဟာ သမ္မတရဲ့ ထီး တော်မိုးဖြစ်သလို ပြင်သစ်နဲ့အမေရိကန်တပ်တွေဆီက အထူးတပ်ဖွဲ့သင်တန်းတက်ရောက်အောင်မြင်ခဲ့သူလို့ ဂီနီအခြေစိုက်သတင်းတွေကဖေါ်ပြပြထားပါတယ်။

BNN
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

လက္နက္အားကိုးနဲ႔ အာဏာသိမ္းတာမွန္သမၽွဆန႔္က်င္တယ္လို႔ တ႐ုတ္ေတြေျပာၿပီ

လက္နက္အားကိုးၿပီး အာဏာရယူဖို႔က်ိဳးစားမႈမွန္သမၽွ ဆန႔္က်င္တယ္လို႔ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂိုလ္ Wang Wenbin က ေျပာပါတယ္။

အာဖရိကတိုက္က ဂီနီနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့အေပၚ တ႐ုတ္အစိုးရရဲ့အျမင္ကိုေမးခ်ိန္မွာ အာ ဏာသိမ္းမႈမွန္သမၽွဆန႔္က်င္တယ္လို႔ ေျပာခြင့္ရပုဂိုလ္ Wang Wenbin ကေျပာခဲ့တာပါ။ဂီနီအာဏာသိမ္းစစ္တပ္အေနနဲ႔ သမၼတ Alpha Condé ကို ခ်က္ျခင္းျပန္လႊတ္ေပးဖို႔လည္း တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရက ေတာင္းဆိုပါတယ္။

ဂီနီနိုင္ငံဟာ အာဖရိကမွာ သံမဏီနဲ႔ အလ်ဴမီနီယမ္သတၱဴရိုင္းအထြက္ဆုံးနိုင္ငံျဖစ္သလို တ႐ုတ္က ေဒၚလာ ဘီလ်ံေပါင္းမ်ားစြာရင္းႏွီးလုပ္ကိုင္ေနတဲ့နိုင္ငံလည္းျဖစ္ပါတယ္။ အခုအဖမ္းခံရတဲ့ ဂီနီသမၼတ Alpha Conde ဟာ ၂၀၂၀ သမၼတေရြးေကာက္ပြဲမွာ မဲမသမာမႈက်ဴးလြန္ခဲ့တယ္ဆိုၿပီး အတိုက္အခံေတြက ေရြး ေကာက္ပြဲရလာဒ္ကို ဆန႔္က်င္သပိတ္ေမွာက္ခဲ့ခ်ိန္မွာ တ႐ုတ္အစိုးရက သမၼတ Alpha Conde ဘက္က ရပ္တည္ေပးခဲ့တာပါ။

တ႐ုတ္ေက်ာေထာက္ေနာက္ခံနဲ႔ သမၼတ သက္တမ္း (၃) ႀကိမ္တာဝန္ထမ္းခြင့္ရေနတဲ့ သမၼတ Alpha Conde က သံနဲ႔ အလ်ဴမီနီယမ္သတၱဴရိုင္းတူးေဖၚေရးလုပ္ငန္းေတြကို တ႐ုတ္ကုမၸဏီေတြကိုပဲ ရင္းႏွီးလုပ္ကိုင္ခြင့္ေပးခဲ့သူလည္းျဖစ္ပါတယ္။

သူ႔လက္ထက္မွာ ဂီနီနိုင္ငံဟာ တ႐ုတ္အတြက္ သံ သံမဏိနဲ႔ အလ်ဳမီနီယမ္သတၱဳရိုင္းလိုအပ္ခ်က္ေတြကို အဓိက ျဖည့္ဆီးေပးေနတဲ့အာဖရိကနိုင္ငံျဖစ္လာခဲ့တာပါ။

အဲဒီအတြက္ ဂီနီအာဏာသိမ္းမႈကို တ႐ုတ္က အျပင္းအ ထန္ကန႔္ကြက္ေနၿပီး သူ႔ရင္းႏွီးျမဳပ္ႏွံမႈေတြကို ထိခိုက္မွာ စိုးရိမ္ေနတယ္ဆိုပါတယ္။ အာဏာသိမ္းသတင္း ထြက္လာခ်ိန္မွာ ဂီနီတပ္မေတာ္က အာဏာသိမ္းတပ္ ရင္းကို ျပန္လည္တိုက္ခိုက္ႏွိမ္ႏွင္းနိုင္ခဲ့ၿပီလို႔ တ႐ုတ္အစိုးရအာေဘာ္သတင္းေတြက ေရးသားေဖၚျပခဲ့ၾကပါေသးတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ အထူးတပ္ဖြဲ႕မႉး ဗိုလ္ မႉးႀကီး Mamadi Doumbouya ဟာ သမၼတရဲ့ ထီး ေတာ္မိုးျဖစ္သလို ျပင္သစ္နဲ႔အေမရိကန္တပ္ေတြဆီက အထူးတပ္ဖြဲ႕သင္တန္းတက္ေရာက္ေအာင္ျမင္ခဲ့သူလို႔ ဂီနီအေျခစိုက္သတင္းေတြကေဖၚျပျပထားပါတယ္။

BNN
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။